#Zawgyi
🎶I know you are ..
But what am I ??🎶ပျံ့လွင်လာတဲ့သီချင်းသံလေးကို
နားစွင့်ရင်း လက်ထဲက Camera
လေးကိုချထားလိုက်တယ်။' ကိုယ်မင်းကို သိခွင့်ရပြီးနောက်မှာ
ကိုယ့်ကိုယ်ကို ဘာလဲဆိုပြီး
ပြန်မေးခွန်းထုတ်မိတယ် .... 'ဒါက ကျွန်တော် ခင်ဗျားတို့ကို
ပြောချင်မိတဲ့အကြောင်းအရာတစ်ခု
ဖြစ်လိမ့်မယ် ။' ကောင်ကလေး ..
မင်းကိုချစ်မိသွားတာ ဘာလို့လဲ။
မင်းကရော ဘာလဲ ..။ '
ကျွန်တော့်စိတ်ထဲမှာ
မေးခွန်းပေါင်းများစွာ
ယနေ့ထက်ထိရှိနေတယ် .. ။' At First sight '
ကျွန်တော့်ဘဝက ရိုးရှင်းတယ်။
Landon ဆိုတဲ့မြို့လေးမှာ
၆နှစ်လောက်အခြေချဖို့
အေးအေးဆေးဆေး
ဆုံးဖြတ်ခဲ့တယ်။
သိပ်မြတ်နိုးရတဲ့ camera
လေးတစ်လုံးယူဆောင်လာတယ် ။
ထိုCamera လေးထဲမှာ
ကျွန်တော်သဘောကျတဲ့
သဘာဝပတ်ဝန်းကျင်ကို
မှတ်တမ်းတင်တယ် ။ဒါမှမဟုတ်
အမှတ်တရကောင်းလေးတွေကို
သိမ်းဆည်းတယ် ။
ပျိုမဒီလှလှလေးတွေရဲ့ဓာတ်ပုံ
အချို့လည်း အခုထိရှိချင်
ရှိလိမ့်မယ် ။
ကျွန်တော်နဲ့လမ်းခွဲတာ
မကြာသေးတဲ့ ၃ ယောက်မြောက်
ရည်းစားဟောင်းလေးရဲ့ဓာတ်ပုံ
အနည်းအကျဉ်းလည်း ကျန်ရှိရင်
ကျန်ရှိလိမ့်မယ်။ကျွန်တော်က Straight စစ်စစ်
တစ်ယောက်ဗျ။
ဒီစကားလေးကို ကျွန်တော်
ဘယ်သူ့ကိုမှ လိုက်ရှင်းပြဖို့
မလိုခဲ့ဖူးပါဘူး။ဘာလို့လဲဆိုရင်
ကျွန်တော့်အသက်အရွယ်သုံးဆယ်
မတိုင်ခင်အထိ တစ်ခါမှ
လိင်တူယောက်ျားလေးတွေကို
သဘောမကျဖူးဘူးလေ ။ကံကောင်းတာပဲလား ..
မဟုတ်ရင် ကံဆိုးတာပဲလား ..။
ကျွန်တော့်ရဲ့ကံကြမ္မာက
ကျွန်တော့်အချစ်ရေးကို
တော်တော်ဗြောင်းဆန်
အောင်လုပ်ခဲ့တာ .. ။ကျွန်တော် ခေါင်းအတွင်တွင်ခါပြီး
ငြင်းခဲ့ရပေါင်းမနည်းတော့ဘူး။
အကုန်လုံး ဒီစကားလုံးကိုပဲ အသုံးပြု
ပြီး ကျွန်တော့်ကို နားချကြတယ် ။" အဲ့တာ Idol နဲ့ fan ကြားက
ခံစားချက်ပဲ " တဲ့ ။တော်တော်ခံရခက်တဲ့စကားဗျ။
KAMU SEDANG MEMBACA
You Were Like Muse Coming Out Of My Dream
FantasiFinally... I 'm just a fan for you 💔