Unicode
ရှောင်းကျန့် က သူ့ရင်ခွင်ထဲက ဝမ်ရိပေါ် မျက်နှာလေးကို တစိမ့်စမ့်ကြည့်တယ်၊၊နဖူး၊ မျက်ခုံး၊ မှိတ်ထား၍ မျက်ခွံမို့မို့လေးတွေ နှာတံလုံးလုံး၊ နှုတ်ခမ်းဖူးလေးကို အချိန်အကြာကြီးထိ ကြည့်နေခဲ့မိတယ်၊၊
ဒေါက်တာက သူ့ရင်ကို ကိုင်လှုပ်စေနိုင်တဲ့ လူပဲ၊၊
ဝမ်ရိပေါ် ဝတ်ပေးထားတဲ့ Hoodiesဆီက ရတဲ့ ရနံ့လေးကို ရှောင်းကျန့် သိပ်သဘောကျတယ်၊၊
သူချစ်ရသူရဲ့ အငွေ့အသက်၊ ကိုယ်ရနံ့လေးတွေ စွဲကပ်ထင်းကျန်နေတာကို သဘောကျတယ်၊၊ အနားမှာ အမြဲတမ်း ရှိနေသလိုမျိုးပဲ၊၊
လှုပ်စိစိနဲ့ နိုးလာတဲ့ ဝမ်ရိပေါ် ဟာ ရှောင်းကျန့် ကို မြင်တာနဲ့ ကုတင်ပေါ်က တန်းဆင်းသွားသည် ၊၊
ကိုယ်က တွန့်ကြေနေတဲ့ အဝတ်ကို ပြင်ဆင်ရင်း ရှောင်းကျန့် နဖူးဆီ လက်လှမ်းလိုက်သည်၊၊ အပူလျော့သွားတော့ ရတက်အေးသွားမိသည်၊၊
" အဖျား သိပ်မရှိတော့ဘူး၊၊ ဆေးပေးလိုက်မယ်၊၊ အချိန်မှန် သောက်ပါ၊၊ "
ဝမ်ရိပေါ် ဟာသူကသာ ပြောနေရတာ ရှောင်းကျန့် ဆီက စကားမလာ၍ လှည့်ကြည့်မိရာ မိမိကို စိုက်ကြည့်နေတဲ့ ရှောင်းကျန့် အကြည့်တွေကြောင့် ရှက်သွားမိသည်၊၊
" ခင်ဗျား က အရူးပဲ၊၊ မိုးရေထဲ ရပ်နေတာ "
" ဒါက ဝမ်ရိပေါ် ကြောင့်လေ၊၊ ကိုယ့်ကို ရှောင်နေတဲ့ ဒေါက်တာလေးကို တွေ့ရဖို့ ဒီလောက်တော့ စွန့်စားရမှာပဲလေ၊၊ ရလဒ်က ဘာဖြစ်ဖြစ် မကြိုးစားဘဲနဲ့တော့ လက်မလျော့နိုင်ပါဘူး "
ရှောင်းကျန့် ပုံစံက ခေါင်းမာနေတဲ့ အနေအထားနဲ့၊၊ သူဘာကို ဆိုလို လဲဆိုတာ ဝမ်ရိပေါ် ဟာ တခေတ္တမျှ ကြောင်အမ်းသွားသည် ၊၊
" ခင်ဗျား တကယ်ဆို စာရေးဆရာ လုပ်သင့်တယ် ၊၊ လေပေါကြွယ်လို့ "
" ဒါဆိုလဲ ဝမ်ရိပေါ် ရဲ့ ကိုယ်ပိုင် အချစ် စာရေးဆရာ လေးပဲ ဖြစ်ချင်ပါတယ် "
ရီသဲ့သဲ့နဲ့ ရှောင်းကျန့် က ဝမ်ရိပေါ် ကို ဖလိုက်စ်နေတာလား၊၊ ယောကျ်ားသား တစ်ဦးဖြစ်တဲ့ ဝမ်ရိပေါ် က နူးနူးညံ့ညံ့ စကားတွေကို သဘောမကျဘူး၊၊