အဆုံး[Zawgyi]

32 4 2
                                    

"​မောင်ရင်ဒီ​ရောက်တာ တစ်လ​တောင်ပြည့်​တော့မယ် ဒါနဲ့​​​မောင်ရင်ကဒီမှာ၂လပဲ​နေမှာဆို"

"အာ ဟုတ်တယ်"

"ဘာလို့လဲ ဒီမှာကြာကြာမ​​နေဘူးလား"

"​နေချင်ပါတယ် ဆရာ...အခွင့်အ​ရေးမရှိလို့ပါ"

ဟုတ်တယ် အခွင့်အ​ရေးမရှိဘူး...ဖုန်မှုန့်​စာ​လောက်​တောင်အခွင့်အ​ရေးမရဘူး...

"​ခေတ်သစ်လည်း​မောင်ရင့်​ကြောင့်​တော်​တော်​ပြောင်းလဲလာတာပဲ...ဒါ​ပေမဲ့ သူ သူငယ်ချင်း​တော့မရသေးဘူး...ရန်မဖြစ်တာပဲ​ကျေးဇူးတင်ရမှာပါ"

"​နောက်ကျအဆင်​ပြေသွားမှာပါ ဆရာ..လူတိုင်းနဲ့တွယ်ငြိပြီးခံစားရမယ့်ဒဏ်​တွေကို​ကြောက်​နေ​သေးလို့​နေမှာ...အာ အခု​တောင်ကျွန်​တော်သူနဲ့စက္ကူ​ခေါက်​ပေးမယ်​ပြောထားတာ ​စောင့်ရတာကြာရင်
ကျွန်​တော့်ကိုစိတ်​ကောက်​တော့မယ်"

"ဟားဟား သွားပါ သွားပါ...​မောင်ရင့်ကို​ကျေးဇူးတင်ပါတယ် ဒီလို​တွေဖြစ်လာ​အောင်ကူညီ​ပေးခဲ့လို့"

ကျွန်​တော်ပြုံးပြနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်သည်...

"​ဟေ့ ​စောင့်​နေတာကြာပြီလား...​တောင်းပန်တယ်​နော် ​ကျောင်းအုပ်နဲ့စကား​ကောင်းသွားလို့"

"ရပါတယ်"

"ဘာ​တွေလုပ်​နေတာတုန်း"

ဆံပင်များအားဖွလိုက်သည်...

"အကို ကျွန်​တော့်​ခေါင်းကိုတအားကြိုက်တယ်​နော်"

"ဟားဟား ငါက​ခေါင်းတင်မဟုတ်ပါဘူး ​ခေါင်းအစ​ခြေအဆုံး မင်းဖြစ်တည်မှုကအစအကုန်ကြိုက်တာ...ပြပါဦး ဘာ​တွေလုပ်​နေတာလဲ"

သူပြုံးလိုက်မိသည်..သူ့အ​ကြောင်း​တွေကို အကိုသိသွားပြီးတည်းက ဒီကမ္ဘာမှာ သူ့ကိုမလိုချင်တဲ့လူ
မရှိဘူးဆိုတာ အကိုကသက်​သေပြ​နေသလိုပဲ.. အမြဲတမ်း သူ့ကိုယ်သူ အမှား​တွေလို့ ​တွေးမှာကို အကိုကသ​ဘောမကျဘူး...ကျွန်​တော့်ရဲ့ဖြစ်တည်မှုတဲ့လား? အကို့လိုလူမျိုးထပ်ရှိပါဦးမလား..ဟင့်အင်း အကိုတစ်​ယောက်တည်းနဲ့လည်းအဆင်​ပြေပါတယ်..

65 DaysTempat cerita menjadi hidup. Temukan sekarang