စိတ်ဓာတ်ကျစရာအဖြစ်ပျက်လောက်ရရှိမည်ထင်ခဲ့သည်။comeback မှာမနှစ်သက်တဲ့လူတွေပေါ်ပေါက်လာပြီးပြဿနာတွေတတ်မည်ထင်ခဲ့တာ။ သို့ပေမဲ့အစစအရာအရာကအစီတကျပျော်ဖို့ကောင်းခဲ့၏။ fanတွေအများကြီးထဲကမှ yizhanဆိုတဲ့ စာကြောင်းလေးကသူ့မျက်စိထဲမှာထင်းကနဲ။စစ်မှန်ခဲ့တဲ့fanများကမလျော့ပါးသွားသည့်အပြင်သဘောတူကြောင်းစာလွှာလေးကလူမြင်ကွင်းမှာတွေ့ရသည်မို့ ပင့်သက်တချက်ရှိုက်ရင်း ပျော်ခဲ့ရသည်။comebackအပြီးသူတို့တွေပြန်လာကြသည်က ကားမြေအောက်ခန်းဘက်ကနေ။ပါပါရာဇီတွေက အန္တာရာယ်ကြီးလွန်းသည်။ကားမြေအောက်ခန်းထိတောင်ပုန်းလျှိုးကွယ်လျှိုးရောက်လာတတ်တာမို့ အထူးသတိထားရ၏။"အရမ်းကြီးအခြေနေမဆိုးခဲ့လို့တော်ပါသေးတယ်ရှောင်းလေး"
ဘေးနားကအမြဲတမ်းရှိပေးသည့် ရှင်းချန်ကောကပွဲပြီးမှသာသက်ပျင်းချသည်။ ဒီကြားထဲပြဿနာတွေတတ်နေမှာကောလည်းစိုးရိမ်ရော့ပေါ့လေ။
"ကျေးဇူးတင်ပါတယ် ကောကျွန်တော့်အတွက်အမြဲတမ်းရှိခဲ့လို့.."
"ညီလေးတစ်ယောက်လိုပဲလေ ကားပေါ်တတ်မြန်မြန်..တချို့များကအနံ့ခံတအားကောင်းတာ.."
ခြေလှမ်းဆယ်လှမ်းစာလောက်ကျန်သေးတဲ့ကားအကွာအဝေးနားကိုသူတို့သွက်သွက်လေးလျှောက်ရသည်။ပြဿနာဆိုတာမဖိတ်ခေါ်ပဲရောက်လာတတ်ပါသည်။ သူ့အတွက်ထိုကဲ့သို့ပေ။ကားပေါ်ခြေလှမ်းမည်အပြု ကျောပြင်ပေါ်သို့ရောက်လာတဲ့ကြက်ဥအနှစ်များ..။
"ရှောင်းလေး.!"
အံ့သြတကြီးနဲ့ရှင်းချန်ကောကလည်း လာတဲ့လားရာကိုလိုက်ကြည့်ပြီးသူ့ကိုကာကွယ်၏.။.မျက်စိရှေ့မှfan girl လေးများသည် သူ့အားအမုန့်ပွားတဲ့မျက်ဝန်းတွေနဲ့အတူ လက်တွေကလည်းအရွက်တွေ ကြက်ဥတွေနဲ့ပစ်ပေါက်၏။
"ဒီလိုမျိုး မင်းတို့မှာလုပ်ခွင့်မရှိဘူးနော် လုံခြုံရေးမခေါ်ခင်ပြန်သွားကြပါ!"
YOU ARE READING
ရည်ရွယ်ရာ..ဆုံမှတ် (ရည်ရွယ်ရာဆံုမှတ်) (complete)
Fanfictionမိန်းကလေးချစ်သူတောင်မထားခဲ့တဲ့ငါက မင်းဆိုတဲ့ယောကျာ်းကိုသဘောကျတယ် ••ရှောင်းကျန့်•• အလိမ်ညာတွေနဲ့စတင်ခဲ့ပေမဲ့ မြတ်နိုးမိသည်ကအမှန်ပါ ••ဝမ်ရိပေါ်•• မိန်းကလေးချစ်သူတောင်မထားခဲ့တဲ့ငါက မင်းဆိုတဲ့ယောကျာ်းကိုသဘောကျတယ် ••ရှောင်းကျ...