Episode - 18

2.5K 193 0
                                    


ဒယ်လ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်
.............................................................   အပိုင်း - ( ၁၈ )



''သားလေးရယ် ...ဗညား ! အောက်ကို မြန်မြန်ဆင်းခဲ့တော့ သား ၊ သမီးလေးစောင့်နေရတာ အားနာစရာကြီးရယ်...´´

                               အခန်းတံခါးကို ခေါက်ရင်း မေမေခေါ်သည်ပြောသည်ကို ဗညား
ကြားသည်။ ဒါပေမယ့် ဗညား ပြန်မထူးဖြစ်ခဲ့ပါ။ ဒီအတိုင်း စားပွဲခုံရှေ့မှာထိုင်ရင်း
ထွေထွေလေး ထိုင်ဖြစ်နေသည်။

                               မေမေ့အသံကို မကြားရတော့ပြီ။ ဒီတော့ မေမေအောက်ထပ်ကို
ပြန်ဆင်းသွားပြီဆိုတာ သိသည်။ ဒီတော့ ဗညား ငြိမ်နေသည်ကို ရပ်လိုက်ပြီး စာရေး
ခုံပေါ်မှာ တင်ထားသည့် မှန်ထဲက သူ့ပုံရိပ်ကို သေသေချာချာစိုက်ငေးကြည့်လိုက်
သည်။

''ဗညား ! မင်းဘာတွေ ဖြစ်နေတာလဲ ၊ မင်း ဘယ်လိုဖြစ်သွားတာလဲ ။ မင်းက ဟို
အရင်တုန်းကလို ဗညား မဟုတ်တော့ဘူးလား။ ငါ မင်းကို ခန့်မှန်းလို့ မရတော့ဘူး
ကွာ...´´

                          ကျွတ်.....!

                          ဗညား သူ့ကိုယ်သူ မှန်မှာကြည့်ရင်း 'ကျွတ်´သတ်ရိုက်လိုက်သည်။

                           မနေ့က။
                            မနေ့က ဗညား နှင့် ခေတ်နှောင်ကြိုးကို စေ့စပ်ကြောင်းလှမ်းဖို့ကို
လူကြီးတွေ သဘောတူကြသည်။ ဗညား ကို တိုင်ပင်တော့ ဗညားက အဖြေမပေးခဲ့။
ဒီအတိုင်းငြိမ်နေခဲ့သည်။ ဒါကို မေမေက အခွင့်ကောင်းယူပြီး ဗညား သဘောတူ
လက်ခံတယ်လို့ ယူဆကာ မေမေ ခေတ်နှောင်ကြိုး မိဘနှစ်ပါးကို နားဖောက်အကြောင်းကြားလိုက်သည်။ ထိုအထိ ဗညား ငြိမ်သက်နေဆဲ ဖြစ်သည်။

                            ဒီနေ့က ဗညားကို ခေတ်နှောင်ကြိုးနှင့် အတူတူ နဝရတ် ရွှေဆိုင်က
နေပြီး မနေ့က အော်ဒါမှာထားတဲ့ စေ့စပ်လက်စွပ်တစ်စုံကို မေမေ က သွားယူခိုင်း
တာဖြစ်သည်။ ဗညား မသွားချင်ပေမယ့် ဗညား နှုတ်က မသွားဘူးလို့ ပြောမထွက်ခဲ့
ပါ။ ဗညား ဒီစေ့စပ်ပွဲကို သဘောမတူ။ ဒါပေမယ့် ဗညားက ဖေဖေ နဲ့ မေမေတို့ရဲ့သ
ဘောကို ထပ်ပြီး လွန်ဆန်ရမှာ တွက်သည်။ တစ်ချိန်က ဗညား ဖြစ်ချင်သလို လုပ်
ချင်သလို လုပ်ခဲ့ပြီးပြီ။ အဲ့ဒီလို လုပ်ခဲ့လို့လည်း ဗညား အခုလို ကိစ္စတွေနဲ့ ကြုံနေခဲ့
ရတာပင်။ ဒီတစ်ခါ ထပ်ပြီး မလုပ်ချင်တော့ပါ။ ဖေဖေနဲ့ မေမေ့ကို သနားသည်။ဖေ
ဖေနဲ့ မေမေက ဗညား ပျောက်သွားလို့ အရမ်းကို စိတ်ပူနေခဲ့ရတာ ဗညားသိသည်။
သူငယ်ချင်းတွေကလည်း သူမနှင့် သဘောတူကြောင်း၊ လက်ခံသင့်ကြောင်းကိုဖုန်း
ဆက်ပြောကြသည်။ ဟုတ်ပါသည်။ တကယ်တန်းကျတော့ သူမက အများအမြင်
မှာ ဘာမှ အပြစ်ပြောစရာ မရှိပဲ ရိုးသားဖြူစင်တဲ့ မိန်းကလေးတစ်ဦးပါ။ ဒါပေမယ့်
ဗညားက သူမကို ဘာအတွက်ကြောင့် လက်ခံရတာ ခက်ခဲနေမှန်းမသိခဲ့။ မျိုးရိုးက
အစ သူမလုပ်တဲ့ အလုပ်အကိုင်ပိုင်းမှာကော ဗညား ဘက်လက်ညိုးထိုးပြီး အပြစ်
ပြောဖို့ မလိုအောင်ပြည့်စုံတဲ့ သူမကိုမှ ဗညားက ဘာအတွက်ကြောင့် လက်မခံနိုင်ရ
မှန်းမသိခဲ့။

ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ