အပိုင်း(၁၄)

1.5K 175 30
                                    

Jisoo မရှိတော့ကထဲကကော်ဖီဆိုင်ကို
Wendy ကပဲဆက်၍ဦးစီးလုပ်ကိုင်သည်
J style ကိုအဖိုးဆီမှလက်လွှဲယူလိုက်ကာ
အရင်ကထက်ပို၍အလုပ်ကိုကြိုးစားလုပ်
ဖြစ်သည်

အဖိုးကသူမကိုနောက်အိမ်ထောင်ပြုဖို့
တိုက်တွန်းပေမယ့်ထိုကိစ္စနှင့်ပက်သက်၍
မြေးအဖိုးနှစ်ယောက်စကားများရသေးသည်

ယောက်ျားတွေကလဲမုဆိုးမပင်ဖြစ်လင့်ကစား
စည်းစိမ်ဥစ္စာနှင့်ရုပ်ရည်ကြောင့်Jen ကိုလို
ချင်နေကြတုန်းပင်

Company ကပြန်တော့ကော်ဖီဆိုင်ကိုမရောက်
ဖြစ်တာကြာပြီမလို့ဝင်လိုက်သေးသည်
Wendy နှင့်စကားခဏပြောပြီးနောက်အိမ်ပြန်
နောက်ကျမှာဆိုး၍စောစောပင်ပြန်လာလိုက်သည်

အိမ်ပြန်ရောက်တော့ညစာစား​နေတဲ့လူတစ်စုကို
နှုတ်ဆက်ကာအခန်းထဲသို့ဝင်သွားသည်

"JenJen ကိုကြည့်ရတာမရွှင်မလန်းနဲ့
သူ့ကိုနောက်အိမ်ထောင်ပြုဖို့တိုက်တွန်း
ကြည့်ပါလားAppa "

"ပြောပြီးပြီ...အခုထိJisoo ကိုမမေ့နိုင်
သေးတော့ဘယ်လွယ်ကူမလဲ"

"ဟင်း...ခက်ပါတယ်..."

"ကျမအသိသူဌေးတစ်ယောက်ရဲ့သားနဲ့
မိတ်ဆက်ပေးကြည့်မလားAppa
ကောင်လေးကမဆိုးဘူး
လုပ်ငန်းအတည်တကျလဲရှိတယ်"

"နေပါစေ....တော်ကြာပိုပြီးစိတ်ဆင်းရဲနေဦးမယ်
ဒီတိုင်းပဲလွှတ်ပေးထားလိုက်
အချိန်တန်အဆင်ပြေသွားလိမ့်မယ်"

-----------

အဖိုးကရှယ်ယာရှင်သစ်
အစည်း​ဝေးပွဲပြီး​နောက်
Jennie ကိုတွေ့ချင်သည်ဟုအတွင်း​ရေးမှုးကို
ခေါ်ခိုင်းလိုက်သည်
Jen Company ကနေအဖိုးချိန်းတဲ့စားသောက်
ဆိုင်သို့ထွက်လာခဲ့သည်
သီးသန့်ခန်းလေးအတွင်းသို့ဝင်လာခဲ့တော့
အဖိုးကရောက်နှင့်နေပြီး

"Jen လာလေ"

"အရေးကြီးကိစ္စရှိလို့လားအဖိုး"

"မိတ်ဆက်ပေးစရာလူရှိလို့ခေါ်ခိုင်းလိုက်တာ
သူက J Style ရဲ့အမာခံပရိတ်သက်ဆိုလို့"

"အဖိုး Jen ကိုအောင်သွယ်​ပေးဖို့ကြိုးစား
နေတာတော့မဟုတ်ပါဘူးနော်"

Reality in the midst of fakes (jensoo)Tahanan ng mga kuwento. Tumuklas ngayon