6: What is love? (pt.1)

362 66 40
                                    

ZAWGYI

"Yoongi အချစ်ဆိုတာဘာလဲ?"

လာပြန်ပြီ မဟုတ်မကမေးခွန်းတွေ။ Yoongi Jinရဲ့မေးခွန်းကိုမကြားချင်ယောင်ဆောင်ရင်း လက်ထဲကကော်ဖီကိုမော့သောက်လိုက်သည်။ အခုတလော Seokjinကိုကြည့်ရတာမူမမှန်။ ဒါမှမဟုတ် မူမှန်လွန်းနေသည်ဟုပြောရမလား? အလုပ်ကိုအချိန်မှီပြီးသည် ရုံးတက်ချိန်စောသည်၊ အရင်ကဆိုOT ဆင်းဖို့ဆိုသေမတတ်ပြောရသည့် Seokjinက အခုဆိုလိုလိုလားလားဆင်းပေးနေပြီဖြစ်ကြောင်း Yoongi သတင်းတွေကြားနေရသည်။ အခုလည်းသူတို့သောက်နေကျ ကော်ဖီဆိုင်မှာထိုင်ရင်း ဒင်းနူတ်ဆိတ်နေပြန်လေသည်။ အလုပ်အကြောင်း၊ ဘဝအကြောင်းမညီးညူးသည့် Seokjin၏ပုံစံနှင့် Yoongiမရင်းနှီးပါ။

'ဒါဘာကြောင့်ဖြစ်နိုင်မလဲ?'

Yoongi သိပ်ကြာကြာမစဉ်းစားလိုက်ရပါ၊ ဆိုင်မှန်တံခါးကိုဖွင့်ပြီးဝင်လာသည့်အမျိုးသားကြောင့် Yoongi သူ့မေးခွန်း အဖြေကိုသိရှိသွားလေသည်။

"အချစ်ဆိုတာဘာလဲ ဆိုတာကိုငါ့များလာမေးရတယ်လို့ သွား ဟိုမှာလာနေတဲ့တစ်ယောက်ကိုသွားမေး" Yoongi မေးငေါ့သည့်ဖက်ကို Seokjin လှည့်ကြည့်လိုက်ရာ အပြုံးပန်းတွေဝေဆာနေတဲ့ Namjoonကိုတွေ့လိုက်ရသည်။

"Namjoon!"

"Hyung~~~♡"

Yoongi ခေါင်းရမ်းမိသည်။ Kim Seokjin ဆီကဒီလိုဝမ်းသာပီတိဂွမ်းဆီထိနေသည့်အသံမျိုးကို သူ့တစ်သက်နဲ့တစ်ကိုယ် အခုပထမဆုံးအကြိမ်ကြားဖူးလိုက်ရပြီလေ။

"စားပြီးပြီလား?"

"မစားရသေးဘူး Hyungနဲ့အတူစားဖို့ အလုပ်ကိုမြန်မြန်လက်စသပ်ပြီးဆင်းလာတာ"

"တကယ်?! ဒါနဲ့ မင်းလက်မှာဘာဖြစ်တာလဲ?"

"အဲ့ဒါမနေ့က- ကျွန်တော်ပြောရင် Hyung စိတ်ဆိုးမှာလား???"

'ဘယ်နဲ့လူကြားထဲလာရိုနေကြလဲ'
ဟု Yoongi တွေးမိသည်။

ဒါမယ့် ဘယ်တုန်းကစပြီးဒီနှစ်ယောက် ဒီလိုမျိုးဖြစ်သွားရတာတုံး???

(အင်းလေ အပိုင်းခြောက်ပဲရှိသေးတာ
အဆင့်တွေတက်တာမြန်လှချည်လား??

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jan 29, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Heart Forecast// NAMJIN FFTempat cerita menjadi hidup. Temukan sekarang