1: First night
Zawgyi
"ဖေကြီး!"
ဟမ်? ဖေကြီး?
"ဖေဖေကြီး!!"
လေး ငါးနစ်အရွယ်ကလေးတစ်ယောက်ရဲ့ အသံသေးသေးလေးနဲ့ခေါ် သံက အဆက်မပြတ်ထွက်လာနေတာကြောင့် ဆော့ဂျင်လဲ မျက်လုံးကိုအားယူပြီးဖွင့်ကြည့်လိုက်တယ်။
"ဖေကြီးဆော့ဂျင်!"
တက်တက်ကြွကြွနဲ့ခေါ် နေတဲ့အဲ့ကလေးနဲ့မတူဘဲ ဆော့ဂျင်ကတော့ မျက်မှောင်ကြုတ်သွားမိတယ်။
"မင်း...မင်းအခုငါ့ကိုဘယ်လိုခေါ် လိုက်တာ?"
ဆော့ဂျင်ရဲ့မေးခွန်းကိုထိုကလေးငယ်ကဒီလိုပဲတက်တက်ကြွကြွဖြေလိုက်လေတယ်။
"ဖေကြီးလေ! သားတို့ရဲ့ဖေဖေကြီး!!!"
မြတ်စွာဘုရား! အဖေ?!?! လူပျိုနုနုထွတ်ထွတ်လေးဖြစ်တဲ့ငါကဘယ်နဲ့ ငါးနစ်သားကလေးရဲ့အဖေဖြစ်ရမှာ!!! မဟုတ်ဘူး...မဟုတ်ဘူး ဒါတကယ်မဟုတ်ဘူး!!!
"ငါ...ငါကဘာကိစ္စမင်းအဖေဖြစ်ရမှာလဲ?!!"
ဆော့ဂျင်ရဲ့အော်သံကြောင့် ကလေးငယ်ခမျာကြောင်တောင်လေးရပ်ကာ မျက်လုံးအဝိုင်းသားလေးနဲ့ သူ့အဖေဖြစ်သူကိုမော့ကြည့်လေတယ်။
"ဖေကြီးကဖေကြီးမို့ဖေကြီးလို့ခေါ်တာကို...အဟင့်...အဲ့ဒါကိုဖေကြီးကဘာလို့ဖေကြီးလို့ခေါ် တာလဲမေးရင်...သားက...အဟင့်ဟင့်..."
ရုတ်ရက်ကြီးမေးခွန်းထုတ်ခံလိုက်ရတဲ့ကလေးငယ်ဟာဆော့ဂျင်ရဲ့ဘောင်းဘီကိုဆွဲထားလို့။ သူလေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးကမျက်ရည်ရေတံခွန်တို့ဟာလဲထလောဟောကျစီးလာလေတော့တယ်။
ဒီ့နောက် ကလေးငယ်ရဲ့ငိုယိုသံဟာ ဆော့ဂျင်ရဲ့နားနဲ့မဆန့်နိုင်လောက်အောင် အော်ကြီးဟစ်ကျယ်ဖြစ်လာကာ အသက်၂၈နစ် လူပျိုသိုးခမျာခြေမကိုင်မိ လက်မကိုင်မိနဲ့ ကပျာကယာဖြစ်လို့သွားလေရဲ့။
"ခဏ...ခဏ မငိုနဲ့...
မဟုတ်သေးဘူး...ငါကမင်းအဖေမှမဟုတ်-""ဝါး!!!ဖေကြီးကဖေကြီးမဟုတ်ဘူးလို့ပြောနေတယ်!!!"
YOU ARE READING
Heart Forecast// NAMJIN FF
Fanfictionကိစ္စတွေကဒီလိုဖြစ်လာမှတော့လဲ... "ကောင်းပြီ၊ ငါတို့တွဲကြမယ်..." အဖြစ်မှန်ကိုလက်ခံရုံကလွဲဘာတတ်နိုင်မှာလဲ...။ ကိစ္စတွေကဒီလိုဖြစ်လာမှတော့လဲ... "ကောင်းပြီ၊ ငါတို့တွဲကြမယ်..." အဖြစ်မှန်ကိုလက်ခံရုံကလွဲဘာတတ်နိုင်မှာလဲ...။