Episode 1

2.4K 74 1
                                    

#Angels_Revenge #Ep_

[ 2000, December 5 ]

ကမ်းခြေရှိ အပန်းဖြေအိမ်ကြီးတစ်လုံးထဲ၌

"Happy Birthday To U

happy ............ U

ချစ်လှစွာသော ငါတို့ရဲ့သမီးလေ Yuri

Saengi choukahanida ......... "

" ဝေးးးဟေးး ............ "

အမေ အဖေနဲ့ ညီမလေး Yoona တို့ဆိုပေးသော မွေးနေ့သီချင်းအဆုံး၌ yuri ကိတ်မုန့်ပေါ်မှာထွန်းထားသော ဖယောင်းတိုင်လေးများအား အားပါးတရမှုတ်လိုက်လေသည် ။

"ဖူးးး ...... ဟေးးးး ...... *clap* "

ဒီနေ့ကတော့ Kwon Yuri ရဲ့ ၁၁ နှစ်ပြည့်မွေးနေ့ပင်ဖြစ်သည် ။ Yuri ရဲ့အဖေသည် တောင်ကိုရီးယားနိုင်ငံ၏ အားကိုးအားထားရသော အဏုမြူသုတေသီ ပညာရှင်တစ်ယောက်ဖြစ်ပြီး အမေကတော့ တက္ကသိုလ်မှ professor တစ်ဦးဖြစ်သည် ။ သူ့တွင် Yoona ဟုခေါ်သော သူ့ထက် ၂နှစ်ငယ်သည့် အလွန်ချစ်စရာကောင်းသော ညီမလေးတစ်ယောက်လည်းရှိသည် ။

သူတို့ညီအစ်မ ၂ယောက်သည် အဖေ အမေထံမှ ထက်မြက်သော ဥာဏ်ရည်ဥာဏ်သွေးတို့ကိုရရှိထားသူများဖြစ်သည် ။ သူတို့ ၂ယောက်သည် မွေးလာသည့်အချိန်မှစ၍ ယခုအချိန်ထိ လိုလေသေးမရှိခဲ့ပေ ။ အမေ အဖေရဲ့ ချစ်ခင်မှုအောက်တွင် လိုတာကိုတလိုက်တာနှင့် ရခဲ့ကြသူများဖြစ်သည် ။

သူတို့မိသားစုလေးမှာ ယနေ့ yuri ရဲ့မွေးနေ့ကျင်းပနေစဉ်အချိန်လေးအထိတော့ ကမ္ဘာ္ဘပေါ်၌ ပျော်ရွှင်ချမ်းမြေ့စရာအကောင်းဆုံး မိသားစုလေးတစ်ခုဖြစ်သည်ဟု ခေါ်ဆိုနိုင်ပေသည် ။

သို့သော် အချိန်ပိုင်းကလေးအတွင်းမှာပင် သူတို့မိသားစုကို ဖြိုခွင့်မဲ့ ဂြိုလ်ဆိုးဝင်ရောက်လာတော့သည် ။

ထိုအပန်းဖြေအိမ်ခြံဝန်းကြီးထဲသို့ မျက်နှာဖုံးဆွတ်ထားသည့် လက်နက်ကိုင်လူဆိုး ၇ယောက် တိတ်တခိုးဝင်ရောက်လာခဲ့သည် ။ အိမ်ထဲတွင်မွေးနေ့ပါတီကျင်းပနေကြသော မိသားစုဝင် ၄ယောက်ကတော့ လုံးဝသတိမထားမိကြချေ ။

yul's mom - ကဲ သမီးလေး ကိတ်မုန့်လှီးကြမယ် ... :)

yul - nae ^_^

Angels RevangeМесто, где живут истории. Откройте их для себя