Episode - 2

22 1 0
                                    

[Zawgyi]
Episode - 2

လွန်ခဲ့သော၁၄နှစ်ခန့်က.....

ကလင်...ကလင်...ကလင်... မနက်၇နာရီထိုးတဲ့ alarmမြည်သံကြောင့် ခွန်စောမောင် မျက်လုံးမှိတ်လျက်ပင် နာရီalarm ကိုပိတ်လိုက်သည်။ ပုံမှန်ဆိုဒီအချိန်က ခွန်စောမောင်အိပ်ရာထသည့်အချိန်မဟုတ်...ဒီနေ့က တက္ကသိုလ်ပထမဆုံးစတက်ရမည့်နေ့ဖြစ်သောကြောင့် အစောကြီးထရခြင်းဖြစ်သည်။ ကျွန်တော်က စီးပွားရေးမေဂျာ ပထမနှစ် စတက်ရမှာဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဖြစ်ပြီဆိုတဲ့အသိနဲ့ စိတ်ကရွှင်နေပေမဲ့ လူကတော့အိပ်ရာကမထချင်သေး။ ညကသူငယ်ချင်းတွေနဲ့ ဂိမ်းကိုချိန်းပြီးဆော့ကြတာ မနက်၂နာရီထိုးမှ အိပ်ပျော်သွားတယ်။ အခု၇နာရီပြန်ထရတော့ လူကအိပ်ရေးမဝချင်ဘူး။ 8နာရီကျရင် ကျောင်းferryကလာခေါ်မှာဆိုတော့ မထချင်လည်း မျက်လုံးကိုအတငိးပြူးပြဲကာ အိပ်ရာမှထလာပြီး ရေချိုးခန်းကို အမြန်ဝင်ရတယ်။

ရေမိုးချိုးပြီးတော့ ရှပ်အင်္ကျီအဖြူရောင်လက်ရှည်နဲ့ ပုဆိုးနီညိုရောင်အကွက်နဲ့ကို တွဲဖက်ဝတ်ဆင်လိုက်သည်။ နဖူးပေါ်တွင်ဝဲကျနေသော မဲနက်နေသောဆံပင်များကို ဆီနှင့်လှန်တင်ထားလိုက်ပြီး ကိုယ့်ပုံစံကို မှန်ထဲတွင်သေချာကြည့်လိုက်သည်။ ၆ပေရှိသောအရပ်၊ ရှမ်းလူမျိုးဖြစ်တာကြောင့် ဖြူနေသောအသားရေ၊ မဲနက်ပြီးတစ်တန်းထဲဖြစ်နေသောမျက်ခုံး၊ စူးရှပြီးတောက်ပသော အနက်ရောင်မျက်လုံးများနှင့် ထွားကြိုင်းသောခန္တာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ညာဘက်မျက်လုံးထောင့်နားရှိ  ထင်းနေသောမှဲ့နက်ကလည်း ပိုမိုဆွဲဆောင်မှုရှိအောင် ပံ့ပိုးပေးနေသယောင်။ ကိုယ့်ပုံစံကို မှန်ထဲတွင် သေချာကြည့်ပြီး ကျေနပ်တော့မှ ကျောင်းသွားရန် အောက်ထပ်ကိုဆင်းလာလိုက်သည်။

"အမေရေ...သားကျောင်းသွားတော့မယ်...မုန့်ဖိုးလေးပေးပါဦး"အမေပါးကိုနမ်း၍ချွဲကာပြောလိုက်သည်။

"သားရယ်...တက္ကသိုလ်ကျောင်းသားတောင်ဖြစ်နေပြီ...အမေ့ကိုအခုထိချွဲနေတုန်းဘဲလား" အမေကမနက်စာကိုပြင်ဆင်နေရင်းရယ်မောကောပြောလိုက်လေသည်။

"အမေကလည်း...ဒီသားလေးတစ်ယောက်ပဲရှိတာကို...သားမှမချွဲရင်ဘယ်သူကအမေ့ကိုလာချွဲမှာလဲ..."

PenambraWhere stories live. Discover now