Episode 5.1 (zawgyi)

1.6K 130 13
                                    

အဆုံးမှာတော့ RuanYan ကနိုင်ငံခြားခရီးစဉ်ကိုသွားခဲ့ရတယ်။

ဒါပေမဲ့လည်း အဲ့ဒါက LiHan ကသူ့ကို 'စီးပွားရေးနဲ့ဆိုင်တဲ့ခရီးတို' လေးအဖြစ် ခေါ်သွားတာပဲဖြစ်တယ်။ ဒါပေါ့..အပြင်ပန်းမှာတော့ အဆက်အသွယ်လုပ်ဖို့နဲ့ ရှာဖွေလေ့လာဖို့ သွားတာဆိုပေမဲ့ တကယ်တမ်းမှာတော့ အလုပ်ကိစ္စကို ၂ရက်အတွင်းမှာပဲ အပြီးသတ်ပြီးနိုင်ခဲ့တယ်။ ကျန်တဲ့အချိန်တွေကိုတော့ အားလပ်ရက်ရသလို အပန်းဖြေခြင်းဖြင့် ကုန်ဆုံးခဲ့ကြတယ်။

သူတို့၂ယောက်ဟာ ကျိုတိုမြို့မှာ အနားမယူခင် တိုကျိုမြို့ကနေဟိုကိုင်းဒိုကျွန်းထိ လည်ပတ်ခဲ့ကြတယ်။

သူတို့မပြန်ခင်တစ်ရက်အလိုမှာ သူတို့ကဖူရှီမီအီနာရီဗိမာန် (Fushimi Inari Shrine) ကိုသွားခဲ့ကြတယ်။ လိမ္မော်ရောင်ဂျပန်ရိုးရာဂိတ်တံခါးတိုင် (orange torii) တွေက အတွင်းဖက်သို့ အေးအေးလူလူလျှောက်နိုင်ပြီးတော့ နက်ရှိုင်းပြီးကြည်လင်အေးချမ်းတဲ့ ဥမင်လှိုဏ်ခေါင်းသဏ္ဌာန်ဖြစ်ပေါ်နေပြီး ဘယ်တော့မှအဆုံးမရှိကြတဲ့ပုံပဲ။ သူတို့၂ယောက်ရဲ့အရှေ့မှာစုံတွဲတစ်တွဲရှိပြီး မိန်းကလေးကတိုင်တွေကြားကနေ ပြူထွက်ကာ သူမချစ်သူကောင်လေးနဲ့ တရင်းတနှီးဓာတ်ပုံတွဲရိုက်နေကြတယ်။ ထိုစုံတွဲဟာ တစ်လမ်းလုံးရယ်မောနေကြပြီး အပြန်အလှန်အားဖြင့် ဒီလိုမြင်ကွင်းက အရွယ်ရောက်ပြီးသားအမျိုးသား၂ယောက်အဖို့ အတော်လေးကိုပျင်းခြောက်ခြောက်ကြီးဖြစ်စေတယ်။

RuanYan ဟာ ရုတ်တရက် သူတို့၂ယောက်ကြားကလေထုက အနည်းငယ်ထူးဆန်းလာသလိုခံစားလိုက်ရတယ်။

သူကဂိတ်တံခါးတိုင်လုံးတစ်ခုစီပေါ်မှာ စကားလုံးတွေ ထွင်းထုထားတာကိုမြင်ခဲ့တယ်။ တိုင်အများစုပေါ်မှာတော့ လူနာမည်တွေ ဒါမှမဟုတ် အချို့သောဂျပန်ရှယ်ယာဝင်ကုမ္ပဏီနာမည်တြွေဖစ်ကြတယ်။ အချို့ကတော့ ပုဂ္ဂလိကပိုင်အလှူအဖြစ် ဆောက်လုပ်ထားကြပြီးတော့ ကျန်တဲ့တိုင်တွေက ကုမ္ပဏီရဲ့နာမည်အောက်မှာဆောက်လုပ်ထားခြင်းပဲဖြစ်တယ်။ အဲ့ဒီနောက် RuanYan ကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပြီး ပြောလိုက်တယ်။
"ဘာလို့ ကျွန်တော်တို့ကုမ္ပဏီအတွက်ရော ဂိတ်တံခါးတိုင်လုံးတစ်ခုမဆောက်လုပ်တာလဲ?"

President isn't 'Mary Sue' (mm translation)Where stories live. Discover now