ကိုကိုရဲ့ စေလိုရာ ၁၁❤️🖤
Perth-one......
မင်းဒါ ဘာအချိုးချိုးသွားတာလဲ ဟမ်
လူကြီးတွေကို ဂရုမစိုက်ဖဲ မထိမဲ့မြင်ပြု ့တာ
ဒါ မင်းမိုက်ရိုင်းတာ...
သူတို့ အိမ်ပြန်ရောက်လို့ ဒေါ်မိုးပွင့်က သူ့သားကို
ဆူပူနေခြင်း ဖြစ်သည်။
သူ့နာမည်ကို အပြည့်အစုံ ခေါ်တယ်ဆိုကတည်းက
မာမီက သူ့ဒေါသဒီဂရီကို ပြချင်တာ. .
သူကို ဆူပြောရတာမောလို့ဒေါ်မိုးပွင့်ခဏနားချိန်
"မာမီ ပြောစရာကုန်ပြီလား”
"ဘာ”😠
မာမီပြောစရာ မရှိတော့ဘူး ကုန်ပြီဆိုရင်
ကျွန်တော် ကားမောင်းလာရတာပင်ပန်းလို့
နားချင်နေပြီ
ကြည့်စမ်းကြည့်စမ် မအေကသူ့ကိုဆူနေတာကိုပဲ
သူက ငါပြောတာတွေကို အားနာပါးနား
နားထောင်နေရတဲ့ ပုံမျိုး
သား Saintလေးလဲ သူ့ဘေးနားမှာ မျက်နှာငယ်
လေးနဲ့ ထိုင်နေတာမို့ ဒေါ်မိုးပွင့် ဆက်မဆူတော့ပဲ
ဒေါ်မိုးပွင့် ဒီလောက်ဆူနေတာတောင်
သူ့အဆောင်ဘက်ပြန်တော့Saintခါးကိုဖက်ပြီး
သွားလိုက်သေးတယ် မခန့်ပုံကမအေကို
လူကြီးစကား အလေးမထားတဲ့ကောင်😠အဲ့ လူကြီးတွေကရော Perth-oneဆိုတဲ့လူကို
အလေးထားလို့လား သူသိပ်ချစ်တဲ့ အရုပ်လေးကို
Twoဆီပေးဘို့ ကြံနေကြတာများ😏
အဲ့လူကြီးတွေကိုမကျေနပ်ဖူး😏Twoကမေမေဒီတိုင်းကြည့်နေတော့မလို့လား
ဒီတိုင်းကြည့်မနေတော့ ဘာလုပ်ရမှာလဲ
အဲ့ဒီပြောမကောင်း ဆိုမကောင်းကို
အရုပ်လေးကို သူ့လက်ထဲ ထည့်ပေးတော့
မလို့လား မာမီ
သူပိုင်ကြောင်း ပြသွားတာ မင်းမမြင်ဘူးလား
မာမီ သူ့အကျင့်ကိုသိရက်သားနဲ့ ကျွန်တော်
သဘောမတူဘူး သူအရုပ်လေးကို မတရားသိမ်း
ပိုက်ထားတာ၊သူ့လက်ထဲမပေးနိုင်ဘူး
Twoကတစ်မှောက်
တော်တော့Two သားSaintလေးကမင်းတို့တွေ
သူယူမယ်ငါယူမယ် လုရအောင် အရုပ်မဟုတ်ဖူး
ဘဝရှိတယ် အသွေးအသားရှိတယ် ဆုံးဖြတ်ပိုင်ခွင့်
ရှိတဲ့ လူတစ်ယောက်
လူမို့လို့ မပေးနိုင်တာပေါ့
ဘာပဲဖစ်ဖြစ် မင်းအကိုနဲ့ လက်ထပ်ပြီးသွားပြီ
မင်းရဲ့ စိတ်ခံစားချက်တွေကို ထုပ်မပြနဲ့တော့
သိမ်းထားလိုက်တော့... မာမီ.....
မာမီက အမြဲတမ်းအဲ့လိုပဲ သူ့ဆီကနေOneလုသွားတိုင်း အဲ့ဒါ မင်းအကိုကိုပဲ ပေးလိုက်ပါသား
ရယ်တဲ့... အမြဲတမ်း Perth-oneအတွက်ပဲ
One ကတစ်မျိုးTwoက တစ်မျိုးနဲ့ ရူးချင်တော့
တာပဲ မဒီရယ် အစကတည်းက နင်လဲ အမွှာမွေး
ပေးခဲ့ရမှာ ဒါဆို ငါ့သားနှစ်ယောက်လုစရာမလို
တော့ဘူး😌
-------------
မောင်က သူ့အိမ်ကအလုပ်သမားကို ခိုးပြေးတယ်
ဟုတ်လား ဒါဆို သူကငါပြောပြောနေတဲ့
Boy to Boyချလိုက်တာပေါ့လေ😠
သူချစ်လို့မဟုတ်ဖူး Twoကိုအနိုင်လိုချင်လို့
သူဒီလိုလုပ်တာ ငယ်ကတည်းကသူ့အကျင့်
Twoကိုအနိုင်ယူပြမယ် ပြီးရင်ပြစ်ထားခဲ့မယ်
Twoရှေ့မှာ ကစားပြမယ် ပြီးရင်ဖျက်ဆီးပြီး
လွင့်ပြစ်မယ် အဲ့ဒါသူ့အကျင့်
အခုလဲ မောင်သူ့ကိုချစ်လို့ မဟုတ်ဖူး အရုပ်လို့
သဘောထားတာ