Zawgyi
"သားလေး သားလေးကြီးလာရင်ဘာဖြစ်ချင်လဲ?"
ပွဲတော်ရာသီအမျိုးတွေဆုံတဲ့အားလပ်ရက်တို့ရဲ့ထုံးစံ အသက်ခုနစ်နစ်ကလေးဖြစ်တဲ့သူ့ရဲ့ အိမ်မက်တွေ ဖြစ်ချင်တာတွေကိုဘယ်လိုအမျိုးတော်စပ်မှန်းတောင်မသိတဲ့ အသက်ကြီးကြီးအန်တီကြီးကပြုံးတုံးတုံးနှင့်မေးနေလေသည်။
ပြောရရင် အဲ့အရွယ်ကလေးတိုင်းရဲ့ဖြစ်ချင်တာတွေက ဆရာဝန် အင်ဂျီနီယာ အဆိုတော် သရုပ်ဆောင် စသည်ဖြင့် ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ အဲ့Careerတစ်ခုထဲကတစ်ခုမဟုတ်တော့ အားရပါးရပြောပြခဲ့ကြတာပဲမလား။
သို့သော် ထိုအချိန်က ခုနစ်နစ်အရွယ်ဆော့ဂျင်က ဘာပြောခဲ့လဲဆိုတော့...
"လူပျိုကြီး! သားကြီးလာရင်လူပျိုကြီးပဲလုပ်မှာ!" လူပျိုကြီးဆိုတဲ့အဓိပ္ပါယ်အတိအကျကိုသူမသိနားမလည်သော်လည်း အဲ့လူပျိုကြီးဆိုတဲ့အလုပ်က အပူအပင်ကင်းတာကိုတော့သူသိပါသည်။
"လ-လူပျိုကြီး??" အံ့ဩတာကော စိတ်ပျက်သွားတာပါရောနှောသွားတဲ့ထိုအမျိုးသမီးရဲ့မျက်နာကရူံတွလို့နေသည်။
"ဒီKim Hosungတစ်ယောက်ကတော့
ကလေးကိုဘာတွေသင်နေလဲမသိပါဘူး" Kim Hosungဆိုတာက
ကျွန်တော့်ရဲ့အဖေနာမည်။အဲ့ကတည်းကစလို့ပါးစပ်စီးတာလားပဲ အချစ်ရေးဆိုတာနဲ့ ယပင့်နဲ့ဖြစ်နေသ၍သူအဆင်မပြေတော့။
"Seokjin ငါကျောင်းပြောင်းရတော့မယ်"
ဒါကကိုးနစ်တုန်းကအချစ်ဦးပြောခဲ့တဲ့စကား။ အချစ်ဦးဆိုပေမယ့် ဖွင့်တောင်မပြောလိုက်ရပါဘူး။တလက်စတည်းပြောလက်စနဲ့ Kim SeokJinရဲ့ memory bookကို ဖွင့်လိုက်စို့လား။ သတိတော့ပေးလိုက်ပါ့မယ် ကိုယ်တွေရဲ့ဇာတ်လိုက်Seokjinဟာ အချစ်ကံခေသူတစ်ဦးဖြစ်တဲ့အပြင် relationship တစ်ခုတည်တံ့ဖို့အတွက်လည်း ဘယ်သောအခါမှ အားစိုက်ထုတ်ခြင်းမရှိခဲ့သူဖြစ်လေတယ်။
"ငါစာကိုပဲအာရုံစိုက်ချင်လို့ ငါတို့မတွေ့ဘဲနေကြရအောင်"
မိတ်ဆွေ ထိုကဲ့သို့သောစကားများကိုသုံးနစ်သားအားသွားပြောရင်တောင် ဝါးလုံးကွဲအောင်ရယ်ပေလိမ့်မည်။ အထက်တန်းကျောင်းသားSeokjinမဆိုထားနှင့်။ သို့သော်ကိုယ်တွေရဲ့
Seokjinပြန်ပြောခဲ့တာက-
YOU ARE READING
Heart Forecast// NAMJIN FF
Fanfictionကိစ္စတွေကဒီလိုဖြစ်လာမှတော့လဲ... "ကောင်းပြီ၊ ငါတို့တွဲကြမယ်..." အဖြစ်မှန်ကိုလက်ခံရုံကလွဲဘာတတ်နိုင်မှာလဲ...။ ကိစ္စတွေကဒီလိုဖြစ်လာမှတော့လဲ... "ကောင်းပြီ၊ ငါတို့တွဲကြမယ်..." အဖြစ်မှန်ကိုလက်ခံရုံကလွဲဘာတတ်နိုင်မှာလဲ...။