Zawgyi
Cafeဆိုင်ကပြန်လာပြီးကတည်းကအေဇက်၏စိတ်အာရုဏ်တို့ဟာကောင်းကင်ပြာကြီးလိုကြည်လင်နေသည်။
သူဟာအုပ်ထိန်းသူမိဘနှစ်ပါး၏လောင်းရိပ်အောက်ကရုန်းထွက်ပြီးမြန်မာနိုင်ငံ၌လွတ်လပ်ရေးလာယူနေသူမို့လုပ်ချင်တာလုပ်ခွင့်ရနေပြီးစိတ်မကြည်သောနေ့ဆိုသည်မှာမရှိသလောက်ပင်။
သို့ပေမဲ့ဒီနေ့တော့သူ့ရဲ့စိတ်တွေကြည်လင်နေသည်ကအရင်နှင့်မတူ။တစ်စုံတစ်ယောက်ကိုမခံချင်အောင်စနောက်ရတာသူ့အတွက်ပျော်စရာကောင်းနေသည်။
ခန်းစည်းလိုက်ကာကိုဆွဲဖွင့်ပြီးမှန်နံရံတွေအပြင်ကမြင်နေရသောရှူခင်းတွေကိုငေးမောကြည့်ကာသူပြုံးနေမိ၏။
သူ့အတွက်ယန်လင်းချန်းဆိုတဲ့ကောင်လေးကစကားထဲထည့်ပြောနေရလောက်အောင်တော့အရေးမပါနေပေမဲ့သူမြင်ဖူးခဲ့သမျှယောက်ျားလေးတွေထဲမှာအူကြောင်ကြောင်အနိုင်ဆုံးငတုံးဟုသိပြီးကတည်းကအပျင်းပြေကစားစရာလေးတစ်ခုရလိုက်သလိုမျိုးဘဲထိုကောင်လေးကိုဆော့ကစားချင်လာသည်။
လွပ်လပ်ရေးလာယူနေတဲ့သူဆိုသည့်အတိုင်းအချိန်တွေပေါနေသည့်အေဇက်မှာသူ့ဘော်ဒါတွေနှင့်အချိန်ဖြုန်းလျှင်ဖြုန်း၊မဖြုန်းလျှင်တစ်ယောက်တည်းဆိုင်ကယ်လိုက်မောင်းသည့်အခါလိုက်မောင်းဖြစ်သည်။
စိတ်မပါလျှင်တော့အိမ်ထဲမှာဘဲသီချင်းနားထောင်လိုက်ဂီတာတီးလိုက်ပင်အချိန်ကုန်သည်။
အခုတော့ဟိုကောင်တွေမအားလျှင်လည်းသူမပျင်းရတော့။ယန်လင်းချန်းဆိုတဲ့ကစားစရာလေးရနေပြီဖြစ်သည်။နေ့နေ့ညညသူပျင်းလာပြီးစိတ်ပေါက်လာတိုင်းထိုကောင်လေးကိုသူနှောင့်ယှက်ဖြစ်ဦးမည်။
သည်လိုဘာမဟုတ်သည့်ကောင်လေးတစ်ယောက်ကို
စိတ်ထဲထည့်မိသည်ကသူ၏Typeတော့မဟုတ်ပေမဲ့
ယန်လင်းချန်းဆိုသောကောင်လေးဟာသူများတွေလိုသူ့အားမြင်တာနှင့်အလိုအလျောက်ရောနှောရင်းနှီးချင်ကြသောသူတွေနှင့်မတူသည့်အပြင်တစ်ခြားသူတွေလိုသူ့အားရိုကျိုးဖို့များနေနေသာသာရန်လိုနေသောမျက်ဝန်းတစ်စုံကိုသာထိုကောင်လေးထံတွေ့ရသည်။
YOU ARE READING
3AM
Romance(Unicode & Zawgyi) အေရှိန်းဇက်(AZ) ထိုင်းဗမာကပြား အချောအမောပေမို့မိန်းကလေးတွေသာမကယောက်ျားလေးများ၏စိတ်ဝင်စားမှုကိုရရှိနေသည့်အချေအမိုးကိုလူချော။ ယန်လင်းချန်း တရုတ်ဗမာကပြား Straightစစ်စစ်ဖြစ်သည့်အပြင်ရိုးလွန်းတာမို့ချစ်သူရည်းစားမရကာကောင...