ကိုကိုရဲ့စေလိုရာ(၂)

310 13 0
                                    

ကိုကိုရဲ့ စေလိုရာ၂

....... မိုးပွင့် အိမ်ကိုပြန်ရောက်တော့ လမ်းမှာတွေ့
ခဲ့တဲ့ကလေးလေးနဲ့မိန်းမလေးကိုမျက်စိထဲပန်မြင်လာသည်။မဒီနဲ့တူလိုက်တာ
ဒါပေမဲ့မဖြစ်နိုင်ပါဘူး မဒီကမန်းလေးမှာပဲရှိနေမှာပြီးတော့မဒီဆိုရင် ဒီလိုနွမ်းပါးပါ့မလား မဒီ
တို့ကလဲမျိုးရိုးစဉ်ဆက်ချမ်းသာသူတွေကို
ဘီရိုထဲမှာ ယွန်းဘူးလေးနဲ့ထည့်ပြီးသေချာသိမ်းထားတဲ့လက်စွပ်ကလေးကိုထုပ်ကြည့်ရင်း
မဒီရယ်မတွေ့ရတာ ၁၀နှစ်တောင်ရှိပြီနော်
နင်ရောဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနေရဲ့လား မျက်ရည်တွေဝေ့ဝဲတက်လာသည်ဒီလက်
စွပ်ကလေး မဒီပေးတဲ့နေ့ကသူမနဲ့မဒီ ရှင်ကွဲကွဲခဲ့သလိုနောင်လေးနဲ့လဲသေကွဲ ကွဲခဲ့ရတဲ့နေပါ။
မိုးပွင့်ကို မိဘတွေကမိုးကုတ်ကိုပြန်ခေါ်သွားပြီး
တဲ့နောက်လုပ်ငန်ရှင်ပတ္တမြား ဦးမိုးမြင့်ရဲ့သား
မိုးမြင့်ဒီပါနဲ့လက်ထပ်ပေးဘို့စီစဉ်ကြသည်
နောင်လေးကမိုးကုတ်ထိလိုက်လာပြီး မိဘတွေဆီ
ဇွတ်ဝင်ရောက်တောင်းပန်သည်။ သို့သော်
နှင်ထုပ်လိုက်ကြသည်ထိုနောက် နောင်လေး
သေပြီဆိုတာပဲသိလိုက်ရသည်ဆိုင်ကယ်မှောက်တာတဲ့... ချစ်သူသေလို့ ရင်ကွဲပတ်လတ်ခံစား
နေရတဲ့သူမကို မင်္ဂလာကိစ္စဇွတ်စီစဉ်သည်။
ငြင်းဆန်ပါကအမေကအဆုံးစီရင်မည်ဟုချိန်း
ခြောက်တာကြောင့်သူမလက်ခံခဲ့ရသည်ယ
ချစ်ရသူ နောင်လေးရဲ့ရက်လယ်နေ့မှာပင်
မိုးကုတ်မှာသူမရဲ့ မင်္ဂလာဆောင်ကိုခမ်းနားစွာ
ကျင်းပခဲ့သည်။ နောင်လေးရဲ့အမျိုးတွေရောက်လာ
ပြီးအပြစ်တင်ကြသည်ကျိန်စာတိုက်ကြသည်
မဒီကိုအရမ်းတွေ့ချင်ပေမဲ့ မိုးပွင့် မန်းလေးကို
လုံးဝမပြန်ရဲပါအတိတ်ကတစ္ဆေခြောက်မှာစိုး၍
သူမရဲ့ဘဝက မိုးမြင့်ဒီပါနှင့်လက်ထပ်ခဲ့သည်
ထို့နောက်အမွှာသားနှစ်ယောက်မွေးခဲ့သည်
Perth-oneနဲ့Perth-two15မိနစ်ပဲခြားတဲ့
အမွှာတွေပေမဲ့မွေးနေ့ကမတူချေသားကြီးoneက
စနေ သားငယ်twoကတနင်္ဂနွေ
ဘာလို့နေ့တွေမတူကြလဲဆိုတော့ သားကြီးက
စနေနေ့ည၁၁:၅၅မိနစ်မှာမွေးပြီး သားငယ်က
တနင်္ဂနွေနေ့မနက်စောစော၀၀:၁၀မိနစ်မှာ
မွေးခဲ့ခြင်းကြောင့်ပါ😊
ရုပ်တူတဲ့အမွှာတွေဖြစ်ပြီး ညီအကိုနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပါသည်။
မိုးပွင့်လဲ ဦးမို့မြင့်ဒီပါကိုမချစ်ပေမယ့် သားနှစ်
ယောက်ကသူမအသဲအသက်ဖြစ်ခဲ့လေသည်။
၇နှစ်သားအရွှယ်တွေခြံထဲမှာကစားနေတုန်း
မေမေရေ သားကိုကယ်ပါအုံး
"မေမေ”
စူးစူးဝါးဝါးကလေးတွေအော်သံကြောင့်သူမခြံထဲ
ပြေးဆင်းလာသည် ရှင်တို့ဘယ်သူတွေလဲ သူများ
ခြံထဲဘာလာလုပ်တာလဲ "မေမေ”😥
မျက်နှာအဝတ်စည်းထားတဲ့လူနှစ်ယောက်က
ကလေးတွေကိုဖမ်းချုပ်ဖို့ကြိုးစားနေသည်
လွှတ်လွှတ်ငါ့ကလေးတွေကိုလွှတ် မမြတို့
ဦးသန့်တို့ လာကြပါအုံးဘယ်သူ့မအော်မနေနဲ့
နင့်လာပြီးဘယ်သူမှ မကူဘူး ငါတို့နင့်ခြံထဲ
ဘယ်လိုရောက်လာလဲ သိလား
မသိဘူးလွှတ် ငါ့သားတွေကို
သူမအတင်းပြန်လုရာ သားတစ်ယောက်သူမလက်
ထဲပြန်ပါလာသည် ကလေးကိုတင်းတင်းကြပ်ကြပ်ဖက်ထားရင်း လူယုတ်မာတွေငါ့ကလေးပြန်ပေး
နေ့လယ်ခင်းအနုကြမ်းစီးခံရခြင်းဖြစ်သည်။
အိမ်အကူနဲ့ခြံစောင့်ကရောသူတို့လူတွေလား
တွေးချိန်မရပါ တစ်ယောက်ဆိုလဲရတာပဲ
ဟေ့နင့်သားအသက်မသေစေချင်ရင်ငွေသိန်း၅၀၀
နဲ့လာရွေး ရဲတိုင်ရင်နင့်သားအလောင်းပဲပြန်ရမယ်
(ယုတ်မာလိုက်တာ😏)
ဟေ့ကောင်သွားမယ်
မခေါ်သွားနဲ့ငါ့သားကိုထားခဲ့😭😭
နင့်ယောက္ခမအရမ်းချမ်းသာတာပဲလေငွေသိန်း
၅၀၀ပေးရင်နင့်သားပြန်ရမှာပေါ့ ငါပြောတဲ့
နေရာသာမနက်ဖန်ခါတစ်နာရီရောက်အောင်လာခဲ့ ရဲတိုင်ရင်တော့သိတယ်နော်
မေမေ သားကိုကယ်ပါ😭😭
သား... သား😭😭
မျက်နှာအုပ်ထားတဲ့လူတွေက ကလေး
တစ်ယောက်ကိုပါလာတဲ့ကားနဲ့တင်ခေါ်သွားသည်
သူမဘာလုပ်ရမလဲ ယောက်ျားနဲ့ယောက္ခမက
ခရီးသွားနေသည်ဖုန်းတွေရှိလို့လှမ်းဆက်သွယ်ပေမဲ့ခရီးလွန်နေတယ်တဲ့ မနက်ဖန်ခါငွေမပေးရင်
သားကိုသတ်ပစ်မှာ😭😭သူမလဲ ကြံရာမရတဲ့
နောက်ဆုံးရဲကိုသာအားကိုးခဲ့သည်။
သူမပြောတဲ့နေရာကိုရဲတွေဝင်ရောက်ဖမ်းဆီး
တော့"တောက်”ကောင်မနင်ကရဲတိုင်တယ်ပေါ့
နင့်သားအလောင်းပဲရမယ်. (ရက်ဆက်လိုက်တာ ရုပ်ရှင်ထဲဆို မင်းရက်ဆက်တို့လိုရုပ်မျိုးနဲ့ပေါ့😁😡😡) မင်းအမေကမင်းကိုမချစ်ဖူး
မင်းသေရင်တောင်ဂရုမစိုက်ဖူး ငွေမပေးပဲရဲတိုင်တာကိုပဲကြည့် ကဲ သေပေတော့
ဒိုင်း........
(အမလေးရက်စက်ချက်👿👿သားသမီးချင်းမစာမနာ ရွံတာ😡😡)
၇နှစ်အရွယ်ကလေးကိုရက်ရက်စက်စက်
သေနတ်နဲ့ပစ်သတ်သည်။ကမ်းကုန်အောင်ယုတ်
မာကြတဲ့လူတွေ👿
သား. သားလေး သေပြီလား ကျွန်မသားကို
ကယ်ကြပါ ဆေးရုံရောက်တဲ့ထိကလေးအသက်
ရှင်နေသေးသည် ဆရာဝန်ကြီးတွေယောက်ယက်ခတ်အတော်ဆုံးခွဲစိတ်ဆရာဝန်တွေခေါ်
သေနတ်ကျဉ်ဆံကိုခဲရာခဲဆစ်ခွဲထုပ်ယူရသည်။
ခွဲစိတ်မူ့အောင်မြင်ပေမဲ့သားကတော့သတိလွတ်
မေ့မြောနေလျက် သားကနာရီပေါင်းများစွာအိပ်
သည် သူမကနာရီပေါင်းများစွာငိုကြွေးခဲ့ရသည်။
နောက်တော့ကံကောင်းထောက်မစွာသားလေးပြန်လည်နိုးထလာနိုင်ခဲ့ပြီ သား. သားလေး
Oneသတိယလာပြီလား😥
သားကိုဖက်ထားတဲ့သူမရဲ့လက်တွေကို အားမရှိ
သေးတဲ့သားကဖယ်ချရင်းသူစိမ်းတစ်ယောက်လို
ကြည့်သည်။
သား သားလေးမေမေလေမမှတ်မိဘူးလား😥😥
တစ်ကယ်တော့ သားက အားလုံးကိုမှတ်မိပါတယ်
ပိုပြီးမှတ်မိနေတာက မင်းအမေက မင်းကိုမချစ်ဖူး
သေရင်တောင်ဂရုမစိုက်ဖူး 😂😂
မင်းအမေက မင်းကိုမချစ်ဖူး မင်းသေရင်
တောင်ဂရုမစိုက်ဖူး ဟုတ်တယ်မေမေကသူ့ကိုမချစ်
ဖူး twoကိုပဲချစ်တာ ငွေမပေးပဲရဲတိုင်တာကလဲသူ့ကိုမချစ်လို့ပဲ မုန်းတယ်
မေမေ့ကိုလဲမုန်းတယ်twoကိုလဲမုန်းတယ်  သား
ထိုနေ့မှစ၍ သားကြီးOneသည်တစ်ခြား
တစ်ယောက်လိုပြောင်းလဲသွားခဲ့သည်။
-------------
-------------၂၀၁၃ခုနှစ်
ပြောင်လက်နေတဲ့အနက်ရောင်ကားတစ်စီးထိုးရပ်လိုက်တယ်ဆိုရင်ပဲချွန်ထပ်ပြီးလှပတဲ့ဒေါက်မြင့်ဖိနပ်လေးကိုစီးထားတဲ့မိန်းမလှလေးတစ်ယောက်
တက်ကြွရွှင်မြူ းစွာပြေးဆင်းလာသည်။
မမလေးဖြေးဖြေး မမလေးခနစောင့်ပါအုံး
ဟိတ်အထဲမှာမောင်ရှိတယ်မို့လား
အဝင်ကအစောင့်လေးကိုလှမ်းမေးလိုက်ခြင်းပါ
ဟုတ်ကဲ့ ကိုPerth-oneရှိပါတယ်ဗျ
မောင် ရှိတယ်တဲ့ကြားလားနင်တို့နေခဲ့ မမလေး
ကျွန်မတို့ ရည်းစားနဲ့ချိန်းတွေ့တာကိုနင်တို့က
လိုက်ရှုပ်မလို့လား ဟုတ်ဒါဆိုဒီမှာပဲစောင့်နေပါ့
မယ် ကြိုက်သလိုသာနေခဲ့
ဘရဏီအတွက် မောင်ကလွဲပီးဘယ်သူမအရေး
မကြီးဘူး😁
"မောင်”(အမလေးပျစ်ချွဲချွဲနဲ့😜😜)
ဘိလျက်ထိုးနေတဲ့oneကတစ်ချက်မော့ကြည့်သည်
ဒီနေရာကဂျင်ဝိုင်းတွေလဲရှိတယ်ဘိလျက်ခုန်တွေလဲရှိပြီးဒိတ်ဒိတ်ကျဲလူချမ်းသာသားသမီးတွေ
အချိန်ဖြု န်းတဲ့သီးသန့်နေရာတစ်ခုဆိုလဲမမှားပါဘူး။"မောင်” နေနိုင်လိုက်တာ ဘရဏီကိုတောင်
ဖုန်းတစ်ခါလေးမဆက်ဖူး ငါဘယ်မှာရှိလဲ
မင်းအမြဲသိနေနိုင်တာပဲ  oneက pleanကိုကြည့်ရင်းပြောလိုက်သည်။ဟုတ်တယ် ဘရဏီ
မောင်ဘယ်မှာရှိလဲသိနိုင်တာ pleanကြောင့်
မောင်ကမပြောခိုင်းလဲ pleanကဘရဏီကို
ကြောက်၍ပြန်မပြောပဲနေလို့မရ
မောင်အဲ့ဘိလျက်ပဲထိုးနေတော့မှာလားဘရဏီ
Oneကိုဖက်ပြီးအရမ်းလွမ်းတာပဲသိလားဆိုပြီး
သူ့မေ့ဖျားလေးကိုလှမ်းနမ်းလိုက်ပါတယ်
ကျစ် ဆိုပြီးမောင့်မျက်နှာလွှဲလိုက်ပါသည်။
ဘရဏီနည်းနည်းရှက်သွားပြီး စိတ်မကောင်းဖြစ်
ပေမယ့်မောင့်အကြောင်းသိနေတာပဲလေ
မောင်ကမာနအရမ်းကြီးတယ် ရီလည်းမရီဘူး
ပြုံးရင်လဲမဲ့ပြုံးပဲပြုံးတယ် အဲ့လိုပြုံးရင်တောင်
မောင့်မျက်နှာကရုပ်ဆိုးမသွားပဲဆွဲဆောင်မူ့ရှိနေတော့လဲ စိတ်မဆိုးမိ(ချစ်သူရဲကောင်းမကြီးပါ😏😏)မော်ဒယ်လဲမဟုတ်မင်းသားလဲမဟုတ်တဲ့
မောင်ကceleတွေလိုနာမည်ကြီးပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သည်။
ဒါပေမဲ့မောင့်နားမှာဘယ်မိန်းကလေးမှ နေလို့မရတာ ဘရဏီကြောင့်လေ(မိန်းမဒဿ...... ကြောက်စာ😜)မောင်နဲ့တွဲသမှမိန်းကလေး ဘရဏီက
အကုန်လိုက်ဖျက်သည် အခုချိန်ထိတော့
မောင့်ရဲ့တရားဝင်ရီးစားက ဘရဏီတစ်ယောက်ထဲပါ(ကြွားထားပါ လာတော့မယ် ဟိုက😜)
မောင့်အပြုမူတွေကအေးစက်စိမ်းကားတယ်
မောင့်စိတ်မှာဘာတွေးနေလဲ ဘရဏီမခန့်မှန်း
နိုင်ဘူး ဘရဏီအသိုင်းဝိုင်းကဝေဖန်ကြတယ်
မောင်ကဘရဏီကိုအလေးမထားဘူးတဲ့

ကိုကိုရဲ႕ေစလိုရာWhere stories live. Discover now