ပုံမှန်လိုပဲ အနိုင်ကျင့်ခံနေရတဲ့ ညနေခင်းတစ်ခုမှာ ကွဲပြားခြားနားမှုတစ်ခုက လေကိုခွင်းတဲ့ တိုးညင်းတဲ့အသံလေးနဲ့အတူ ရောက်လာခဲ့တယ်
အနားက လူတွေ ဘာလို့ လွင့်သွားတာလဲ
ငါ့ကိုရိုက်နှက်နေကြတဲ့သူတွေ ဘယ်ရောက်သွားတာလဲ
သူတို့မျက်နှာတွေမှာ ပြတ်ရှရာတွေစွန်းထင်းလို့
ငါ့လက်ထဲက သစ်ရွက်ချွန်လေးတွေမှာလည်း သွေးတွေ စွန်းထင်းလို့ရယ်ဆရာသခင်ဟာ ကယ်တင်ရှင်မှန်း မသိခဲ့ရခင်ကတည်းက သစ်ရွက်ချွန်လေးတွေရဲ့ ပိုင်ရှင်ကို တစ်ညနေစာ ကျေးဇူးတင်ခဲ့မိပါတယ်
တဖြေးဖြေးဖြစ်တည်လာမယ့် ကျွန်တော့်ရင်ထဲက အချစ်တွေဟာ ဆရာသခင်ရဲ့ ကြင်နာမှုတွေက အစပြုခဲ့ပါတယ်