3AM (1)

4.6K 354 45
                                    

Zawgyi

ယန်လင်းချန်း


"ဟာ.....သွားတော့လာတော့မယ်ဆိုမိုးကလုပ်ပြီ"

ပျော့ပျောင်းပြီးနဖူးပေါ်ဝဲကျနေသောဆံပင်နက်နက်တို့အားစိတ်ရှုပ်စွာဖြင့်သပ်တင်ပစ်ရင်းယန်လင်းချန်း​တစ်ယောက်ကုတင်ပေါ်ပြန်ကွေးမိသည်။

ဆိုင်သွားခါနီးအဝတ်အစားတွေလဲပြီးကာမှရုတ်တရတ်ရွာချပစ်တဲ့မိုးကြောင့်သူစိတ်ညစ်သွားရသည်။အစိုးမရတဲ့မိုးကအခုတော့သည်းသည်းထန်ထန်ရွာနေသည်အားပြတင်းပေါက်မှတစ်ဆင့်မွှေ့ယာထဲကွေးကာသူငေးကြည့်နေသည်။

မိုးရာသီ၏နေ့ရက်တိုင်းမှာဒီလိုအဖြစ်မျိုးကနေ့စဉ်လိုလိုကြုံနေကျမို့ယန်လင်းချန်းလဲအရင်လိုပွစိပွစိထိုင်မပြောဖြစ်တော့ပေ။မဖြစ်ဆိုသူလည်းဆိုင်သွားခါနီး မိုးရွာတိုင်းကုတင်ပေါ်ပြေးပြေးကွေးနေရတာကိုကြိတ်ပြီးသဘောကျနေသည်မဟုတ်လား။

ပြီးတော့သူတွေးနေလေရဲ့။အသက်နှစ်ဆယ်အရွယ် သူ့အားအိမ်ကလူတွေကဘာကြောင့်လူကြီးလို့မမြင်ကြသေးတာလဲဆိုတာပင်။အိမ်ကလူကြီးတွေဆိုပေမဲ့အများကြီးတော့မဟုတ်။သူရဲ့အဖွားနှင့်ကျဲကျဲ(အစ်မ)နှစ်ယောက်တည်းသာဖြစ်သည်။

ဒီအရွယ်ကြီးရောက်နေတာတောင်ဆိုင်ကိုသူများတွေလိုကားတွေဆိုင်ကယ်ကြီးတွေနဲ့ခပ်လန်းလန်းလေးလစ်ချင်မိတာမဆန်းပေမဲ့ဆန်းနေသည်ကသူ့ရဲ့အဖွားနဲ့ကျဲကျဲပင်။

အသက်ကြီးပြီဖြစ်တဲ့အဖွားကကျန်းမာရေးလေးချူချာတာလွဲရင်ဖွားနှုတ်ကထွက်တဲ့စည်းကမ်းချက်တွေကိုကျဲကျဲရောသူပါလိုက်နာရစမြဲ။ပြီးတော့အခုထိအဖွားကအိမ်ရဲ့ငွေကိုင်ကြီးဖြစ်နေဆဲ...။ကပ်စေးကလဲနဲလိုက်တာမှလွန်ပါရော။မရှိလို့ချွေတာစုဆောင်းခြစ်ကုပ်နေရတဲ့အခြေနေလဲမဟုတ်။

သူ့ရဲ့ပါပါးနှင့်မာမားကSingaporeမှာစီးပွားရေးအခြေချနေပြီးတစ်လတစ်ခါသူတို့အားလုံးသုံးဖို့အတွက်ကျဲရဲ့BankAccထဲငွေလွှဲထည့်ပေးသည်။ပါးလွှဲပေးတဲ့ငွေတွေကိုဖြင့်တစ်ခါမှမမြင်လိုက်ရ။ဖွားကချည်းအထိန်းအသိမ်းကောင်းမြဲဖြစ်သည်။

3AMWhere stories live. Discover now