မျက်စိရှေ့၌အိမ်သည်တစ်ခါမှရောက်ခြင်းမရှိခဲ့။မောင်ခေါ်လို့သာလိုက်ပါလာခြင်း။ သူက schedule မရှိပေမဲ့မောင်သည် ရိုက်ကူးရေးရှိရက်နှင့် ဖျက်လို့ခေါ်ဆောင်ခြင်းကြောင့် အရေးကြီးမည်တော့သူသိပါသည်။ ကားတံခါးအဆင်သင့်ဖွင့်ပေးသည်ကြောင့် မောင့်လက်ကိုတွဲလို့ဆင်းခဲ့သည်။"ခဏ..ခဏလေးမောင် ဒါဘယ်သူ့အိမ်လည်း..."
"မောင့်မိဘတွေက ကောနဲ့ထပ်တွေ့ချင်တယ်ဆိုလို့.."
စိုးထိတ်မိသည်က မှန်ရာ၏။ မောင့်မိဘများသည်သူနှင့်သဘောမတူလို့် အမွေတောင်ဖြတ်ခဲ့ပါရော့လား။ခုရော မည်သည့်အကြောင်းနှင့်ခေါ်သည်လည်း...။
"မောင့်လက်ကိုကိုင်ပြီး ဝင်ရအောင်.ကြောက်စရာမရှိဘူး"
ယုံကြည်ရာဖြစ်သည့်လက်ကိုတွဲလို့အရဲစွန့်ခဲ့မိသည်။အိမ်ထဲသို့ခြေချလျှင် ပထမတစ်ခါလိုမောင်အထိုးမခံရလေအောင် သူသည်ရှေ့သို့မသိမသာ။သို့ပေမဲ့ အတွေးနှင့်ထပ်တူမကျခဲ့ပါ။ အရင်နဲ့မတူသောမျက်နှာထားမျိုးနှင့်မောင့်မိဘတွေသည် ပြုံးလျှက် ကြိုဆိုကြသည်။
"သားမက်လေးရောက်လာပြီပဲ..လာပါဦး.."
"မောင်.."
လုံးဝမတူသည်မို့ စိတ်ထဲတွင်တမျိုး။အခေါ်ဝေါ်တွေပြောင်းလဲမှုကြောင့် မောင့်လက်မောင်းကိုသာကိုင်ထားမိတော့သည်။.ဘယ်လိုတွေဖြစ်ကုန်ရတာလည်း.....။ငုံ့ကြည့်လာသည့်မောင့်မျက်ဝန်းသည် ဘာမှမဖြစ်ပါဘူးဆိုသည့်ပုံစံ..။
"သွားလိုက်ကော.အမေကခေါ်နေတာလေ.."
"ထူး..ထူးဆန်းတယ်မလား.မသွားချင်ဘူး...."
"အန်ကယ်တို့ မမှန်ခဲ့တာသိပါတယ်..တစ်ယောက်တည်းရှိတဲ့သားရဲ့ဆုံးဖြတ်ချက်ကိုအန်ကယ်ရော အန်တီရောက မတားမြစ်တော့ပါဘူး..သားရဲ့အန်တီခေါ်နေတယ် အင်း....ယောက္ခမပေါ့..."
YOU ARE READING
ရည်ရွယ်ရာ..ဆုံမှတ် (ရည်ရွယ်ရာဆံုမှတ်) (complete)
Fanfictionမိန်းကလေးချစ်သူတောင်မထားခဲ့တဲ့ငါက မင်းဆိုတဲ့ယောကျာ်းကိုသဘောကျတယ် ••ရှောင်းကျန့်•• အလိမ်ညာတွေနဲ့စတင်ခဲ့ပေမဲ့ မြတ်နိုးမိသည်ကအမှန်ပါ ••ဝမ်ရိပေါ်•• မိန်းကလေးချစ်သူတောင်မထားခဲ့တဲ့ငါက မင်းဆိုတဲ့ယောကျာ်းကိုသဘောကျတယ် ••ရှောင်းကျ...