Jennie လက်တွေကိုသူမလက်တွေနှင့်ချုပ်ကာ
ဆုပ်ကိုင်လိုက်ပြီးခေါင်းပေါ်မှာမြှောက်ကိုင်ထား
လိုက်သည်
Jisoo ကမိမိလက်တွေကိုချုပ်ကာအပေါ်ကနေ
မိုးပြီးမိမိကိုကြည့်နေတာကြောင့်Jennieသူ့ကို
အောက်ကနေမော့ကြည့်နေသည်"ဘာလုပ်တာလဲလွှတ်နာတယ်"
"မလွှတ်ပါဘူး"
"ရှင်နော်ကျမကိုစရတာအဲ့လောက်ပျော်လား"
"မင်းကစိတ်တိုရင်ပိုချစ်ဖို့ကောင်းလို့လေ"
Jennieရုန်းနေရာကငြိမ်သွားပြီးတစ်ယောက်
နဲ့တစ်ယောက်ခဏမျှအကြည့်ချင်းဆုံကာ
တစ်ယောက်မျက်နှာတစ်ယောက်ငေးကြည့်နေ
ကြသည်Jennie ရဲ့ပါးဖောင်းဖောင်းလေးတွေ
တဖြည်းဖြည်းရဲလာတာမြင်တော့မှ
Jisoo သူပြောခဲ့တဲ့စကားကဘယ်လိုအဓိပ္ပါယ်
သက်ရောက်သွားလဲဆိုတာသတိရပြီး
သူမလက်တွေကိုလွှတ်ပေးကာအပေါ်ကနေ
ဖယ်ပေးလိုက်သည်"Mian...ငါစတာလွန်သွားတယ်"
Jisoo ဖယ်ပေးလိုက်တာနဲ့Jennie သူ့ကိုခေါင်း
အုံးနှင့်ရိုက်တော့သည်
Jisoo သူမရိုက်ချက်တွေကိုလက်နှင့်ကာကာ
မျက်နှာကလဲပုံးဖြီးနေပြီးJennieကိုဖမ်းမိအောင်
ကြိုးစားတော့သည်
ကုတင်ပေါ်မှာနှစ်ယောက်ကလေးတွေလိုဆော့
နေကြပြီးမောလာတော့မှ"တော်ပြီအိပ်တော့မယ်ချွေးပြန်ထွက်လာရင်
ရေပြန်ချိုးရဦးမယ်""ငါတော့ထပ်ချိုးဦးမယ်ချွေးအရမ်းထွက်ပြီး
နေရတာအဆင်မပြေဘူး"Jisoo ကုတင်ပေါ်ကဆင်းသွားကာရေချိုးခန်းနား
အရောက်Jennie ကိုပြန်လှည့်ကြည့်ပြီး"အတူတူချိုးမလား"
Jennieဆီကအဖြေမလာပဲခေါင်းအုံးအသေးတစ်
လုံးသာသူ့ဆီပျံဝဲလာသည်
Jisoo ရယ်ကာရေချိုးခန်းထဲဝင်သွားသည်"ဘယ်လိုမျက်နှာရူးလဲမသိဘူး
လူကိုများစစရာကျနေတာပဲ"---------------------------
ဟန်းနီးမွန်းခရီးစဉ်အဖြစ်သူတို့ဟာဝိုင်အီကို
ရောက်နေခြင်းဖြစ်သည်
Jisoo ကတော့လေယာဉ်အကြာကြီးစီးလာရ
တာကြောင့်ပင်ပန်းပြီးဟိုတယ်ရောက်တယ်ဆို
ရင်ပဲတန်းအိပ်တော့သည်
Jennieကတော့နောက်နေ့သွားဖို့လာဖို့လည်ဖို့ပတ်ဖို့
အတွက်အစီအစဉ်ဆွဲနေသည်
ထိုနေ့တစ်ရက်ကတော့ဟိုတယ်၌သာနေပြီးအနားယူ
လိုက်သည်
နောက်တစ်နေ့ရောက်တော့
မနက်စာစားပြီးShopping ထွက်တာကြောင့်
Jisoo မှာJennie နောက်လည်လိုက်နေရသည်
နဂိုကတည်းကShopping ဆိုစိတ်မဝင်စားတာ
တဲ့Jisoo နှင့်
Shopping ထွက်ရင်ထမင်းမေ့ဟင်းမေ့
ဖြစ်တတ်သည်Jennie တွေ့ကြပေပြီ
နေ့လည်စာစားချိန်ပင်ကျော်လာပြီ
Jennie ကတော့ပတ်ကောင်းနေတုန်း
Jisoo မိမိခြေထောက်တွေတိုဝင်သွားပြီလား
ဟုငုံ့ငုံ့ကြည့်ရတာခဏခဏပင်
နောက်ဆုံးတော့
ESTÁS LEYENDO
Reality in the midst of fakes (jensoo)
Fanficကံကြမ္မာရဲလှည့်စားမှုအောက် မတူညီတဲ့ဘဝ မတူညီတဲ့အကျင့်စရိုက်၊မတူညီတဲ့ပတ်ဝန်းကျင် အသိုက်အဝန်းကမိန်းကလေးနှစ်ယောက် ဆုံစည်းဖို့အကြောင်းဖန်လာခဲ့သည် အတုအယောင်တွေနဲ့ဖွဲ့စည်းထားတဲ့သူမတို့ နှစ်ယောက်ရဲ့ဆက်ဆံရေးကြားသို့ စစ်မှန်တဲ့အရာတစ်ခုဝင်ရောက်လာသောအခါ...... ကံက...