Ep16
Zawgyi
(BounPrem &OhmFluke)
မနက်ခင်းတစ်ခု
စားသောက်ဆိုင်တစ်ဆိုင်၌ထိုင်နေသည့်
ကောင်မလေးတစ်ယောက် အထီးကျန်ခြင်းများစွာနဲ့"အမ မှာထားတဲ့ကော်ဖီရပါပြီ"
Waiterလေးလာချပေးတဲ့ကော်ဖီခွက်အားကြည့်၍
သူမတစ်ချက်ပြုံးလိုက်သည် တကယ်ကိုနာနာကျင်ကျင်နှင့်"တစ်လတဲ့လား..အချိန်တေကလဲခုမှကြာလိုက်တာ"
ခုဆိုသူမဘဝမှာဘာဆိုဘာမှမရှိတော့ဘူး
သူသိပ်ချစ်ရတဲ့သူကလဲ သူ့ကိုမုန်းသွားပြီ
အကြောင်းကတော့ သူ့ချစ်သူကိုထိလို့တဲ့-------
ထိုနေ့က တိတိကျကျပြောရရင်
BarမှာPremကိုလုပ်ကြခဲ့တဲ့နေ့ ဟုတ်တယ်သူမလုပ်ကြံခဲ့တယ် ဒါပေမယ့်တကယ့်လက်တွေ့မှာတော့ သူမဟာ
အရှုံးသမားဖြစ်ခဲ့တယ် မအောင်မြင်ခဲ့ဘူး
သူမဘာပဲလုပ်လုပ်မအောင်မြင်ခဲ့ဘူးအဲ့နေ့ကBounသူမဆီကိုရောက်လာခဲ့တယ်
အရမ်းကိုဒေါသထွက်နေတာ သူမကိုပြောသွားတယ်
နောက်ဘယ်တော့မှ သူ့မျက်စိရှေ့မှာပေါ်မလာပါနဲ့တော့တဲ့ သူ့ချစ်သူကိုထိရင် သတ်ပစ်ဖို့လဲဝန်မလေးဘူးတဲ့
သူ့ကိုသိပ်ချစ်ရတဲ့သူရှေ့မှာ
သူသိပ်ချစ်ရတဲ့သူအကြောင်းကို ပြောသွားတာများ
တကယ်ကိုမနာလိုစရာကောင်းလှသည်
ဒါဟာ Bounနဲ့နောက်ဆုံးတွေ့ဆုံခြင်းပေါ့
နောက်တစ်နေ့မနက်မှာတော့ သူမဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်
Bounမျက်စိရှေ့ကိုဘယ်တော့မှမသွားဖြစ်အောင်
နေတော့မည်လို့..-----
"အမ..Mayဒီမှာထိုင်လို့ရမလား"
သူမအတွေးတို့ကိုရပ်တည့်လိုက်ပြီး
သူမနဲ့တစ်ဝိုင်းတည်းလာထိုင်တဲ့ကောင်မလေးကို
ကြည့်လိုက်သည်"အမကိုသိလို့လား"
ကောင်မလေးကရယ်လျက်
"သိတာပေါ့ အမကသာMayကိုမမှတ်မိတာ"
"aww. .အမကအဲ့လိုပဲခုတလော နဲနဲမေ့တက်လို့"
ကောင်မလေးကရယ်လျက်ပင်
"ဟုတ်တာပေါ့ ဒီလောက်တော့ရှိမှာပဲ"
"ဘာကိုပြောတာလဲ ညီမ"