3AM (7)

855 113 18
                                    

Zawgyi

"အဆုတ်အအေးပက်ပြီးအဖျားဝင်သွားလို့ကိုယ်ခံအားတွေကျပြီးသတိလစ်သွားတာပါ။အရမ်းကြီးစိုးရိမ်စရာတော့မရှိပါဘူး။ဆေးတော့ထိုးရမယ်"

"ဟုတ်ကဲ့ ဒေါက်တာ"

ဆရာဝန်၏စမ်းသပ်ချက်တွေကိုနားထောင်ပြီးနောက်အေဇက်ဟာယန်လင်းချန်း၏ဖြူဖျော့နေသောမျက်နှာအစိတ်အပိုင်းလေးတွေကိုစိတ်မအေးစွာငေးကြည့်နေသည်။

သွေးရောင်မရှိတဲ့နှုတ်ခမ်းလုံးလုံးလေးတွေကိုကြည့်မိတော့သူ့စနောက်လိုက်တာလွန်သွားလေသလားတွေးရင်းထိုကောင်လေးအပေါ်အနည်းငယ်အားနာမိသည်။

အေဇက်၏စိတ်ကောင်းဝင်ချိန်လေးကတော့တစ်ခဏတာလေးပင်။သူ့၏နည်းပါးလှသောကိုယ်ချင်းစာ၍သနားညှာတာမှုလေးကဆရာဝန်၏ဆေးထိုးအပ်နှင့်ယန်လင်းချန်း၏တင်ပါးတို့မိတ်ဆက်တဲ့အခါမှာတော့ရုတ်ချည်းပင်သူဟာထိုကောင်လေးအပေါ်ဂရုဏာကင်းလျက်ချောမောလှသောရုပ်ရည်နှင့်မလိုက်ဖက်စွာဝမ်းတွင်း၌ကြိတ်၍မြူးတူးနေခဲ့သည်။

ပြီးနောက်ဆရာဝန်မှာကြားချက်တွေနှင့်အတူသောက်ဆေးတွေပါတစ်ပါတည်းယူပြီးငွေရှင်းကာထိုကောင်လေးအားကားထဲပြန်ထည့်ပြီးယန်လင်းချန်းအိမ်သို့မောင်းထွက်ခဲ့သည်။

************************************

"ဟင်း....."

ဝေဝါးနေတဲ့အမြင်အာရုံတွေနှင့်အိပ်ရာမှနိုးလာတဲ့ယန်လင်းချန်းဟာကိုယ်လက်နာကျင်မှုတွေကြောင့်ညည်းညူလျက်ဖြေးညှင်းစွာထလာ၏။

သူ၏ဘေးတွင်ထိုင်နေသောကျဲကျဲဟာသူနိုးလာတာမြင်သည်နှင့်လက်ထဲကဆန်ပြုတ်ပန်းကန်ကိုအမြန်ချရင်းဖွားကိုအော်ခေါ်တော့သည်။

"ငယ်လေး ရော့ ဆန်ပြုတ်သောက်ဦး"

ယန်လင်းချန်းကသူ့အားခွံ့လာသောဆန်ပြုတ်ဇွန်းကိုငေးရင်းမအီမသာဖြစ်မိသည်။သူနေမကောင်းဖြစ်တိုင်းဒီလိုဆန်ပြုတ်တွေသောက်ရတာအမုန်းဆုံးပင်။ခံတွင်းကပျက်ပါတယ်ဆိုဘာအရသာမှမရှိတဲ့ဆန်ပြုတ်ကြီးကိုသောက်ဖို့မပြောနှင့်ကြည့်ချင်စိတ်ပင်ရှိမနေ။သူခေါင်းခါလိုက်သည်။

3AMWhere stories live. Discover now