"မောင်ရင်ဒီရောက်တာ တစ်လတောင်ပြည့်တော့မယ် ဒါနဲ့မောင်ရင်ကဒီမှာ၂လပဲနေမှာဆို"
"အာ ဟုတ်တယ်"
"ဘာလို့လဲ ဒီမှာကြာကြာမနေဘူးလား"
"နေချင်ပါတယ် ဆရာ...အခွင့်အရေးမရှိလို့ပါ"
ဟုတ်တယ် အခွင့်အရေးမရှိဘူး...ဖုန်မှုန့်စာလောက်တောင်အခွင့်အရေးမရဘူး...
"ခေတ်သစ်လည်းမောင်ရင့်ကြောင့်တော်တော်ပြောင်းလဲလာတာပဲ...ဒါပေမဲ့ သူ သူငယ်ချင်းတော့မရသေးဘူး...ရန်မဖြစ်တာပဲကျေးဇူးတင်ရမှာပါ"
"နောက်ကျအဆင်ပြေသွားမှာပါ ဆရာ..လူတိုင်းနဲ့တွယ်ငြိပြီးခံစားရမယ့်ဒဏ်တွေကိုကြောက်နေသေးလို့နေမှာ...အာ အခုတောင်ကျွန်တော်သူနဲ့စက္ကူခေါက်ပေးမယ်ပြောထားတာ စောင့်ရတာကြာရင်
ကျွန်တော့်ကိုစိတ်ကောက်တော့မယ်"
"ဟားဟား သွားပါ သွားပါ...မောင်ရင့်ကိုကျေးဇူးတင်ပါတယ် ဒီလိုတွေဖြစ်လာအောင်ကူညီပေးခဲ့လို့"
ကျွန်တော်ပြုံးပြနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်သည်...
"ဟေ့ စောင့်နေတာကြာပြီလား...တောင်းပန်တယ်နော် ကျောင်းအုပ်နဲ့စကားကောင်းသွားလို့"
"ရပါတယ်"
"ဘာတွေလုပ်နေတာတုန်း"
ဆံပင်များအားဖွလိုက်သည်...
"အကို ကျွန်တော့်ခေါင်းကိုတအားကြိုက်တယ်နော်"
"ဟားဟား ငါကခေါင်းတင်မဟုတ်ပါဘူး ခေါင်းအစခြေအဆုံး မင်းဖြစ်တည်မှုကအစအကုန်ကြိုက်တာ...ပြပါဦး ဘာတွေလုပ်နေတာလဲ"
သူပြုံးလိုက်မိသည်..သူ့အကြောင်းတွေကို အကိုသိသွားပြီးတည်းက ဒီကမ္ဘာမှာ သူ့ကိုမလိုချင်တဲ့လူ
မရှိဘူးဆိုတာ အကိုကသက်သေပြနေသလိုပဲ.. အမြဲတမ်း သူ့ကိုယ်သူ အမှားတွေလို့ တွေးမှာကို အကိုကသဘောမကျဘူး...ကျွန်တော့်ရဲ့ဖြစ်တည်မှုတဲ့လား? အကို့လိုလူမျိုးထပ်ရှိပါဦးမလား..ဟင့်အင်း အကိုတစ်ယောက်တည်းနဲ့လည်းအဆင်ပြေပါတယ်..
YOU ARE READING
65 Days
Short StoryZawgyi ယုံၾကည္ပါတယ္ ဒီအစကေတာ့အဆုံးရွိမွာမဟုတ္ဘူးဆိုတာ... Unicode ယုံကြည်ပါတယ် ဒီအစကတော့အဆုံးရှိမှာမဟုတ်ဘူးဆိုတာ... Cover photo from pinterest 》Notebook《 မမှတ်မိ >▪︎< 》Wp《 Starting date - 16.9.2020 Ending date - 16.9.2020
