Ep14
Zawgyi
(BounPrem &OhmFluke)
ဆေးရုံထဲကဆေးစစ်ချက်အဖြေစာရွက်ကိုင်ပြီး
ထွက်လာတဲ့Yu လမ်းလျှောက်ရတာအဆင်မပြေဘူး ခေါင်းတေမူးနေတယ် ဘာဆိုဘာမှမကြားချင်လောက်အောင်ကိုပဲ
တစ်နေရာအရောက်"ဘုတ်..အ့"
"ဟို... Sorry Sorryပါ တကယ်မမြင်လို့ပါ"
တောင်းပန်ပြီးတော့မြေပြင်ပေါ်ကဆေးစစ်ချက်အဖြေသာကုန်းကောက်နေသည်
"ဟို..ရပါတယ်ညီမလဲမှားတာပဲ အမဘာဖြစ်သွားသေးလဲ အမကြည့်ရတာနေမကောင်းဘူးထင်တယ် အမအဆင်ပြေရဲ့လား ညီမဘာကူည်ီပေးရမလဲ"
Yuတစ်ယောက်အသံဆာဆာလေးနဲ့ပြောနေတဲ့ကောင်မလေးအားမော့ကြည့်လိုက်သည် ချစ်စရာလေး
ကျောလယ်လောက်ရှိတဲ့ဆံပင်လေးကိုမှနှစ်ဖက်ခွဲစည်းထားတာ ဒူးလောက်ရှိတဲ့ဂါဝန်အဖြူရောင်လေးကိုမှ ရှူးဖိနပ်အဖြူရောင်လေးနဲ့တွဲဝတ်ထားတာက တကယ်ကိုနတ်သမီးလေးအလား"ရပါတယ်..အမအဆင်ပြေပါတယ်
ညီမလေးသွားစရာရှိတာသွားပါ"Yuလဲကောင်မလေးအားပြောပြီးထရပ်လိုက်သည်
ရုတ်တရက်ခေါင်းတေမူးလာပြီး လဲကျတော့သည်
သူမလဲကျပြီပဲထင်ခဲ့တာ ပြန်ထဖို့လဲအားမရှိလောက်အောင် သူမပင်ပန်းနေပြီ
သို့ပေမယ့် သူမလဲမကျခဲ့ဘူး တစ်ခုခုကသူမကိုလှမ်းဆွဲလိုက်သလို"အမ အဆင်ပြေရဲ့လား အမကြည့်ရတာနေမကောင်းဘူးထင်တယ်နော် အမဘယ်ကိုပြန်မှာလဲ ညီမလိုက်ပို့ပေးပါ့မယ်"
"ဟိုအဲ့ဆို အမကိုအဆောင်ပြန်ပို့ပေးပါလား
အမတကယ်သွားလို့အဆင်မပြေတော့လို့ပါ""ဟုတ်ရပါတယ် အဲ့ဆိုအမညီမလက်ကိုကိုင်ထားနော်"
Yuလဲကောင်မလေးလက်သာကိုင်ပြီး
လိုက်လာတော့သည် စိတ်ထဲမှာတစ်မျိုးကြီးပဲ စိတ်လှုပ်ရှားနေသလိုလို တစ်ခုခုဖြစ်နေသလို နွေးထွေးသလိုခံစားရတယ် သူမကိုတစ်စုံတစ်ယောက်က ခုလိုမျိုးဂရုမစိုက်တော့တာကြာပြ်ီ အင်းBounနဲ့ပြတ်ပြီးထဲကဆိုပါတော့"အမ အိပ်လိုက်ပါလား ညီမအဆောင်ရောက်ရင်နှိုးမယ်နော်"
"အမကအိပ်တော့ အဆောင်ကိုဘယ်လိုသွားမလဲ"