Part 4

112 16 1
                                    

Unicode

ဒီနေ့က Casting ပြီး သုံးရက်မြောက်နေ့ဖြစ်လေသည်။မနက်စာစားပြီးပြီးချင်း Mewတစ်ယောက် twitter သုံးနေလိုက်သည်။TharnType the series twitter
မှာ Casting အောင်တဲ့သူတွေကို ကြော်ညာထားသည်။
Tharn နေရာ သရုပ်ဆောင်တွေကို စစ်ကြည့်လိုက်ရာ
Mew Suppasit ဆိုသည့် နာမည် ကို တန်းတွေ့လိုက်ရ
သည်။ကောင်ငယ်လေးကို တစ်ချက်သတိရသဖြင့် Type နေရာကို စစ်လိုက်ရာ "Gulf Kanawut'' ဟူသောနာမည်တွေ့လိုက်ရသည်။"ယေး....."ဆိုပြီး အော်မိလိုက်သည်။မိမိအောင်လို့လား၊ဟိုပေါက်စလေး အောင်သွားလို့လား မရေရာ။TharnType teamမှ သရုပ်ဆောင်များ အစည်းအဝေးအချိန်ကို mail ပို့လာသည်။ဘာလိုလိုနဲ့ ပေါက်စလေးကို တွေ့ရမယ့် နီးလာလေပြီ။
Gulf တစ်ယောက် ဂိမ်းဆော့ပြီး ညနက်မှ အိပ်မိသဖြင့် မနက်တော်တော်နဲ့မနိုးပေ။Mae(အမေ) က
နေ့လည်စာပါ လွတ်တော့မည်စိုး၍ လာနိုးသဖြင့် နိုးလာရသည်။နေ့လည်စာ စားပြီး၍ အိပ်ယာပေါ်လှဲကာ ဖုန်းသုံးနေလိုက်သည်။Poom က ဖုန်းဆက်ပြောမှ Type နေရာသွားကြောင်းကို သိလိုက်ရသည်။မန်နေဂျာ P'Bestမှ
မနက်ဖြန် TharnType သရုပ်ဆောင်အစည်းအဝေးရှိကြောင်း ပြောလာသည်။ပထမဆုံး ယောကျ်ားလေးနှင့် တွဲရိုက်ရမည့် ဇာတ်ကားဖြစ်၍ နည်းနည်း လန့်ကာ ရင်ခုန်နေမိသည်။
TharnType သရုပ်ဆောင်များ အစည်းအဝေးတွင်
Gulfတစ်ယောက် စိုးရိမ်ကာအစောကြီးလာမိသည်။မည်သူမှ မရောက်သေးသဖြင့် Maeနဲ့ အတူ စောင့်နေ
မိသည်။
Mew Suppasit တစ်ယောက် ထူးထူးဆန်းဆန်း နောက်ကျမှ နိုးလာလေသည်။နေ့လည်စာစားရင်း ဖုန်းသုံး
နေကာ mewlions တွေဆီမှ mentionတဲ့ notiဟာတွေ
တရစပ် တက်လာတော့သည်။အမြန်ဝင်ကြည့်လိုက်တော့
အစည်းအဝေးလုပ်မယ့်နေရာရှေ့မှာ mewlionsတွေ
ရောက်နေကာ မလာသေးဘူးလားဟု mention ထားကြသည်။ရုတ်တရက်လန့်သွားပြီး TharnType team ကို
"မေ့သွားလို့ပါဗျ.....နည်းနည်းနောက်ကျလို့ ရမလား"ဟုမေးလိုက်ရာ '' ခုမှ စရောက်ကြတာ နောက်ကျလို့ရတယ် ''ဟု
ပြောသဖြင့် အဝတ်အစားလဲကာ ပြေးရသည်။Casting နေရာရောက်တော့ မိမိ​၏ အသဲကျော် mewlions များကို
ကမန်းကတန်း နှုတ်ဆက်ကာ အစည်းအဝေးခန်းထဲသို့
ဝင်လာခဲ့သည်။နေရာ ချထားသည့်အတိုင်း ညီရဲ့ ဘေးမာ
ဝင်ထိုင်လိုက်သည်။အချေကောင်လေးကတော့ တစ်ချက်
မေ့ကြည့်ကာ ပြန်ငုံ့ သွားသည်။ ဘာရယ်မဟုတ်နောက်ကျ
လို့ စိတ်ဆိုးနေတာလားဟုပင် ထင်လာသည်။
Teamမှ လူများရောက်လာသဖြင့် နေရာချထားသည့်
အတိုင်း ဝင်ထိုင်ကာ စမယ့်အချိန်ကိုစောင့်နေမိသည်။လူများစုံလာသော်လည်း မိမိဘေးမှ အကို​၏ နေရာလွတ်
နေသေးသဖြင့် နေရာမှားထိုင်နေတာလားဟု တွေးကာ
လျှောက်ရှာလိုက်သေးသည်။အခြားသူများနှင့်လည်း
မည်သို့စကားစပြောရမည်ကို မသိသောကြောင့် ခေါင်းငုံ
ကာ ထိုင်နေမိသည်။ မိနစ်အနည်းငယ်ကြာမှ
ကမန်းကတမ်းဖြင့် အက်ို ဝင်လာပြီး ဘေးခုံတွင် လာထိုင်
သည်။ရောက်လာပြီပဲ ဟူ၍ တစ်ချက်ကြည့်ကာ ခေါင်း
ပြန်ငုံနေလိုက်သည်။
P'Mayမှ audition အောင်သွားလို့ အားလုံးကို
ဝမ်းသာကြောင်း ရှေ့လျှောက် အတူတူ ကြိုးစားသွားကြ
မည်ဖြစ်ကြောင်းပြောကြားသည်။ထို့နောက် Series
အတွက် workshop ၂ပတ် ၊စီးရီးရိုက်ကူးရန်ကြာမည့်
အချိန်နှင့် ပရိုမိုရှင်း အချိန်ထိ အားလုံးပေါင်း ၃လ Team
မှ ပေးသော အဆောင်တွင် နေရမယ်ဖြစ်ကြောင်း
ပြောကြားသည်။ မည်သည့် sponsorမှ မရှိဘဲ Team မှ
ကိုယ်ထူကိုယ်ထ လုပ်ရမည့် ပရောဂျက် ဖြစ်သောကြောင့်
အားလုံး အတူတူ ကြိုးစားကြရအောင်ဟုပြောကြားသည်။
P'May က အတွဲကိုယ်စီကို သက်သက်ခွဲကာဆက်လက်
ဆွေးနွှေးသည်။
မိမိနှင့်အကို့ကို သက်သက်ခေါ်ကာ P'Mayက
ကိုယ်ထူကိုယ်ထ ပရောဂျက်ဖြစ်၍ ဘတ်ဂျက်အရ တစ်ယောက်တစ်ခန်း မထားပေးနိုင်ဘဲ နှစ်ယောက်
တစ်ခန်းပဲ ပေးရ၍ အားနာရကြောင်းနှင့် အခုအခြေအနေကို အသုံးချကာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာစေရန် ပြုလုပ်ရန်ပြောသည်။P'Mayမှ ဒီ စီးရီးလေးမှာ မိမိ တအား တန်ဖိုးထားရသောဝတ္ထုကို ပြန်ရိုက်ထားခြင်းကြောင့် ကြိုးစားပေးပါဟုလည်း ဆိုလာသည်။
အဆောင်မှာနေစဉ်အတွင်းTeamမှ ချမှတ်ထားသော စည်းကမ်းများလိုက်နာရန်သတ်မှတ်ထားသော နားရက်မှသာ အိမ်ပြန်ရန်အားနာပေမယ့်လည်း"Y series'' ဖြစ်၍ နားရက်အတွင်း အိမ်ပြန်သောအခါ လက်တွဲဖော်ရှိလျှင်ဒီ၃လအတွင်းအသွားအလာအနေအထိုင်ဆင်ခြင်ပေးပါဟု
ပြောလာသည်။
ထိုအချက်များကို လိုက်နာနိုင်လျှင် စာချုပ်မှာ
လက်မှတ်ထိုးရန်ဆိုလာသည်။အကိုကမူ စာချုပ်ကို
လေးလေးနက်နက် ဖတ်ကြည့်ပြီး လက်မှတ်ထိုးကာ
P'May ကို ပေးလိုက်သည်။ ကျွန်တော်လည်း P'May ကို
ကျောင်းက ပိတ်ရက်ရနေသော်လည်း ၂လ သာ ပိတ်ပြီးနောက်ဆုံးနှစ်ဖြစ်၍၂လနောက်ပိုင်းအလုပ်သင်သွားရန်
ရှိကြောင်း အသိပေးလိုက်သည်။ ၂လနောက်ပိုင်း
ပရိုမိုးရှင်းအချိန်ဖြစ်၍ အလုပ်သင်သွားရန် အဆင်ပြေ
သည်ဟု ပြောလာသဖြင့် လက်မှတ်ထိုးကာ ပေးလိုက်
သည်။ ထို့နောက် အစည်းအဝေး ပြီးသဖြင့်
အိမ်ပြန်လာလိုက်သည်။

Bii is my one and only happy virusWhere stories live. Discover now