Extra (2)[Noon]

435 48 4
                                    

Unicode

At Moon Child Company,

Hs_ဒါဆိုရင် ဒီနေ့အစည်းအဝေးကို ဒီနေရာမှာပဲ ရပ်လိုက်ပါမယ်။CEOအနေနဲ့ရော ဘာပြောချင်ပါသလဲ ခင်ဗျာ

Tae_ကျနော့်အနေနဲ့ ဘာမှပြောစရာမရှိပါဘူး။ ဒီနေ့တင်ပြသွားတဲ့projectတွေက ကောင်းပါတယ်။
အစီအစဥ်အတိုင်းသာ အကောင်းဆုံးလုပ်ဆောင်သွားကြဖို့ မျှော်လင့်ပါတယ်။

Hs_ဒါဆို meetingကို ဒီမှာတင် အဆုံးသတ်ပါပြီခင်ဗျ။ အားလုံးပဲ ကိုယ့်ဌာနကိုယ် ပြန်ကြလို့ရပါပြီ။

Others _Nae. ....

အစည်းအဝေးပြီးသည်နှင့် Taehyungလည်း မိမိကိုယ်ပိုင်ရုံးခန်းရှိရာကိုသာ ထွက်လာခဲ့လိုက်သည်။

လုပ်ငန်းအချို့ကို လက်စသတ်ပြီးသည်မို့ အချိန်ကိုကြည့်လိုက်တော့
လက်ပတ်နာရီက 12:30pm. .

စာရွက်စာတမ်းတွေ ဖိုင်တွေကို စားပွဲပေါ်တင်လိုက်ပြီး ဆုံလည်ထိုင်ခုံတွင် မှီထိုင်ကာ မျက်လုံးများကို ​မှေးစင်းအနားယူလိုက်သည်။

Tae_Hoseok ah. .

Hs_Nae. .

Tae_မင်းလည်း ပင်ပန်းသွားပြီမို့ အခု သွားနားလို့ရပြီ။

Hs_Nae. ..CEOလည်း ကောင်းကောင်းနားပါ။
ဒါဆို ကျနော့ကိုခွင့်ပြုပါအုန်း။

Tae_inn. ..

Hoseokထွက်သွားသည်နှင့် Taehyungမျက်လုံးများကို အသာဖွင့်ကြည့်ပြီး ချက်ချင်းပြန်ပိတ်ကာ စိတ်လွတ်ကိုယ်လွတ် အနားယူရင်း အိပ်ပျော်သွားလေသည်။

.......

ကျွီ....

Tae_Hum? Hoseok ah. .ဘာကျန်ခဲ့လို့လဲ?

Jm_Minလေးပါ။ Kim CEO nim. ...

Tae_ar. .babe?

နူးနူးညံ့ညံ့ တိုးညှင်းသော အသံလေးကို ကြားလိုက်ရသည်မို့ မပွင့်သေးသောမျက်လုံးများကို ဆက်မှိတ်ထားလိုက်ရင်း နှုတ်ခမ်းမှ အပြုံးတစ်ပွင့်ဟာလည်း အလိုလိုဖြစ်ထွန်းလာခဲ့သည်။

Jm_ပင်ပန်းနေပြီလားဟင်? Minဘာလုပ်ပေးရမလဲဟမ်?

တိုးလျသော အသံငယ်လေးထဲမှာ နူးညံ့မှုနှင့် ကြင်နာမှုတွေဟာ အမြဲပါရှိနေသည်ကို Taehyungခံစားမိသည်။

Heart of the December🐯💜🐥[Completed]Where stories live. Discover now