CHAPTER-1

28 4 0
                                    

ကျောင်းဖွင့်ကြောင်းကို သက်သေပြနေသည့်မိုး။ ထိုမိုးသည် ကျောင်းမလာခင်ကတည်းက စတင်ရွာသွန်းနေလေပြီ။
အထက်တန်းကျောင်းကြီး၏ ကျောင်းခန်းထဲတွင်

Sakura - ကျောင်းတောင်တက်တော့မယ်နော်။ Shijiku က ဒီနေ့ကျောင်းမတက်တော့ဘူးလား။ ကျောင်းစစတက်ရတဲ့နေ့ကြီးကို။

Hana - အေးဟ။ ဘာဖြစ်လို့ နောက်ကျနေမှန်းမသိ။ Emiko Sensei က ဒီနေ့နောက်ကျမှ ကျောင်းရောက်တဲ့သူတွေကို အပြစ်ပေးမယ် တဲ့။

Misuhar - အတန်းခေါင်းဆောင် Hiroto ကလည်း မနေ့ကတည်းက လူတိုင်းကို ​ဖုန်းနဲ့ သတိပေးထားတယ်တဲ့။

Yuki - ပြောရင်းဆိုရင်း ကိုယ်တော်ချောက ရောက်လာပါပြီ။ အသက်ရှည်ဉီးမယ်။

Hiroto - ဒီမှာထိုင်တဲ့သူတွေထဲက တစ်ယောက် မလာသေးဘူးမလား။

Yuki - Omm

Hiroto - ဘယ်သူလဲ မသိဘူးဗျ။

Misuhar - Shijiku ပါ။

Hana - နေဉီး နေဉီး ဟိုမှာပြေးလာနေတယ်။

Hana ရဲ့စကား​ကြောင့် အားလုံးရဲ့အကြည့်သည် တံခါးပေါက်အပြင်ဘက်သို့ ရောက်သွားကြ၏။ Shijuku တစ်ယောက် ဖရိုဖရဲဖြင့် စာသင်ခန်းထဲသို့ ပြေးလာနေသည်။ စာသင်ခန်းရှေ့ရောက်သော် စာသင်ခန်းရှေ့မှ အတန်းလေးကား မမြင်မိပဲ ဝင်တိုက် မိရာမှ ချောလဲသွားလေသည်။

Emiko Sensei - သေတော့မှာပဲ။ ထ ထ အဆင်ပြေလား။ ဘယ်နားထိသွားသေးလဲ။ ဆေးခန်းသွားမလား။

Shijuku - Sensei အဆင်ပြေပါတယ်။ နောက်တော့ မကျသေးပါဘူးနော်။

Emiko Sensei - နည်းနည်းနောက်ကျနေပေမယ့် ထားလိုက်ပါတော့။ ကိုယ့်နေရာကို သွားထိုင်သွား။

Yuki - အဆင်ပြေရဲ့လား။

Shijuku - ပြေတယ် ပြေတယ်။

Misuhar - နင်နဲ့တော့ တကယ် crh ကြီးနဲ့ တစ်ခန်းတည်းကျတော့မှပဲ အရှက်ကွဲတော့တယ်။

Hana - ဘာ crh ဟုတ်လား။ ငါတို့တောင် မသိရပါလား။

Sakura - အေးလေး ပြောပြပါဉီး ဘယ်တစ်ယောက်လဲ။

Shijuku - ပြီးကြမှ ပြောမယ်ဟာ။ Sensei စာသင်တော့မှာကို။

Yuki - နင်နော် ပြီးကြမှဆိုပြီး ငါတို့မပြောပဒထားမလို့လား။ Misuhar တောင် သိပြီးနေပြီကို။

Calling HallWhere stories live. Discover now