......................................................... အပိုင်း - ( ၈ )ရေချမ်း ပြောရင်း ချမ်းအေး နောက်ကြော ဘက်ကနေခါးကြား
ကိုလက်ထိုးဖက်ထားပြီး အသာလေး မတော့ ချမ်းအေးလည်း ထလိုက်သည်။နှစ်
ယောက်သား အားစိုက်လိုက်ချိန်မှာတော့ ချမ်းအေး မတ်တတ်လေးရပ်နိုင်သွားပြီး
ဖြစ်သည်။ ဒီတစ်ခါ ရေချမ်းက ချမ်းအေးကို အနောက်ကနေ ဖက်ထားတာမဟုတ်
ပဲ ဘေးနားကနေ ချမ်းအေးလက်ကို ရေချမ်းပုခုံးပေါ် သိုင်းဖက်တင်လိုက်ပြီး တ
ဖြည်းဖြည်း အိပ်ခန်းထဲကိုဝင်လာသည်။ အိပ်ခန်းကိုရောက်တော့ ချမ်းအေးကိုချ
မည့်ဆဲဆဲမှာ ချမ်းအေးက လဲချလိုက်တော့ နှစ်ယောက်သား ၀ရုန်းသုန်းခ အိပ်ယာ
ထဲကိုကျသွားသည်။ ကျကျချင်း ရေချမ်းက ချမ်းအေးလက်ကို ဖယ်လိုက်ပြီးသေ
သေချာချာလုပ်ပြီး သူ့ကို အိပ်ယာထဲမှာ သိပ်လိုက်သည်။ ချမ်းအေးကတော့မျက်
လုံးစုံမှိတ်ထားပြီး ဒီအတိုင်းငြိမ်နေ၏။ သေချာစွာ လုပ်ပြီးမှ ရေချမ်းနေရာ၌ထရပ်
မည့်ဆဲဆဲမှာ ရေချမ်းလက်ကို ချမ်းအေး ဖြတ်ခနဲ ဖမ်းဆွဲလိုက်သည်။ ဒီတော့ ရေ
ချမ်းလည်း ချမ်းအေး အားနှင့်ဆွဲလိုက်သည်မို့ ရေချမ်း ချမ်းအေး ကိုယ်ပေါ်၌ ဘုန်း
ဘုန်း ကျ လဲကျသွားသည်။ ချမ်းအေး ကတော့ မျက်လုံးစုံမှိတ်ထားရင်း ရေချမ်း
ခန္ဒာကိုယ် အပေါ်ပိုင်းကို ကျစ်ကျစ်ပါအောင်ဖက်ထားလိုက်တော့သည်။ ရေချမ်း
ကတော့ အတင်းအကန် ရုန်းရင်းနှင့်.......။''ကိုချမ်းအေး ! မှားနေပြီ။ ကျွန်တော်တို့ ဒီလိုမျိုးနေလို့ မရဘူးလေ´´
''ဟာ ! ကိုချမ်းအေး သတိထားဦးလေ။ ကျုပ်တို့ ဒီလို လုပ်လို့ မရဘူး´´
''ကျွန်တော် ပြောနေတယ် ! ကိုချမ်းအေး လွှတ်ပါ! လွှတ်......ကို......´´
ŞİMDİ OKUDUĞUN
ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်Complete
Kurgu OlmayanUnicode အားလုံးပဲမင်္ဂလာပါ ခင်ဗျာ။ (ဒယ်လ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ် )ဆိုတဲ့ ဒီ BL ဇာတ်လမ်းလေးကတော့ ကျွန်တော် စာရေးသူ - မင်းဒီပါ(မြို့ဟောင်းမြေ)ရဲ့ မူပိုင်စာဖြစ်ပြီး မည်သည် တစ်ဦးတစ်ယောက်ထံမှ ထပ်ဆင့်ပွားပြီး ကူးယူဖော်ပြထားခြင်းမရှိပါဘူးခင်ဗျာ။ ...