အပိုင်း(၄)

4.2K 464 46
                                    

Zawgyi

နံနံပင်တွေ ခြွေနေတဲ့ ရိပေါ် က မျက်နှာလဲ မှုန်ကုပ်ကုပ် နှင့်ပင်၊၊ ဘာကို အလိုမကျဖြစ်နေလဲ ဆိုတာ မသိတော့ဘူး၊၊ သေချာတာကတော့ ဗိုလ်ကြီးကြောင့်က 99.9% ရှိသည်၊၊

" ဟူး... တို့ ရိပေါ် လေး ဘာတွေးနေတာလဲ "

ဘယ်အချိန်က ရောက်လာမှန်း မသိတဲ့ ကျဲယန်လီက ရိပေါ် ပါးဖောင်းလေးကို ဆွဲညစ်ကာ မေးလေသည်၊၊

အဆွဲခံရတဲ့ ပါးလေးကို ကိုင်ရင်း မျက်စောင်းထိုးလိုက်သည်၊၊ ကျဲယန်လီ များ အားနေ သူ့ပါး လာဆွဲနေတယ်၊၊

" ကျဲ ဟို Captain က ဘယ်လို လူမျိုးလဲ "

" ဘာလို့လဲ ရိပေါ် ... မဟုတ်မှ သူက ရိပေါ် ကို ဖွင့်ပြောလို့လား "

" မဟုတ်တာ ပေါက်ကရတွေ.. ယောက်ျား ချင်း အလကားနေ ကြိုက်ပါ့မလား ကျဲ ကလည်း "

" ဒီခေါတ်က ပြောင်းလဲနေပြီလေ၊၊ သူက ရိပေါ် ကို ကြိုက်လဲ ကျဲက သဘောတူတယ်၊၊ ဘာလို့လဲဆို captain က အရမ်းချောတယ် "

" ရုပ်ချောတာက ဘာလုပ်ရမှာလဲ ၊၊ အချစ်က ရုပ်နာမ်ကို မကြည့်ပါဘူး ၊၊ ကိုယ့် သဘောကျတဲ့သူ အတွက်တော့ သူက လောကမှာ ကိုယ့်အတွက် အချောဆုံး၊ အတောက်ပဆုံး လူသား တစ်ယောက် ဖြစ်နေမှာ "

" ကဗျာတွေဆန်နေလိုက်တာနော်၊၊ သူ့အပေါ် ရိပေါ် စိတ်တွေ ရိုးမှ ရိုးသားရဲ့လား "

" ရိုးသား လိုက်တာမှ ရေမရောဘူး၊၊ ဟွန့် ကျွန်တော် ဆေးခန်း လာလာပြီး ဘာတွေ ဆိုပြနေမှန်း မသိပါဘူးဗျာ "

ထိုအခါ ယန်လီ မျက်နှာက လိုချင်တာရတဲ့ ဖူဂျိုရှီ မ အတိုင်းပဲ ပြုံးဖြီးနေလျက်၊၊

" ကျဲ ဆီမှာ Application တစ်ခု ရှိတယ်၊၊ အဲ့တာက နိုင်ငံတကာ သုံးရုံမကဘူး စာတွေပါ ဖတ်ရတယ်၊၊ "

" ဘာလေးလဲ ကျဲ "

စာအကြောင်းဆိုတာနဲ့ ဝမ်ရိပေါ် မျက်လုံးတွေ ဘလင်း ဘလင်း ထလာသည်၊၊ ဆရာဝန် တစ်ယောက်ပီပီ စာတွေ အများကြီး လေ့လာခဲ့ရတော့ စာက သူနဲ့ သားအဖ တော်နေပြီ၊၊

" Wattpad "

ယန်လီက ရိပေါ် အဖြေ မစောင့်ဘဲ ရိပေါ် ဖုန်းကို ဆတ်ကနဲ ဆွဲယူကာ သူ့ဖုန်းထဲက Wattpad app လေးကို Zapya နဲ့ ကူးပေးလိုက်သည်၊၊

Sweet Love 𝓒𝓪𝓹𝓽𝓪𝓲𝓷 & 𝓓𝓸𝓬𝓽𝓸𝓻   (Complete )Tahanan ng mga kuwento. Tumuklas ngayon