Part_ 13(He saw me)

597 77 4
                                    

Unicode

အချိန်တွေက ကုန်တာမြန်ဆန်လွန်းတယ်ဗျာ။ ဘာလိုလိုနဲ့သူကျနော့ကိုခွဲသွားခဲ့တာ၆နှစ်လောက်ကြာခဲ့ပြီဘဲ။ သူမရှိတဲ့အချိန်တွေအတွင်းမှာ Hygကြောင့်သာမဟုတ်ရင် ကျနော်ဒီလိုအခြေအနေမှာ ရပ်တည်နေနိုင်မှာမဟုတ်ဘူး။

"Min Mochi"Coffee shop

ဆောင်းရာသီရဲ့ ချမ်းအေးတဲ့လတစ်လဖြစ်တဲ့Decemberရဲ့ ပျင်းရိဖွယ်နေ့လေးတစ်နေ့။

ပတ်ဝန်းကျင်မှာလည်း Maple ရွက်လေးတွေက တဖြုတ်ဖြုတ်ကြွေကျနေသလို နေရောင်မထွက်တဲ့ပတ်ဝန်းကျင်ကြီးက တိတ်ဆိတ်နေသလိုပင်။

သည်နေ့တွင် ယခင်နေ့ကနှင့်မတူ ဆိုင်လေးက ပျင်းခြောက်ခြောက်ဖြစ်နေသလို Yoongiကလည်းအပြင်ခနထွက်သွား၍ Jiminဆိုင်ကCounterစားပွဲလေးတွင်သာ ထိုင်နေသည်။

ဗိုက်ကလည်းဆာလာသလိုလို ရှိသည်နှင့် ဆိုင်အတွင်း မီးဖိုချောင်ထဲက Strawberry cakeတစ်ခုနဲ့coffeeတစ်ခွက်ကို ယူလာပြီး ခုံပေါ်တွင် ထိုင်စားနေမိသည်။

Strawberry cakeဆိုယူလာကာမှ strawberryကိုအလွန်ခုံမင်တတ်သည့် တစ်ယောက်သောသူကို သတိရမိ၏။

Jm's pov_Tae. ........မင်းဘယ်ရောက်နေတာလဲကွာ ။ ငါမင်းကိုအရမ်းသတိရနေတာတောင် မင်းကတော့ ဘယ်လိုတောင် နေရက်ရတာလဲ?
ငါ မင်းထည့်ပေးခဲ့တဲ့ Phone contactထဲက မင်းရဲ့no. လေးကို ငါအမြဲခေါ်နေခဲ့တယ်။
ဒါပေမယ့် မင်းကတော့ တစ်ခါမှကိုမကိုင်ခဲ့ဘူးနော်။
ခုချိန်ထိကို တစ်ခါမှ မကိုင်ခဲ့ဘူး။
မင်းကော ငါ့ကိုသတိမရဘူးလားဟင်?

Jiminခေါင်းထဲမှာတော့ အမြဲတမ်း မေးခွန်းတွေသာ ထုတ်နေမိသည်။ အမြဲတမ်းလည်းမေးနေခဲ့သည်။ ခုလည်း strawberry cakeကိုယူလာရင်းမှ သတိရမိပြန်တာ။

Jiminလည်း စားပြီးတာနဲ့ Coffee ဆက်သောက်ရင်း phoneလေးကိုထုတ်ပြီး လိုင်းဖွင့်လိုက်သည်။
ဖွင့်လိုက်တော့ မြင်လိုက်ရသည်က...

"Moon Child Fashion Companyမှ ယခုနှစ်ကုန်ပြီး မကြာမီတွင် CEOနေရာလွှဲပြောင်းပေးရန် ရှိနေပြီး Company ၏ ဆက်ခံသူကိုပါ ဖော်ပြကြေငြာသွားမည်ဖြစ်ကြောင်း Company အကြီးအကဲဖြစ်သူKim CEOမှ
ပြောကြား"

Heart of the December🐯💜🐥[Completed]Where stories live. Discover now