အစ[Unicode]

47 5 0
                                    

သိပ်ကိုကြာ​ညောင်းခဲ့တဲ့နှစ်​တွေ​ပေါ့...လွန်ခဲ့တဲ့၁၀နှစ်​ ဆောင်းဦးဝင်ချိန်စမှာ​လူတစ်ဦးနဲ့​တွေ့ဆုံခဲ့တယ်..ကျွန်​တော့်အတွက်တအားကို​ဖျော့​တော့တဲ့အလင်း​​​ရောင်​လေးဖြစ်ခဲ့တာ​ပေါ့...ဒါ​ပေမဲ့အဲ့ဒီအလင်း​ရောင်​လေးကကျွန်​တော့်ဘဝတစ်ခုလုံးကို
​နွေး​ထွေးမှုအပြည့်နဲ့ဖူလုံ​စေခဲ့တယ်...

လွန်ခဲ့​သော၁၀နှစ်​ ​၂၀၀၆ ခုနှစ် အောက်တိုဘာလ

"​တွေ့ရတာဝမ်းသာပါတယ် ​မောင်ရင့်လိုလူငယ်ပညာရှိ​လေးကဒီလိုနယ်ဘက်​လေးမှာ ဆရာလာလုပ်မယ်ကျွန်​တော်မထင်ထားဘူးဗျာ"

"ဟုတ်ကဲ့ အ​စောကြီးတည်းကစဥ်းစားခဲ့တာပါ အ​မေကဒီဘက်ကို​ရောက်တိုင်းက​လေး​တွေအ​ကြောင်း​ပြောပြ​တော့ ကျွန်​တော်လာလည်ချင်ခဲ့တာ အခု​တော့အခွင့်အ​ရေးရသွားခဲ့ပြီ​ပေါ့"

"​မောင်ရင်ကအခုမှ အသက်၂၀​ကျော်ပဲရှိ​သေးတာ​နော် ဘယ်​လောက်တောင်ထူးချွန်လိုက်လဲ
ငယ်ငယ်ရွယ်ရွယ်နဲ့ သင်ကြား​ရေးမှာအ​တွေ့အကြုံ​တွေအများကြီးရထားတယ်ဆိုတာ"

"​ဆရာကမြှောက်​ပြော​နေပါပြီ ကျွန်​တော်က​ကျောင်းတစ်ဖက်နဲ့စာ​လေးဝင်ပြဖြစ်တာပါ...အ​တွေ့အကြုံဆိုတာ ဆရာ​ပြောသ​လောက်​တော့မများလှပါဘူး"

​ပေါ့ပါးတဲ့​လေထုအ​ငွေ့အသက်မရှိတဲ့ ထူးချွန်ထက်မြက်လှ​တဲ့အ​ကြောင်း​တွေ ချီးကျူးဂုဏ်​မြှောက်စကား​တွေကြားသက်ပြင်း​ငွေ့​ငွေ့ကို​ရောချရင်းပြတင်းအပြင်ကို​ခဏတာအာရုံ​ပြောင်းလိုက်မိတယ်...

ရုံးခန်းအားစိုက်ကြည့်​နေ​သော​ကောင်လေးတစ်​ယောက်...မကျည်းပင်​အောက်တွင် ငုတ်တုတ်ထိုင်လျက်..​ဆောင်းဦးဝင်စ ​အေးလွန်းတဲ့အချိန်အ​နွေးထည်လည်းမပါတဲ့ထို​ကောင်လေးကိုစိတ်ပူစွာကျွန်​တော်တီးတိုးဆိုလိုက်မိသည်...

ကျွန်​တော့်ရဲ့အကြည့်​တွေကိုရိပ်မိသွား​သော
​ကျောင်းအုပ်ကြီးကမကျည်းပင်​အောက်ကိုလှည့်
ကြည့်လိုက်သည်...ထို့​နောက်သက်ပြင်းတစ်ချက်ချကာကျွန်​တော့်ဘက်မျက်နှာပြန်မူရင်းထို​ကောင်​လေးအ​ကြောင်းအားစ​ပြော​တော့သည်...

65 DaysOù les histoires vivent. Découvrez maintenant