Unicode

2.4K 225 76
                                    



"အရှင်မင်းကြီး !!! အရှင့်သားကို မတွေ့တော့ဘူး !"

"ဘာ !!!"

နဂါးဘုရင်မင်းမြတ်ရဲ့ အာမေဋိတ် ကြိမ်းဝါးသံက ရေအောက် နန်းတော်တခွင် သိမ့်သိမ့်တုန်သွားတယ် ။

"တွေ့အောင်ရှာကြစမ်း !!!"

​ဘုရင်မင်းမြတ်ရဲ့ ရာဇသံအောက်မှာ ရေအောက်နန်းတော်ရဲ့ အမှုထမ်းတွေ ပျားပန်းခတ် အလုပ်များလျှက် ။ နန်းဆောင်ကြီး တစ်ခုလုံး ရေပူစီဖောင်းတွေ ထောင်းလမောင်းထနေအောင် မင်းသားလေးကို မြေလှန်... မဟုတ်သေး... ရေလှန်ရှာဖွေကြကုန်တော့တယ် ။

သို့ပေသိ ရေအောက်နန်းဆောင်ကြီးထဲက ပုန်းလျိုးကွယ်လျိုး ဟိုချောင်အောင်း ဒီသလွန်အောက်ပုန်းရင်း ထွက်ပြေးသွားသော ကလေးလေးတစ်ယောက်ကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ချေ ။ အမှုထမ်းများရဲ့ မျက်လုံးထဲမှာတော့ အင်မတန်ခန့်ညားချောမောလှတဲ့ နဂါးမင်းသားလေးကိုသာ အာရုံစိုက် ရှာဖွေနေကြလေရဲ့ ။

----------------------

မနက်နေရောင်ခြည်က လမ်းမတစ်လျှောက်ဖြာကျနေပြီး ငှက်တစ်ချို့က နံနက်ချိန်ခါတေးသံသာကို သီကျူးနေကြတယ် ။ နေ့သစ်တစ်နေ့ရဲ့ အစဟာ နွေးထွေးတက်ကြွစရာကောင်းလွန်းပေမယ့် ရှောင်းကျန့်ရဲ့ အိမ်အပြန် ခြေလှမ်းတွေက သာခွေယိုင် ။ မနက်ခင်း အလုပ်တက်သူ ကျောင်းတက်သူများကြားမှာ နွမ်းလျအိမ်ပြန်ခဲ့သူတစ်ယောက်က ထူးခြားစွာ သဘာဝနဲ့ ဆန့်ကျင်နေတယ် ။ တကယ်တော့ Animator တစ်ယောက်ရဲ့ အလုပ်အချိန်ဇယားဟာ တရားသေမရှိဘဲ အိပ်ပျက်ညများစွာနှင့် ဖွဲ့စည်းထားပြီး နားရက်များဟာ ရှားပါးလွန်းလှတယ် ။

"နီးလာပြီ! အိမ်နဲ့ နီးလာပြီ အားတင်းထား ! ငါ့အိပ်ယာလေး ငါ့ကိုမျှော်နေတာ ငါသိတယ် ! ခံစားမိနေတယ် !"

ရှောင်းကျန့် ပါးစပ်က တတွတ်တွတ်ရွတ်ရင်း လမ်းကိုသည်းမည်းလျှောက်လာနေတယ် ။ လေးရက်လောက် အိမ်မပြန်ဘဲ အလုပ်ပိနေခဲ့ရာက ရလာတဲ့ နှစ်ရက်တာအားလပ်ရက်မှာ အိပ်ယာလေးကို အတိုးချ အလွမ်းသယ်ချင်နေမိတယ် ။ အဲဒီနောက် လေးရက်တာ လွမ်းနေခဲ့ရပါသော ကျင်းကော် ။

Accidentally in Love [YiZhan]Tempat cerita menjadi hidup. Temukan sekarang