Episode - 10
Sica စောစောကသူတို့ထွက်ပြေးခဲ့သည့်အိမ်သို့ သစ်ပင်များအကွယ်မှအရင်ချောင်း၍ အခြေအနေအကဲခတ်လိုက်သည် ။ သူကြည့်နေစဉ် အိမ်ထဲမှာရှိတဲ့လူဆိုးတွေအပြင်သို့ပြေးထွက်လာသည် ။ ထို့ကြောင့်သူအောက်သို့ငုံ့ချလိုက်ပြီးဆက်ချောင်းကြည့်နေလိုက်သည် ။ ခဏကြာတဲ့အထိအထဲမှ ထူးခြားမှုမတွေ့ရချေ ။ ဒါကြောင့် Sica အိမ်နားသို့အရဲစွန့်သွားလိုက်သည် ။ ခိုးကြောင်ခိုးဝှက်ဟိုကြည့်ဒီကြည့်လုပ်ရင်း ညာဘက်အိမ်နံရံနားသို့ပြေးကပ်လိုက်သည် ။ ထို့နောက်ပြူတင်းပေါက်မှတဆင့် အထဲသို့ Sica မသိမသာချောင်းကြည့်လိုက်ရာ
Sica - Oh My God !! Yuri !!! O.O
အထဲ၌ ကြိုးဖြင့်တွဲလောင်းဆွဲချည်ထားခံရသည့် Yuri ကိုတွေ့လိုက်ရသည် ။ Yuri ရဲ့အကျီအဖြူ၌ သွေးများစွန်းထင်းနေပြီး မျက်နှာမှာလဲ အရိုက်ခံထားသောကြောင့် ဖူးယောင်နေသဖြင့် Sica တအားဝမ်းနည်းသွားသည် ။
Sica - Yuri ရယ် …… ငါကြောင့် … ငါတို့သာထွက်မပြေးခဲ့ရင် သူအဲ့လိုဖြစ်မှာမဟုတ်ဘူး …… :'(
Sica တိုးတိုးလေးဝမ်းနည်းစွာရေရွတ်လိုက်ပြီး
Sica - မဖြစ်ဘူး ငါတစ်ခုခုကြံမှ ဒီအတိုင်းဆို သူသေသွားနိုင်တယ် … မဖြစ်ဘူး … :/
အိမ်ထဲသို့ မိနစ်အနည်းငယ်ခန့်သူစောင့်ကြည့်နေသော်လဲ အိမ်ထဲတွင် Yuri မှလွဲ၍ ကျန်တဲ့လူအရိပ်ကိုမတွေ့ရချေ ။ ထို့ကြောင့်သူအိမ်ကိုအနောက်ဘက်မှပတ်သွားပြီး အနောက်တံခါးမှဝင်ခဲ့သည် ။ အဝင်ဝ၌အောက်ကျနေသည့် ဒုတ်တစ်ချောင်းကိုကောက်ကိုင်လိုက်ပြီး အထဲသို့အမြန်ဝင်ခဲ့ကာ Yuri ရှိသည့်နေရာသို့ တိုးတိုးလေးလျှောက်သွားသည် ။
Yuri ရဲ့အနားရောက်တော့
Sica - Yuri ahhh …… Kwon Yuri !!
Sica ရဲ့အသံကြားလိုက်သဖြင့် Yul မျက်လုံးကိုအသာဖွင့်ကြည့်လိုက်လေသည် ။
Yuri - Soo yeon !! *whisper* ~_~
Yuri သတိရှိနေသေးတာကြောင့် Sica နည်းနည်းစိတ်အေးသွားသည် ။ ပြီးတော့သူချက်ချင်းပဲ တိုင်တွင်ချိတ်ဆွဲထားသည့် Yuri ရဲ့လက်မှကြိုးတို့အား ဖြေလျော့ပေးလိုက်သည် ။

ŞİMDİ OKUDUĞUN
Angels Revange
Hayran KurguMyanmar Soshi Fan Fiction Written By Genie [ main character - YooNa, Yuri, Tae Yeon, Hyo Yeon, Jessica & Soo Young, Sunny, Tiffany, Seo Hyun, Suho, Lee Soo Hyun ]