ကျောင်းဆင်းချိန် ကျောင်း၏တစ်နေရာတွေ မိန်းကလေး ငါးယောက် လမ်းပျောက်နေကြ၏။
Sakura - ငါတို့ကို သန့်ရှင်းရေးလုပ်ခိုင်းတာ
ဒီအဆောင်ဟုတ်လို့လား ဟိုဘက်
အဆောင်မဟုတ်ဘူးလား။Yuki - ဒီအဆောင်မလား သေချာပါတယ်
ဟုတ်တယ်မလား။Misuhar - ဟိုဘက်အဆောင်လို့ ငါထင်
တယ်။Hana - ရှိတာမှ လေးငါးဆောင်ကို ငါတို့နဲ့
တော့ တစ်ယောက်တစ်ဆောင်စီ
ဖြစ်နေကြပြီ။Shijuku - ငါ့လာမကြည့်နေနဲ့။ ငါက စားပဲ
စားနေတာ Sensei ဘာပြော
လိုက် မှန်းတောင်သိတာမဟုတ်။Yuki - မှတ်မိပြီ မှတ်မိပြီ ။ ငါမှားမှတ်ထား
တာ ဟိုဘက်အဆောင်။Misuhar - အဲ့ဒါဆိုလည်း မြန်မြန်သွားကြ
ရအောင်လေ တော်ကြာအိမ်ပြန်
နောက်ကျနေဦးမယ်။Sakura တို့ သူငယ်ချင်းတစ်စု ရှိနေသည့် အဆောင် သည် သန့်ရှင်းရေးလုပ်ပေးရမည့် ကျောင်းဆောင် နှင့် ကြားထဲတွင် ကျောင်းဆောင်ဟောင်းကြီး ရှိလေသည်။ကျောင်းဆောင်ဟောင်းဆိုသည်မှာ ကျောင်သားကျောင်းသူများ ဝင်ခွင့်ထွက်ခွင့် ပိတ်ထားသောနေရာဖြစ်သည်. သန့်ရှင်းရေးလုပ်ရမည့်ကျောင်းဆောင်အား ရောက်ရှိရန် ကျောင်းဆောင်ဟောင်းမှ ခိုးသွားရင်သွား မသွားခဲ့လျှင် ယခုရှိနေသော အဆောင်ကို ဟိုအပေါ်ဆုံးထပ်ထိတက်ကာ ကျောင်းဆောင်နှစ်ခုအား ဆက်ထားသည့်လှေကားမှ သွားရန် လမ်းနှစ်သာရှိ၏။ ဟိုဘက်အဆောင် သို့ သွားရင် ပြင်ဆင်နေချိန်တွင်
Shijuku - နေဦး နင်တို့အဲ့ဒီဘက်က သွားမ
လို့လား။Yuki - Omm လေ ငါတို့က ဒီ
ကျောင်းဆောင်ဟောင်းကို ဖြတ်
သွားရင်ဟိုကို မြန်မြန်ရောက်တယ်။Hana - ငါကွာ ကြားဖူးတာက အဲ့ဒီ
ကျောင်းဆောင်ဟောင်းမှာသရဲ
ခြောက်တယ်ဆိုပဲ။ တစ်ကယ်ကြီး
အဲ့ဒီဘက်က သွားမလို့လား။Misuhar - ဒီဘက်ကသွားတာ ပိုမြန်တယ်
လေ။ တော်ကြာနေအိမ်ပြန်
နောက်ကျနေမှာလေဟာ။
YOU ARE READING
Calling Hall
Mystery / Thrillerအထက်တန်းကျောင်းကြီးရဲ့လျှို့ဝှက်ချက် 🏫 ကျောင်းကြီးရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့ မိန်းကလေး၅ယောက် သူတို့ကြားကချစ်ခြင်းမေတ္တာ ပြီးတော့သူတို့၅ယောက်အပြင်အခြားကောင်လေးတွေပါသိသွားတော့ မကောင်းမှုပြုတဲ့သူတွေကို ဘယ်လိုပူးပေါင်းပြီးဖြေရှင်းကြမလဲ????