Part - 1

6.5K 297 26
                                    

For Zawgyi,

Ting Ting Ting 📱

မနက်စောစောမှာ phသံလေးကြောင့်
နိုးထလာပြီး ကိုင်လိုက်တော့....

" Kim Seok Jin!!!!!! "

ကြားလိုက်ရတဲ့ high noteအသံကြောင့်
လက်ထဲက phပင် လွတ်ကျသွားတယ်။

တော်သေးတယ် အောက်က မွေ့ယာမို့
ကြမ်းပြင်သာဆို ကွဲပြီ..။

Phလေးအား ပြန်ကောက်ကိုင်လိုက်တော့

" ဟဲ့..ငါမေးနေတာ ကြားလား!!
ပြန်သေနေပြန်ပြီလား..."

" Ommaရယ် သားကြားပါတယ်ဗျာ
ဖြေးဖြေးအော်ပါ...
နိုးလဲ နိုးပြီ အိပ်ချင်လဲ ပြေသွားပြီ။ "

" နင်ဘယ်တော့ မိန်းမယူမှာလဲ ဟမ်..
ငါချွေးမလေးလိုချင်နေပြီ "

" လာပြန်ပြီ Ommaရာ...
မယူချင်ပါဘူးဆိုဗျာ
သားက လူပျိုကြီးပဲ လုပ်မှာ "

" ဘာ လူပျိုကြီးလဲ...
နင်အရွယ်ကလဲ မငယ်တော့ဘူး
ငါ့ကို ချွေးမတစ်ယောက် မြန်မြန်ရှာပေးတော့ "

" Ommaကို ရှာပေးရမှာလား..
Ommaယူမလို့လား "

" ဘာ!!!! "

Phကို နားနဲ့ အနည်းငယ်ခြားလိုက်ရင်း

" Ommaကလဲ ဖြေးဖြေးအော်ပါ
သားပြောတာ မဟုတ်လို့လား..
Ommaပဲ ငါ့ကိုချွေးမတစ်ယောက်ရှာပေးဆို "

" ဟဲ့..အဲ့တာ နင့်ကို ပြောတာလေ
ငါက ဘာလုပ်ရမှာလဲ "

" မသိဘူးဗျာ..မသိဘူး..
မယူနိုင်သေးဘူး
ခုမှ သားအသက်က 24ရှိသေးတာ "

" အော်..ပြောရခက်ပါ့လား "

" တော်ပြီဗျာ..သားအလုပ်သွားရဦးမှာ
ဒါပဲဗျာ..ဒါပဲ "

" ဟဲ့...သား..အော်..ဒီကလေးနဲ့နော် "

ချသွားသော Phလေးအား သူမကြည့်ကာ
သက်ပြင်းချမိတယ်။

တက္ကသိုလ်တတ်ထဲက Seoulရောက်သွားတာ
ခုထက်ထိပဲ...တခါတလေပိတ်ရက်ကျမှ
Busanကို အလည်လာတယ်။

သူမကိုလဲ Seoulမှာဖို့တော့ ခေါ်ပါတယ်။
သူမကလဲ အသက်က ကြီးပြီမလား..။
ကိုယ့်မြို့ကိုယ့်ရွာပဲ နေချင်တာပေါ့..။
ဒါကြောင့် သူကို တစ်ယောက်ထဲ လွှတ်ထားလိုက်ရတာ။

Daddy JeonWhere stories live. Discover now