အခန်း(၆)

1.8K 171 13
                                    

Dinner ပြီးတော်Jisoo တစ်ယောက်လဲ
တော်တော်ကိုမူးနေပါပြီ
Jen သူ့ကိုတွဲကာအခန်းဆီသို့ပြန်ခေါ်လာရသည်
သူတို့အခန်းထဲရောက်တော့ကုတင်ပေါ်မှာသူ့ကိုချ
ပေးကာကုတ်နှင့်ရှပ်အင်္ကျီကိုချွတ်​ပေးလိုက်ပြီး
သက်သောက်သက်သာဖြစ်အောင်လုပ်ပေးလိုက်
သည်
အမူးသမားကတော့သူမလုပ်ပေးတာကိုဘာမှသိ
ပုံမပေါ်အိပ်ယာပေါ်ခြေကားယားလက်ကားယား
နှင့်လှဲကာအိပ်ပင်ပျော်နေပြီဖြစ်သည်
ထို့နောက်သူမJisooခါးပတ်ကိုပါဖြုတ်ပေး
လိုက်ပြီးဖိနပ်ပါချွတ်​ပေးရသည်

"ဘဝမှာသူစိမ်းတစ်ယောက်ကိုအခုလိုလုပ်ပေး
ရလိမ့်မယ်လို့တခါမှမတွေးခဲ့ဖူးဘူး
အခုတော့ဒီငမူးကိုအကုန်လိုက်လုပ်ပေးနေရတယ်"

ဒါတွေကလုပ်မပေးလဲရနေတာပဲကိုဟု
ပြန်စဉ်းစားကြည့်ပြန်​တော့မိမိကိုယ်ကိုယ်
မိမိပင်နားမလည်နိုင်တော့
ကိုယ်ကိုယ်တိုင်ကပင်အိမ်ထောင်မပြုခင်အထိ
ဘာလုပ်လုပ်အိမ်အကူတွေရဲ့ပံပိုးမှုနှင့်သာ
လုပ်ဆောင်လာသူဖြစ်တာကြောင့်
သူမအဖိုးကိုပင်ယခုလိုတခါမှပြုစုပေးခဲ့ဖူး
တာမဟုတ်
အိပ်ယာထက်ကလေးတစ်ယောက်လိုအိပ်
မောကျနေတဲ့jisooကိုကြည့်ကာသူမပါသူ့​ဘေးမှ
လှဲလိုက်ပြီး

"မင်္ဂလာဦးညမှာမူးပြီးအိပ်ပျော်သွားရတယ်လို့
နင်သာယောက်ျားယူခဲ့ရင်တော့မလွယ်ဘူး"

အိပ်ပျော်နေတဲ့Jisoo မျက်နှာကိုလက်နှင့်
လျှောက်ကိုင်ကြည့်ပြီးလုပ်ချင်သလိုလုပ်
နေတော့သည်

"တကယ်အိပ်ပျော်နေတာပဲ"

သူမအကြည့်ကJisooနှုတ်ခမ်းဆီကိုရောက်သွား
တဲ့အခါမှာတော့
မနက်ကဘုရားကျောင်းမှာအနမ်းခံရတာကိုပြန်
တွေးမိသွားသည်
ပြီးတော့Dinnerမှာတုန်းကလဲမူးပြီးသူမပါးကို
လူတွေရှေ့ခဏခဏလာနမ်းနေကာ
ပါးစပ်ကလဲMandu Manduနှင့်ပြောပြီးJen
ပါးနှစ်ဖက်ကိုခဏခဏလာဖျစ်နေတာ
မိမိမှာရှက်နေပေမယ့်လဲဘာမှမတတ်နိုင်
သူလုပ်သမျှငြိမ်ခံနေရခဲ့ရသည်
အခုတော့သူမသူ့မျက်နှာကိုကလဲ့စားချေတဲ့အနေနဲ့
စိတ်ကြိုက်ဆော့ကစားနေတော့သည်
ခဏနေမှကိုယ်လက်သန့်စင်ကာJisooဘေးမှာပင်
ဝင်အိပ်လိုက်သည်
တော်သေးတာပေါ့ကုတင်ကကြီးလို့တော်ရုံဆို
Jisooအိပ်နေတဲ့အနေအထားကြောင့်သူမပင်
အိပ်ရမှာမဟုတ်ပေ


Reality in the midst of fakes (jensoo)Nơi câu chuyện tồn tại. Hãy khám phá bây giờ