[Zawgyi]
"ရတီ...နင်ကလဲဒီတစ်ခါတော့လာပါဟာ...FWက ဒီလောက်ပျော်ဖို့ကောင်းတာကို...အိမ်မှာဘဲမနေပါနက်ဟ..."စန္ဒာကပြောတော့ "ငါကလူများတဲ့နေရာတွေမှသိပ်မကြိုက်တာ...နင်တို့လည်းသိသားနဲ့...အဲ့နေ့ကျရင်အတန်းတွေလည်းမရှိတော့ ငါ့ဟာငါအိမ်မှာဘဲအိပ်ရေးဝအောင်အိပ်တော့မယ်..."ရတီက ရီမောရင်း ပြောသည်။ယမင်းက"ရတီမ...နင်ဒီတစ်ခါမလာရင်ငါစိတ်ဆိုးတော့မှာနော်...သူငယ်ချင်းတွေစုပြီးပျော်ချင်ပါတယ်ဆိုမှ...နင်ကFWလည်းမလာ ကျောင်းသင်္ကြန်ဆိုလည်းမလာနက်...လူငယ်ပီပီပျော်ပျော်နေစမ်းပါဟ...နင်ကြည့်ရတာ အဖွားအိုကြီးကျနေတာဘဲ..." ရတီက "နင်ကလည်းဟာ...ငါမှဒီပွဲတွေမလာဖူးတာ...ပျင်းစရာကြီးကို..."
"အေးလေ အဲ့ဒါကြောင့်နင့်ကိုခေါ်နေတာပေါ့...မသိဘူးဟာ...ဒီတစ်ခါမလာရင်တော့ ငါ့ကိုစကားလာမပြောနက်တော့...ငါတကယ်စိတ်ဆိုးမှာ ရတီမ..." ယမင်းက မျက်နှာကိုစူပုတ်ပြီး ပြောလေသည်။ "အေးပါဟာ နင်ကလည်း ငါလာရင် ပြီးရောမလား စိတ်မဆိုးနဲ့....ဟုတ်ပြီလား..." ထိုအခါမှ ယမင်းကရယ်ပြလာပြီး "ဟီး....အဲ့ဒါကြောင့်နင်ကိုချစ်တာ...ငါကနင်တို့နဲ့အတူတူပျော်ချင်လို့ပါဟ..." "အေးပါ ယမင်းရယ်....ငါလာပါ့မယ်..." ရတီက ဒီပွဲတွေကိုသွားရမှာ ပျင်းတာကြောင့် နှစ်တိုင်းတစ်ခါမှ မသွားဖြစ်ဘူး။ အခုက ယမင်းအရမ်းခေါ်နေလို့သာ အားနာ၍ သွားမယ်လို့
ဆုံးဖြတ်လိုက်သည်။ဒီနေ့က ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့ Fresher Welcome ပွဲတော်နေ့....တစ်နည်းအားဖြင့် ကျောင်းသူကျောင်းသားများ အားလုံး လူစုံတက်စုံ တက်ကြွပျော်ရွှင်စွာဖြင့် ကျောင်းလာကြသောနေ့ ဖြစ်သည်။ ဒီလိုနေ့မျိုးဆို မေဂျာပေါင်းစုံက မုန့်ကျွေးတဲ့သူများကကျွေး၊ အအေးတိုက်တဲ့သူများကတိုက်ကြနဲ့ အလွန်စည်ကားလှသည်။ ကျောင်းခန်းမကြီးထဲမှာလည်း King Queen Selection များနှင့် မေဂျာပေါင်းများစွာက ၀ါသနာပါသူများစုစည်းပြီး ပြဇာတ်များ၊ Kpop သီချင်းများကပြကြသူများ၊ model လျှောက်ပြကြသူများနှင့် အလွန်စည်ကားလှသည်။ ထိုပွဲများပြီးရင်တော့ မေဂျာကိုယ်စီက king Queen များကို ကျောင်းသူကျောင်းသားများ၏ မဲရလဒ်၊ voteရလဒ်များ ဖြင့်ရွေးချယ်ကြလေသည်။
YOU ARE READING
Penambra
Humor[Zawgyi] လူတွေကမျှော်လင့်ချက်တွေနဲ့ရှင်သန်ကြတယ်တဲ့... ကျွန်မကကောဘယ်လိုမျှော်လင့်ချက်တွေနဲ့ရှင်သန်နေတာလဲ... [Unicode] လူတွေကမျှော်လင့်ချက်တွေနဲ့ရှင်သန်ကြတယ်တဲ့... ကျွန်မကကောဘယ်လိုမျှော်လင့်ချက်တွေနဲ့ရှင်သန်နေတာလဲ...