Episode -1

39 2 2
                                    

[Zawgyi]
လူ​တွေက​မျှော်​လင့်​ချက်​​တွေနဲ့ရှင်​သန်​ကြတယ်​တဲ့...
ကျွန်​မက​ကောဘယ်​လို​မျှော်​လင့်​ချက်​​တွေနဲ့ရှင်​သန်​​နေတာလဲ...

အသိ​တွေက​ပြောကြတယ်​...နင့်​​ယောကျာ်းကိုမိန်းမတ​စ်​​ယောက်​နဲ့ခဏခဏ​တွေ့ကြတယ်​တဲ့။ကျွန်​မက​တော့ဘာမှမဖြစ်​ပါဘူး။ကျွန်​မက​​မောင်​ကိုယုံတယ်​​လေ။မောင်​ကစီးပွား​ရေးလုပ်​​နေတဲ့သူဘဲ...အ​ပေါင်းအသင်​၀င်​ဆံ့တာကအံ့သြစရာမှမရှိတာ။အိမ်​​ထောင်​​ရေးတစ်​ခုကိုတည်​​ထောင်​တယ်​ဆိုတာချစ်​​နေတာနဲ့လည်းမပြီးဘူး​လေ...နားလည်​မှု၊ယုံကြည်​မှု​တွေလည်းရှိ​နေရမယ်​မလား။ပြီး​တော့ကျွန်​မနဲ့​မောင်​ရဲ့ကြားမှာသမီး​လေးဆိုတဲ့သံ​ယောဇဉ်​ကြိုး​လေးကလည်း​နှောင်​ဖွဲ့ထားတယ်​​လေ။သာယာ​ပျော်​ရွှင်​ဖို့​ကောင်းတဲ့ဒီမိသားစု​လေးကိုကျွန်​မကဘယ်​နည်းနဲ့မှအဖျက်​ဆီးမခံနိုင်​သလို​မောင်​ကလည်းကျွန်​မလိုထပ်​တူဘဲဆိုတာယုံကြည်​တယ်​။

ဒီစကား​တွေအခုတစ်​​လောခဏခဏကြား​နေရတယ်​...နင့်​​ယောကျာ်းကိုမိန်းမ​တစ်​​ယောက်​နဲ့အမြဲ​တွေ့​နေရတယ်​​နော်​...လုပ်​​ဖော်​ကိုင်​ဖက်​​တွေနဲ့ကိုမတူဘူးတဲ့။မောင်​ကိုပြန်​ပြီး​မေးလိုက်​ချင်​​ပေမဲ့​မောင်​ကိုမယုံကြည်​ရာကျမှာလည်းစိုးရိမ်​မိတယ်​။ပြီး​တော့သ၀န်​တိုပြီးရစ်ရတာတို့ကလည်းကျွန်​မပုံစံမဟုတ်​ပြန်​​တော့ခက်​​တော့ခက်​သား။ပြီး​တော့အခုတစ်​​လော​မောင်​ကအလုပ်အရမ်းရှုပ်​​နေတယ်​နဲ့တူတယ်​။မနက်​ဆိုလည်းကိုယ်​ပြင်​​ပေးထားတဲ့မနက်​စာ​တောင်​မစားနိုင်​ဘဲအလုပ်​အ​စောကြီးထသွားရ...ညဆိုလည်း​နောက်​ကျမှအိမ်​ပြန်​​ရောက်​​တော့​မောင်​ကိုဘာမဟုတ်​​တာ​လေးနဲ့စိတ်​ရှုပ်​မခံ​စေချင်​ဘူး။

မကြာခင်​မှာလည်း​မောင်​နဲ့ကျွန်​မရဲ့အိမ်​​ထောင်​သက်​တမ်း၁၂နှစ်​လည်းပြည့်​​တော့မယ်​။သမီး​လေး​မွေးပြီး​နောက်​ပိုင်း​မောင်​ကိုသီးသန့်​အချိန်​မ​ပေးမိတာ​တောင်​ကြာပြီပဲ။သမီးကိုထိန်းရတာကတစ်​ဖက်​...အလုပ်​ကတစ်​ဖက်​နဲ့ဆို​တော့​မောင်​ကိုအချိန်​မ​ပေးနိုင်​ခဲ့ဘူး။အခုလာမဲ့anniversaryကျရင်​​တော့​မောင်​ကိုသီးသန့်​အချိန်​​ပေးဖို့ဆုံးဖြတ်​လိုက်​တယ်​။မောင်​ကအလုပ်​အရမ်းရှုပ်​​နေ​တော့​ပျော်​​စေချင်​တာလည်းပါတာ​ပေါ့။မောင်​နဲ့နှစ်​​ယောက်​ထဲအတူဖြတ်​သန်းရမှာကို​တွေးမိပြီးအပျိုဖြန်း​လေးလို ရင်​​တွေခုန်လာရတယ်​။

PenambraWhere stories live. Discover now