............................................................. အပိုင်း - ( ၁၇ )အချိန်ကား ညတော်တော်မိုးချုပ်နေတဲ့အချိန်။ မီးရောင်
ဖျော့ဖျော့ကြီးရဲ့ အလင်းရောင်အောက်မှာ သူတစ်ယောက်တည်း မှိုင်ထွေနေမိ
သည်။ လှပတင့်တယ်စွာ ၀တ်ဆင်ထားတဲ့ ဘယ်ဘက် လက်သကြွယ်ထဲက လက်
စွပ်ကလေးကိုသူထွေထွေကြီးငေးကြည့်မိသည်။ဒါကဘာလဲ! ဘာအတွက်ကြောင့် ငါ့လက်ထဲမှာ ဒီလက်စွပ်
ကရှိနေရတာလဲ! ပြီးတော့ ဘယ်လိုပတ်သတ်မှုမျိုးလဲ! ငါနဲ့ ငါ့အတိတ်က ငါ့ကိုဘာ
ကြောင့်တွေးခေါ်စေရတာလဲ။စတဲ့ အတွေးပေါင်းစုံက ဗညားကို တွေးတောရင်း နှင့် ပါးပြင်
ပေါ်က အမည်မသိတဲ့ ခံစားချက်နှင့်အတူတူမျက်ရည်တစ်စက် ချောခနဲ လိမ့်ဆင်း
သွားသည်ကို သူသတိထားမိလိုက်သည်။''ဟင်.....!´´
ဟုတ်သည်။ သူပါးပြင်ကို လက်နှင့်စမ်းကြည့်လိုက်သည်။
တလိမ့်ချင်းဆင်းသွားသည့် မျက်ရည်စက်ကို သူတစ်ချက် ကြမ်းခင်းပြင်ကို ငုံ့ကြည့်သည်။''ဘာဖြစ်တာလဲ ! ဘာကြောင့် ငါ့မျက်လုံးက မျက်ရည်တွေ ကျရတာလဲ ၊ ဘာအ
တွက်ကြောင့် ငါငိုနေမိတာလဲ။ ဒီလက်စွပ်က ငါနဲ့ ဘယ်လို ပတ်သတ်နေတာလဲ´´အတွေးပေါင်းစုံက သူ့ကို ခြောက်ခြားစေခဲ့သည်။ သူ့အ
တိတ်ကို ပြန်ရတဲ့ အချိန်မှာ သူက ဆေးရုံပေါ်ကိုရောက်နေခဲ့တာဖြစ်သည်။ သူသတိ
တရနှင့် ဖေဖေ့ကို လှမ်းမေးသည်။ ရောက်နေတာက မြန်မာပြည်မဟုတ်ပဲ ဘန်
ကောက်ဖြစ်နေသည်။ အဲ့ဒီ့အချိန်မှာ သူအရမ်း အံ့သြနေမိသည်။ အချိန်တွေဘယ်
လောက်ကြာတဲ့ အထိ ဒီမှာ ဆေးလာကူးတာဖြစ်ကြောင်း ဖေဖေက ရှင်းပြသည်။ပြီး
တော့ ဗညား ပျောက်သွားတဲ့ အချိန်ကနေ စပြီး ဘယ်လို ရှာပုံတော် ဖွင့်ခဲ့ကြောင်း
နှင့် ဗညားကို အချိန်တွေ ခြောက်လလောက်ကြာပြီးမှ ဘယ်နေရာက ဘယ်လိုရှာ
တွေ့ကြောင်းကို ဖေဖေ့ နှုတ်က ကြားခဲ့သည်။
YOU ARE READING
ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်Complete
Non-FictionUnicode အားလုံးပဲမင်္ဂလာပါ ခင်ဗျာ။ (ဒယ်လ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ် )ဆိုတဲ့ ဒီ BL ဇာတ်လမ်းလေးကတော့ ကျွန်တော် စာရေးသူ - မင်းဒီပါ(မြို့ဟောင်းမြေ)ရဲ့ မူပိုင်စာဖြစ်ပြီး မည်သည် တစ်ဦးတစ်ယောက်ထံမှ ထပ်ဆင့်ပွားပြီး ကူးယူဖော်ပြထားခြင်းမရှိပါဘူးခင်ဗျာ။ ...