Episode - 4

667 31 0
                                    

Ep - 4

Yoona ကိုရီးယားနိုင်ငံ Seoul မြို့ရှိ GK Group Company ရှိရာသို့ ထွက်လာခဲ့သည် ။ GK Company ရဲ့မျက်နှာချင်းဆိုင်တိုက်အမြင့်ပေါ်သို့တက်ခဲ့သည် ။

တိုက်ခေါင်မိုးပေါ်သို့ရောက်သော် ညအဝေးကြည့်မှန်ပြောင်းကိုထုတ်၍ မြင်ကွင်းတစ်ခုကိုရှင်းလင်းစွာမြင်ရသည့် နေရာကိုရွေးကြည့်လိုက်လေသည် ။ Kim Byun Hyuk ရဲ့အခန်းကို တိုက်ရိုက်ရှင်းလင်းစွာမြင်ရသောနေရာ၌ yoona ထိုင်ချလိုက်ပြီး Box ထဲမှ အသံတိတ်စနိုက်ဘာသေနတ်ကိုထုတ်၍ ပစ်ကွင်းကိုချိန်လိုက်သည် ။

သေနတ်မှန်ဘီလူးဖြင့် အခန်းထဲ၌မိန့်မိန့်ကြီးထိုင်နေသော Kim Byun Hyuk ကို Yoona တွေ့လိုက်ရသောအခါ သေနတ်မောင်းတံကိုဆွဲတင်လိုက်လေသည် ။

Yoona - Byun Hyuk ရှင်သေဖို့ အချိန်ကျပြီ … ငရဲကိုသွားပေတော့ … :/

yoona နှုတ်ခမ်းကိုတင်းကျပ်စွာကိုက်၍ ရေရွတ်ပြီးသောအခါ  သေနတ်ခလုတ်ကိုညှစ်ချလိုက်တော့သည် ။

………………………………………

Kim Byun Hyuk သူ့အခန်းထဲ၌ လက်ထောက်အတွင်းရေးမှူးဖြစ်သော Shin Ji Sub နှင့်အတူ ခုံတွင်မျက်နှာချင်းဆိုင်ထိုင်ရင်းဆွေးနွေးနေကြသည် ။ သူ့အခန်းအပြင်တွင်လဲ စောင့်ရှောက်ပေးနေသော ကိုယ်ရံတော် အယောက် ၂၀ လောက်ကအသင့်ရှိနေသည် ။

Byun Hyuk - ငှက်ကလေးတစ်ကောင်ကိုတော့ ရှင်းပစ်လိုက်ပြီးပြီဆိုတော့ အခြေအနေက ငါတို့ဘက်ကိုပါလာပြီ …… ရှေ့ဆက်ရမယ့်အလုပ်တွေကို သူ့နေရာအခြားသူလူစားမထိုးခင် သွက်သွက်လက်လက်လှုပ်ရှားရမယ် ……

Ji Sub - ဟုတ်ကဲ့ဆရာ ……

Ji Sub သူ့ဆရာရဲ့အမိန့်ကို နာခံပြီးအမှတ်မထင်ဘေးကို လှည့်ကြည့်လိုက်မိသည် ။ ထိုစဉ် တစ်ဘက်တိုက်ပေါ်မှ အစက်ကလေးတစ်စက်လက်ခနဲဖြစ်သွားတာကိုတွေ့လိုက်ရသဖြင့်

ji sub - Sir !  *shout* 

အကင်းပါးလှသော ji sub မှာ ရှေ့တွင်ထိုင်နေသောသူ့ဆရာပေါ်သို့ လျပ်တပြက်မှောက်၍ အနောက်သို့လှဲချလိုက်လေသည် ။

" ဝုန်း …… အ ……… ခွမ်းးးးး ……… "

byun hyuk ရဲ့ခုံအနောက်သို့လန်လဲသွားချိန်မှာပဲ တပြိုင်နက်စောစောက Byun ရဲ့ဘေးနားရှိ စားပွဲခုံပေါ်၌တင်ထားသော ပန်းအိုးကြီး ခွမ်း ခနဲထကွဲသွားလေသည် ။

Angels RevangeTempat cerita menjadi hidup. Temukan sekarang