"ကြင်ယာတော် ကြင်ယာတော်"
ပန်းဥယျာဥ်ထဲ၌ စာဖတ်နေစဉ် အမောတကောဖြင့် ပြေးလာသော မိမိအထိန်းတော်လေးအား အပြုံးနုနုလေးဖြင့်သာ
"ဖြေးဖြေးလာလေ ဂျီဟွန်းရဲ့ ချော်လဲကုန်တော့မှာပဲ..."
နည်းနည်းလောက် လေသံမာလိုက်ရုံနဲ့တင် မျက်နှာငယ်လေးနှင့်ပြန်ကြည့်လာသော အထိန်းတော်ကောင်လေးရယ်ပါ
"ကဲ ပြောပါဦး ဘယ်လောက်တောင် အရေးကြီးလို့ ကိုယ်တော့်ဆီ အပြေးလာရတာလဲ ဟင်"
ထိုအခါမှ လာရင်းကိစ္စအားသတိရသွားသည့်ပုံဖြင့်
"သူမပြန်ရောက်လာပါပြီ ကြင်ယာတော်ကင်မ်"
မကြာခင် မျက်ရည်များကျလာတော့မည် ဖြစ်သောကြောင့်
"ဂျီဟွန်း ကိုယ်တော်လေ တစ်ယောက်ထဲ စာဖတ်ချင်လို့ အဆောင်မှာပဲပြန်စောင့်နေလိုက်တော့နော်"
"ကောင်းပါပြီ ကြင်ယာတော် ကျွန်ေတာ်မျိုး အဆောင်မှာပဲပြန်စောင့်နေလိုက်ပါ့မယ်"
ဂျီဟွန်းထွက်သွားမှသာ မျက်ရည်များကို ကျဆင်းခွင့်ပေးလိုက်သည်...
မဟုတ်ဘူးလေ ဂျွန့်ဆီကနေတောင် အချစ်တွေရဖို့ကြိုးစားနေဆဲ သူမပစ်ထားခဲ့တာကြောင့် ခံစားနာကျင်နေတဲ့ ဂျွန့်ဘဝကို သူကုစားပေးပြီး ဂျွန့်အခြေအနေတွေက ပြန်ကောင်းစဲလုလု အခုအခြေအနေလေးကို ထယ်လက်လွှတ်မပေးနိုင်..
အစထဲက ကြင်ယာတော်နေရာရထားပေမယ့် ဂျွန်၏ဂရုစိုက်မှုအနည်းငယ်ခံရသော သူ့ကို မိဖုရားတွေအစ ကိုယ်လုပ်တော်တွေကအဆုံး အနိုင်ကျင့်ကြသည် နောက်ဆုံး ဂျွန့်မျိုးဆက် ပထမဆုံးနန်းသွေးမွေးပြီးမှ
အနိုင်ကျင့်ခံရခြင်း ကင်းဝေးခဲ့သည် အစထဲက မှီခိုစရာမရှိသော သူ့အတွက် ဂျွန်နှင့်သားလေးကသာ ရှင်သန်ရာဖြစ်သည်..အခုတော့ သူမ ဂျွန်အရမ်းချစ်ခဲ့တဲ့ သူမ ဂျွန့်ကိုနာကျင်မှုတွေပေးခဲ့ပြီး ထားပစ်ခဲ့တဲ့သူမ ဂျွန်အချိန်တိုင်းတမ်းတခဲ့တဲ့သူမ နောက်ဆုံးတော့ သူမပြန်ရောက်လာခဲ့ပြီပေါ့...နောက်တစ်ခါ သူ့ဆီက ဂျွန့်ကိုထပ်လုယူမှာကို မလိုလား ဟင့်အင်း ဂျွန် ဟုတ်တယ် ဂျွန့်ဆီသွားရမယ် ဂျွန်ကသူမကိုပြန်လက်ခံမှာ မဟုတ်လောက်ပါဘူး
YOU ARE READING
ကိုယ့်ကြင်ယာတော် //TAEKOOK//
Narrativa Storicaအခုထိ သူ့ကိုမမေ့နိုင်သေးဘူးလား ဂျွန်ရယ် ကင်မ်ထယ်ယောင်း ကိုယ်တောင်းပန်ပါတယ် ကြင်ယာတော်ရယ် ကိုယ်သူ့ကိုအခုထိ မေ့မရသေးဘူး ဂျွန်ဂျောင်ကု ငါအခုပြန်လာပြီဆိုတော့ မင်းကိုအရှင်က လိုတော့မှာမဟုတ်ဘူ...