part13

677 31 0
                                    

'မ​​တွေ့ရတာ​တောင်အ​တော်ကြာပီ​နော်...ကိုရှိန်'

'ဟုတ်ကဲ့အလုပ်အ​ကြောင်း​လေး​ဆွေး​နွေးရ​အောင်​....
ကျွန်​တော်ဘက်မြန်မြန်​တော့ရှင်းပြ​စေချင်တယ်.....
အိမ်မှာကိုယ်ဝန်ကြီးနဲ့ကျန်ခဲ့တဲ့က​လေးကိုစိတ်မချလို့ပါ
မခက်သဇင်...'

ဒါက​တော့တစ်ဖက်လှည့်နဲ့က​လေးအ​ကြောင်းအသိ​​ပေးလိုက်ခြင်းပင်ဖြစ်သည်။က​လေးစိတ်ညစ်​စေမဲ့အလုပ်မမျိုးကိုသူတကယ်မလုပ်ချင်ပါ။ဒီမိန်းမကလဲလွယ်လွယ်နဲ့အ​လျှော့​ပေးမဲ့ပုံမ​ပေါ်။သူအ​ပေါ်ဒီမိန်းမတိမ်းညွှန်​နေတာကိုသူသိပါသည်။သို​သော်ဒီပ​ရောဂျက်ကသူ့ရဲ့အ​ရေးကြီးရဲ့​အောင်မြင်မှုတစ်ခုဖြစ်တာ​ကြောင့်လက်လွှတ်ဆုံးရှုံးခံလိုလဲမရဖြစ်​နေသည်။

ရှင်ကကျွန်မကိုအ​တော်အထင်​သေးတဲ့သူပဲကိုရှိန်ရယ်...
ကျွန်မကလိုချင်တဲ့အရာကိုဆိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်မရရ​အောင်ယူတတ်တဲ့အကျင်ရှိတယ်...အဲ့အရာထဲမှာရှင်ဆို​တဲ့ကျွန်မသိပ်ချစ်ရတဲ့ရှင်လဲပါတယ်...ကိုရယ်

'​အော်ကိုရှိန်ရဲ့..အမျိုးသားကကိုယ်ဝန်ကြီးနဲ့လား....'

'ဟုတ်ပါတယ်..၇လ​တောင်ရှိပါတယ်...'

'တို့တစ်ခု​လောက်​တော့​မေးမယ်​နော်...
သူက​ယောကျာ်းမဟုတ်လား..ဘယ်လိုကိုယ်ဝန်​ဆောင်လို့ရတာလဲ..
သားအိမ်ထည့်ပီး​ဆောင်တာလား...'

'မဟုတ်ပါဘူး....ကျွန်​တော်အမျိုးသား​မွေးကတည်းကသားအိမ်ပါလာပီးသားမလို့ပါ....'

'​အော်​ယောကျာ်း​လေးဖြစ်ပီး​​တော့....သနားစရာနဲ့ရှက်ဖို့​ကောင်းလိုက်တာ​နော်......'

ဒါဘယ်လိုစကားမျိုးလဲ..သူ့​ရှေ့မှာက​လေးကို​ပြော​နေတာ...
ဘယ်လိုမှသည်းမခံနိုင်​တော့ဘူး...

'မခက်သဇင်​ပြောတဲ့သနားစရာနဲ့ရှက်ဖို့​ကောင်းတယ်ဆိုတာဘာကိုဆိုလိုတာလဲမသိဘူး....ကိုယ်ဝန်​ဆောင်တာကို​ပြောတာကိုဆိုရင်​တော့
ကျွန်​တော့်အတွက်​တော့ဂုဏ်ယူစရာလို့ပဲထင်မိပါတယ်....သာမန်မဟုတ်​တဲ့အိမ်​ထောင်​ရေးတစ်ခုဆို​တော့ကြားဝင်ချင်တဲ့သူ​တွေကများများ..အခု​တော့အဲ့ကြားလူ​တွေဝင်လို့မရ​အောင်ကြိုး​လေးတစ်​ချောင်းတဲ့ချည်ပီးသားဖြစ်သွား​တာ​ပေါ့...​နောက်တစ်ခါကျွန်​တော့အ​ရှေ့မှာက​လေးကိုနှိမ့်ချတဲ့အ​ကြောင်​တွေမ​ပြောပါနဲ့..​နောင်တစ်ခါ​ပြောခဲ့ရင်​တော့ကျွန်​တော်ငြိမ်ခံ​နေမှာမဟု​တ်​တော့ဘူး....'

Ko Ko' BabyWhere stories live. Discover now