Zawgyi
" ချီးယား "
Night Club တစ်ခုတွင် ခွက်ချင်းတိုက်ကာ အောင်ပွဲခံနေသော အမျိုးသားအုပ်စု...၊၊
အကုန်လုံးက ခပ်ချောချောလေးတွေပင်မဲ့ အနား ဘယ်သူမှ မကပ်ရဲကြ၊၊
" ရှောင်းကျန့် ဒီတစ်ခေါက် တာဝန်ကျတာ ဘယ်နေရာလဲ "
ထိုလူအုပ်စုထဲမှ အရပ်ရှည်ရှည်နဲ့ ဟိုပ်ခွမ်း ဆိုသည့် ကောင်ကြီးက မေးလိုက်လေသည်၊၊
မှည့်နက်လေးတွေ အပေါ် တက်သွားအောင်ထိ တွန့်ကွေး ပြုံးလိုက်သည်၊၊ ထို့အပြုံးက အမည်မသိ အပြုံးမျိုး၊၊
" တောရွာလေးတစ်ခုပါပဲကွာ၊၊ ဓားပြတွေ သေင်းကျန်းနေတယ်လို့ သတင်းကြားရလို့ အထက်က ငါ့ကို အဲ့ဘက် အပန်းဖြေဖို့ရော ဆိုပြီး တာဝန်ပေးတာ "
" မဆိုးပါဘူးကွာ၊၊ ဓားပြလောက်ကတော့ အေးဆေးပဲ၊၊ အကြာကြီး အနားယူခဲ့၊၊ ဟဲ.. တောသူ အချောအလှလေးတွေ တွေ့ရင် တစ်ခါတည်းသာ ဆွဲခဲ့ကွာ "
ရှောင်းကျန့် က ဟက်ဟက်ပက်ပက် ရယ်ကာ အမေမွေးထဲကပါလာသည့် အဖိုးတန် လက်ငါးချောင်းမှ အရှည်ဆုံး အလယ်က လက်ခလယ်လေးတွေ ယဉ်ကျေးစွာ ထောင်ပြလိုက်သည်၊၊
" စေတနာနဲ့ သတိပေးတာပါရှောင်းကျန့်ရာ... ဗိုလ်ကြီး ဖြစ်နေပြီး တစ်ကိုယ်တည်း သမား ဖြစ်နေတာ မဟန်လိုက်တာ၊၊ ဟုတ်တယ်မလား မောင့်အချစ်လေး "
ဟိုက်ခွမ်းက မှိုရအပြုံးကြီးနဲ့ သူ့လင် ပခုံးကို ဖက်ကာ ' ငါတို့ အတွဲကို အားကျစမ်း ' ဆိုတဲ့ မျက်ခွက်ကြီးနဲ့၊၊
" တော်စမ်းပါ၊၊ မင်းလို လန်ဘားကောင်ကို ကျူစန်ကျင့်ဆိုတဲ့ ကောင်က ဘာကြည့်ကြိုက်လဲ မသိဘူး "
" မင်းကွာ ငါ့ ရဲ့ မောင့်ကို အဲ့လို မပြောစမ်းပါနဲ့၊၊ "
ရှောင်းကျန့် ဒီဝိုင်းထဲက ထွက်ချင်နေပြီ၊၊ အရေးထဲ ရည်းစားအတွဲတွေက ဖင်ယားနေပြန်ပြီ၊၊
" ကဲ ငါမှားပါတယ်ကွာ "
" ကဲ ကျန်တာတွေ မတွေးနဲ့တော့၊၊ ဒီည အပြတ်ကဲမယ်၊၊ "
ခွက်ချင်းတိုက်သံတွေနဲ့ အတူ DJ သံတွေကလဲ မြူးထူးနေလျက်၊၊
YOU ARE READING
Sweet Love 𝓒𝓪𝓹𝓽𝓪𝓲𝓷 & 𝓓𝓸𝓬𝓽𝓸𝓻 (Complete )
Fanfiction달콤한 사랑의 세계에서 Fic Cover by- D HP Hnin