Episode 1.2 (unicode)

3K 418 2
                                    

RuanYan ကဂရုတစိုက် လှန်လှောကြည့်လိုက်တယ်။ ဒီအချက်အလက်တွေကတော့အတော်လေးကို ရိုးရှင်းတဲ့သာမာန်စာလုံးတွေပဲ။
သူကခေါင်းငြိမ့်လိုက်ပြီး
"ပြဿနာမရှိပါဘူး။အဆင်ပြေတယ်"

"Okayလေ ဒါဆိုငါနဲ့လိုက်ခဲ့"
အတွင်းရေးမှူး Tao က သူမနောက်ကိုလိုက်လာဖို့အချက်ပြလိုက်တယ်။
"မင်းမှာဒီအချက်အလက်တွေကိုအကျွမ်းတ၀င်ဖြစ်အောင်ဖတ်ဖို့အချိန်နှစ်မိနစ်ကျန်သေးတယ်။အဓိကအရေးကြီးတာကတော့ စာမျက်နှာ ၄၁ ကနေ ၆၂ ထိပဲ။ စင်ကြောက်လန့်တာမျိုးမဖြစ်စေနဲ့။ ဘာအပိုစာသားမှ
မပြောရဘူး။ မဆိုင်တဲ့မေးခွန်းတွေကိုဖြေစရာမလိုဘူး။နားလည်လား?"

"နား......နားလည်ပါတယ်" RuanYan တုန်လှုပ်ခဲ့တယ်။ သူမက ၈ လက်မဒေါက်ဖိနပ်နဲ့တောင်မြန်မြန်လျှောက်နိုင်တာပဲ။ ဒီမှာရှိတဲ့လူတိုင်းရဲ့အလုပ်အပေါ်ကျွမ်းကျင်မှုက မြင့်လွန်းတယ်
ဆိုတာ RuanYan သိရှိခဲ့တယ်။ ဒီနေရာမှာအလုပ်အပေါ်ကျွမ်းကျင်မှုရှိဖို့အရေးကြီးတယ်ဆိုတာ သူတွေ့ရှိခဲ့တယ်။ လူတိုင်းကအရမ်းအလုပ်များကြတယ်။ အလုပ်အကြောင်းပြောဆိုဆွေးနွေးဖို့ကလဲ အရာရာမှာကျွမ်းကျင်ဖို့လိုတယ်။ သူ့ရဲ့အရင်ကုမ္ပဏီက အသုံးမကျအချောင်ခိုပြီးပြာယာခတ်နေတဲ့လူတွေနဲ့ ဆီနဲ့ရေလိုလုံး၀ကွာခြားလွန်းတယ်။

ဒီလိုနှိုင်းယှဉ်ကြည့်ပြီးနောက်မှာတော့ RuanYan ရဲ့တိုက်ခိုက်ချင်စိတ်ကပိုကြီးလာခဲ့တယ်။

အစည်းအဝေးခန်းအပြင်ဖက်မှာ အတွင်းရေးမှူး Tao ကလက်တစ်ဖက်ကို တံခါးလက်ကိုင်ပေါ်ကိုင်ထားရင်းနဲ့ RuanYan ကိုကြည့်လိုက်ပြီး
"မင်းအဆင်သင့်ဖြစ်ပြီလား"

RuanYan အချက်အလက်စာအုပ်ကိုပိတ်လိုက်ပြီးသူ့၀တ်စုံအောက်ဖက် အနားကွပ်ကိုဖြောင့်အောင်ဆွဲဆန့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။
"အဆင့်သင့်ဖြစ်ပြီ"

*Click*

RuanYan အစည်းအဝေးခန်းထဲ၀င်ရောက်လာခဲ့တယ်။ သူအနည်းငယ်စိတ်လှုပ်ရှားနေတုန်းပဲ။သူ့ခြေရောလက်ရော စုံလိုက်လျှောက်နေမိတယ်လို့သူ့ကိုယ်သူခံစားရတယ်။

President isn't 'Mary Sue' (mm translation)Where stories live. Discover now