Ep17
Zawgyi
(BounPrem &OhmFluke)
ရက်သက်တစ်ပတ်သို့ရောက်သောအခါ...
အရာအားလုံးကတော့ပုံမှန်ပါပဲ
ပုံမှန်မဟုတ်တာတဲ့တချို့သောဆက်ဆံရေး
တေကတော့"Mayဘယ်လိုလဲ ဒီနေ့ရောကျောင်းမသွားပြန်ဘူးလား"
ကောင်မလေးနှစ်ယောက် အခန်းငယ်တစ်ခုအတွင်း
Yuဆိုတဲ့ကောင်မလေးရဲ့ ပခုံးပေါ်ကိုခေါင်းလေးစောင်း၍ ငြိမ်နေသည့်Mayဆိုသည့် ကောင်မလေးတစ်ယောက်
ဒီကောင်မလေးနှစ်ယောက်ကရော..
ဘယ်လိုတေပတ်သက်တာလဲ..."Yuu. မေ့နေပြန်ပြီMayပြောထားတယ်လေ
Mayတို့စာမေးပွဲ ဖြေပြီးလို့
ကျောင်းတေပိတ်ပေးထားတယ်လို့"ကောင်မလေးကစဉ်းစားလျက်
"aww. .ဟုတ်သားပဲ sorryအမမေ့ပြန်ပြီ"
"ရပါတယ်Yuuရဲ့Mayနားလည်ပါတယ်
ဒါပေမယ့်Mayပျော်တယ်သိလား Yuuကျန်တာတေမေ့ချင်မေ့ပေမယ့် Mayကိုတော့မမေ့တဲ့အတွက် အရမ်းကျေနပ်တယ်
အရမ်းလဲပျော်တယ်"ကောင်မလေးဟာစောင်းထားတဲ့ခေါင်းလေးကိုပြန်ထောင်လိုက်သောအခါ သူ့အားအပေါ်စီးမှ ပြုံးလျက်ကြည့်နေတဲ့ ကောင်မလေးနှင့်အကြည့်ချင်းစုံလျက်...
"မေ့စရာလား အမဘဝမှာလေ ကျန်တာတေသာမေ့ချင်မေ့မှာ Mayကိုတော့အမဘယ်တော့မှမမေ့ဘူး
အမဘဝရဲ့ ပထမဆုံးနဲ့နောက်ဆုံးပျော်ရွှင်မှုကိုပေးနိုင်တဲ့သူဟာ
Mayတစ်ယောက်ပဲရှိတယ်""Mayစဉ်းစားမိတယ်သိလား
လောကကြီးကမတရားဘူး မတရားမှတော်တော်ကိုမတရားတာ.."Mayဟာပြတင်းပေါက်အပြင်ဘက်သို့ဆွေးမြည့်စွာစိုက်ကြည့်လျက် နာနာကျင်ကျင်နှင့်
"Mayတို့သာ ဒိထက်စောစောတွေ့ခဲ့ရင်
ဒိထက်ပိုပျော်ရမှာ ခုတော့."ကောင်မလေးဟာတိုးတိတ်စွာဆိုလိုက်သည်
နှစ်ယောက်လုံးအတွေးကိုယ်စီနှင့် ကံကြမ္မာကိုအပြစ်တင်လျက်------------
"P'Boun အဲ့ဖုန်းကိုချပြီး ဒီကိုလာကူပေးဦး"
အခန်းတွင်း၌ ခရီးသွားရန်အတွက် ကုတင်ပေါ်၌
အဝတ်အစားများထည့်နေသော Premနှင့်
ဆိုဖာပေါ်တွင် ဖုန်းသုံးနေသောBoun