CHAPTER-3

16 3 0
                                    


Misuhar တို့ သူငယ်ချင်း ငါးယောက် အိမ်ပြန်ချင်စောနှင့် ဝင်ခွင့်ပိတ်ထားသော ကျောင်းဆောင်ဟောင်းကြီးအား ဖြတ်သွားစဉ်၌

Shijuku - ‌ရပ်လိုက်!!!!

Yuki - ဘာထဖြစ်တာလဲဟ။

Shijuku - သေချာနားထောင်ကြည့်။ ခြေ   
               သံတွေ မကြားရဘူးလား။

Misuhar - ငါတို့က လမ်းလျှောက်နေတာ
               လေဟာ ခြေသံထွက် မှာပေါ့ဟ   
               ပျံနေတာမှ မဟုတ်တာ။

Hana - ပျံရအောင်လည်း အတောင်ပံမှမပါ
           တာ။ ဘာတွေလာကြောင်နေတာလဲ။

Shijuku - Ha ငါတို့ ခြေသံက‌တော့ သိတာ
              ပေါ့ဟ။ ငါတို့ ငါးယောက်ရဲ့ခြေ
             သံအပြင် နောက်‌သုံးယောက်
             လောက် ရဲ့ ခြေသံတွေပါ ကြား
             နေသလိုမျိုး ဖြစ်နေလို့ဟ။ နင်တို့
             မကွားရဘူးလား။

Sakura - ငါကြားသလိုလိုပဲ သေချာ
             နားထောင်ကြည့်။ ငါတို့ အခု
             ရောက်နေတဲ့ အထပ်က‌ ထွက်လာ
             တော့ အသံတော့ မဟုတ်ဘူး။
             သုံးလွှာဒါမှမဟုတ် လေးလွှာ
             လောက်က လာတဲ့အသံ။

Hana - ဟုတ်တယ် ခြေသံတွေ ကြားရ
           တယ်။ နေပါဦး ငါတို့တောင် ဒီ
          ကျောင်းဆောင်ထဲ ခိုးဝင်လာတာ
          လေ။ ဘယ်သူက ကျောင်းဆောင်ရဲ့
          သုံးလွှာ လေးလွှာလောက် မှာ ရှိနေ
          မှာလဲ။

Misuhar - ဒီနေ့ laboratoryအခန်းသွားရ
             မယ့် လူတွေရှိလို့လား ဒါမှမဟုတ်
             ဓမ္မာစင်္ကြာ ပြိုင်ပွဲဝင်ပြိုင်မယ့်သူ
             တွေလား။ နေပါဦး သူတို့‌ေတွ ဆို
             ရင်တောင် ဒီအဆောင်က မသုံး
             တော့ဘူးလေ။ ဘယ်လိုလုပ်ပြီး ဒီ
             ဘက်အဆောင်ရောက်နေမှာလဲ။

Yuki - Sensei တွေနေမှာပါဟာ။
          မဟုတ်ဟုတ်က  တွေတွေးမနေနဲ့။

Sakura - ဆက်သွားမယ်။ ဆက်သွားကြ
             မယ်။ Sensei တွေလုပ်စရာရှိလို့
             လာတာနေမှာပါ။ ကြောက် စရာမ
             လိုပါဘူးဟာ။

Hana တို့သူငယ်ချင်းတို့ ရောက်နေသည့်နေရာသည် မြေညီထပ်တွင်ဖြစ်ပြီး ထိာအဆောင်ကြီးမှာ စုစုပေါင်း ၁၀ ထပ် ရှိလေသည်။ Hana တို့သူငယ်ချင်း အုပ်စုတို့၏ မလှမ်းမကမ်း ‌တွင် ဓာတ်လှေကားပျက်ကြီးရှိနေ၏။ ဓာတ်လှေကားသည် ဓာတ်လှေကားပျက်ဟုသာ ခေါ်နေကြသော်လည်း ကောင်းလား မကောင်းဘူးလား ဆိုသည်ကို မည်သူမှမသိချေ။ သို့သော် ထိုဓာတ်လှေကားသည် ထိုအဆောင်နည်းတူ သရဲ ခြောက်သည့်နေရာတွင် နာမည်ကြီးလေသည်။ အဘယ်ကြောင့်ဆိုသော် "ထိုဓာတ်လှေကားသည် လူမရှိသော်လည်း အထက်အောက်သွားနေခဲ့သည်ကို မြင်ခဲ့သော ကျောင်းသားကျောင်းသူများ ရှိသည်။ ကျောင်းတွင်လည်း Sensei တို့မှ ကျောင်းပိတ်ရက် မဟုတ်သော်လည်း ကျောင်းပိတ်လိုက်ပြီး ထိုဓာတ်လှေကားအား ဘုန်ကြီးများပင့်ကာ အစွဲချွတ်ခဲ့သည်။" ဟူ၍ ကောလဟာလများအပြင် အခြားသော ကြောက်စရာကောင်းသော ကောလဟာလများလည်းရှိသေးသည်။

Calling HallWhere stories live. Discover now