Unicode"နောက်ကျလိုက်တာကွာ ဘာလဲမင်းဖားသားကြီးပွားနေလို့လား"
"အေးကွာ ငါလဲစောစောထွက်လာတာဘဲ အပါးကဘာတွေပွားနေမှန်းကိုမသိတာ ဒါကြောင့်နဲနဲနောက်ကျနေတာ ဘာလဲမင်းတို့ကစနေပြီလား"
"မင်းမြင်တဲ့အတိုင်းဘဲ ဟိုကောင်Dancing floorမှာ"
"နဲနဲတောင်မစောင့်နိုင်ဘူးလား"
"မင်းဟာမင်းနောက်ကျတာဟျောင့်ရေ လာမပွားနဲ့ ကချင်ရင်Dancing floorလာ ငါသွားပြီ"
"ဘောမွေးကောင်"
အခု နာမည်ကြီးClubတစ်ခုရောက်နေတာ ဘာလုပ်ဖို့လဲဆိုတော့ မြင်တဲ့အတိုင်းကဲဖို့ ကျွန်တော်တို့စကွက်က လူရမ်းကားတေတော့မဟုတ်ဘူး ဒါပေမယ့်မလုပ်ဖူးတာလဲမရှိဘူး ဆိုတော့သူများတွေခေါ်ကြတဲ့ ဂျလေပီပေါ့ဗျာ ဆိုတော့ကျွန်တော်နာမည်ကJung Hoseok အခုနကDancing floorထဲဆင်းသွားတာက Kim Nam Joonကျန်တာနောက်မှမိတ်ဆက်ပေးမယ် အခုလောလောဆယ် သောက်လိုက်ဦးမယ်ဗျ စောစောထွက်လာတာကိုထွက်ခါနီးက အပါးကပွားနေလို့ တရားနာလာရသေးတယ် ဘဝကြီးကသောက်ခွေးလိုဘဲ တစ်ခါတစ်လေတော့လဲ အဆင်ပြေမနေဘူးပေါ့ဗျာ
ဘာမှမသောက်ရသေးဘူးလူကရစ်လာပြီ အဲ့လိုဘဲကျွန်တော့်ရဲ့ Alcohol levelက နှစ်ခွက် သုံးခွက်လောက်သောက်ပြီးရင်မှောက်ပြီ အခုတစ်ခွက်ဘဲရှိသေးတယ် ခေါင်းကရစ်လာပြီ အောက်တစ်နေရာက အဆင်မပြေဖြစ်လာလို့ Toiletသွားပြီးဖြေရှင်းလိုက်ရသေး Toiletကထွက်လာတော့ လူတစ်ယောက်နဲ့ဝင်တိုက်မိပါလေရော နဂိုတည်းကထွက်ချင်နေတဲ့ဒေါသက ဒီလူနဲ့တိုက်လိုက်မှ စောင့်ကနဲထွက်လာတော့တာဘဲ"ဒီမှာ ခဗျားလူတစ်ယောက်လုံးထွက်လာတာမမြင်ဘူးလား"
ဘာလဲဒီလူက ငါပြောနေတာကိုမကြားတာလား စကားမပြောတက်တာလားတေမိလား ဒီလူငါ့ကိုလာရွဲ့နေတာလား အမယ်သူက ငါ့ကိုကျော်ပြီးတောင်မသိချက်ယောင်ဆောင်သွားသေးတယ်ပေါ့ တွေ့မယ် ခဗျားကြီး ငါ့ကိုများဘာမှတ်နေလဲ ဒီနေ့ခဗျားကြီးနဲ့မှစားရင်းမရှင်း ရရင်Jung Hoseok မဟုတ်တော့ဘူး
"ဒီမှာ ခဗျားကိုပြောနေတာ ခဗျားနားလေးနေလား မသိချင်ယောင်ဆောင်သွားတာ ဘာအထာလဲ"

YOU ARE READING
BAL GYI
FanfictionZawgyi ဘဲကြီးခများက Alcoholလိုဘဲ သောက်လိုက်လို့ခါးသွားပေမယ့် ဆက်သောက်ချင်နေတုန်းဘဲ ဘဲကြီးက မုန်းဖို့ကောင်းပေမယ့် ကျွန်တော်ကခများကြီးကို ချစ်ချင်နေတုန်းဘဲ Unicode ဘဲကြီးခများက Alcoholလိုဘဲ သောက်လိုက်လို့ခါးသွားပေမယ့် ဆက်သောက်ချင်နေတုန်းဘဲ ဘဲကြီးက မုန...