အပိုင်း(၆)

4.1K 434 63
                                    

Zawgyi

ဆံပင်ငုတ်စိလေးနဲ့ ရှောင်းကျန့် က Captain တစ်ယောက်လို ခန့်ချောမှုတွေ အတိုင်းသား မြင်နေရသည်၊၊

ယောက်ျားပီသတဲ့ ရှောင်းကျန့် ပုံစံက တကယ်ကို ဆွဲဆောင်မှုရှိတဲ့ တရုတ်သားစစ်စစ်လေး၊၊

မှန်ရှေ့တွင် လေချွန်ကာ အမွှေးတိုနေတဲ့ ဆံငုပ်စိတွေကို ဂျယ်လိမ်းကာ ဖီးသပ်နေသည်၊၊

ဒီနေ့ ရွာသူကြီး မွေးနေ့ ဆိုလို့ ရွာဓလေ့ ထုံးစံအရ ဖိတ်ခေါ်ခြင်းခံရလေသည်၊၊ ထို့ကြောင့် စားဖို့သောက်ဖို့ထက် ဒေါက်တာလေးကို ငမ်းဖို့ အပီအပြင် ရှိုးပြင်နေခြင်းပင်၊၊

အဝတ်အစားကို ပေါ့ပေါ့ပါးပါး ပဲရွေးဝတ်ကာ ထွက်လာလိုက်သည်၊၊ တပည့်ဖြစ်သူ ယွီပင်း နဲ့ အတူ သူကြီး အိမ်ကို ခြေတံရှည်တွေနဲ့ လှမ်းလျှောက်သွားလေသည်၊၊

ရွာထဲက မိန်းမပျိုလေးတွေကလဲ ခန့်ညားတဲ့ Captain ကို ငမ်းရင်း ဘေးက တပ်ကြပ် ယွီပင်းကိုလဲ မာယာတွေ တစ်ပုံကြီး ပို့စ်ပေးနေသည်၊၊

ယွီပင်း ကတော့ အမွှေးတထောင်ထောင် ထနေတဲ့ captain ဆီက ရေမွှေးနံ့တွေကြောင့် ချောင်းပင် ဆိုးချင်သည်၊၊

သူကြီးအိမ်သို့ရောက်သောအခါ သူကြီး နေရာချပေးတဲ့ နေရာ ဝင်ထိုင်ရင်း မျက်လုံးက ဒေါက်တာလေးကို လှမ်းရှာနေမိသည်၊၊

" captain အဝစားဗျာ "

" စားရမှာပေါ့ဗျာ "

သူကြီး ထည့်ပေးတဲ့ အသားဖက်တွေ ထည့်ယူစားရင်း မျက်လုံးကလည်း လူအုပ်စုထဲဝယ်၊၊

" ဆရာ စားလေ၊၊ ထမင်းက ဆရာ မျက်စိရှေ့မှာ ... ဆရာ အဆံက တခြား ရောက်နေပြီ "

ယွီပင်း လဲ သဲလွန်းတဲ့ သူ့ဆရာကို ငေါ့တူး ပြောလိုက်သည်၊၊

" စကားမများနဲ့ စားမှာသာစား "

တကယ်ပဲ ဒေါက်တာလေး မတွေ့ရလို့ လူက ဖျားချင်နေပါပြီဆိုမှ ဘေးက စောက်အက်အေ့စ်က လာပြီး အရွဲ့တိုက် နေတယ်၊၊ အဲ့ ပြောမယ်သာ ပြောရတာ သူလည်း Faပဲ၊၊ ဘာပဲဖြစ်ဖြစ် အိပ်မက်ထဲမှာ သူက ဒေါက်တာနဲ့ အခါတစ်ရာမက ချစ်ပြီးပြီ၊၊

Sweet Love 𝓒𝓪𝓹𝓽𝓪𝓲𝓷 & 𝓓𝓸𝓬𝓽𝓸𝓻   (Complete )Donde viven las historias. Descúbrelo ahora