Unicode
အိမ်ပြန်ရောက်သော် ဖောနဲ့ mae ကို အဆောင်မှာ သွားနေရမည့် အကြောင်းပြောပြီး အဝတ်အစားလိုတာတွေကို ပြင်ဆင်နေလိုက်သည်။Poomဆီမှ ဖုန်းလာသဖြင့်
အဆောင်သွားနေရမည့်နှင့် နေ့တိုင်းတွေ့လို့အဆင်မပြေသဖြင့်" ပိတ်ရက်မှ တွေ့ကြမယ်'' ဟု ပြောလိုက်သည်။
Poom မှ "လွမ်းနေရတော့မယ် ...နေ့တိုင်း
ဖုန်းပြောကြမယ်နော်''ဟု ဝမ်းနည်းနေသည့် အသံလေး
ဖြင့် ပြောလာသည်။"သုံးလပါပဲကွာ...ညဘက်အားတဲ့ချိန် Vd call ပြောလို့ရပါတယ်" ဟု ပြောကာ နှစ်သိမ့်ပေး
လိုက်သည်။
Mewသည်လည်း အိမ်ပြန်ရောက်သော် ထမင်းစားပြီးလျှင် ပါပါး နဲ့ မာမားကို အဆောင်နေရမည့် ကိစ္စပြောပြလိုက်သည်။ ပါပါးက ဂရုစိုက်ပြီး နေမကောင်း
မဖြစ်ဘဲ နေရန်ပြောကာ မာမားကတော့ လိုအပ်သည်များ
ကို ပြင်ဆင်ပေးနေသည်။ညီမလေးကတော့ အဆောင်မှာ
စားရန် သူလုပ်ထားသည့် ကွက်ကီးများ ထည့်ပေးနေသည်။မသိလျှင် ကျောင်းအဆောင်သွားနေမည့် ကလေးနှင့် တူနေသည်။ထည့်စရာပြင်ပြီးလျှင် မနက်ဖြန် စောစောသွားရမည် ဖြစ်၍ တန်းအိပ်လိုက်တော့သည်။
မနက်စောစော Mew အဆောင်သို့ရောက်သော်
လူတော်တော်များများ ရောက်နေကြပြီ။မိမိနှင့် အတူ
နေရမည့် ပေါက်စလည်း သူ့အဖေအမေနှင့် ရောက်နေ
နှင့်ပြီ။P'Mayက အားလုံးကို နှုတ်ဆက်ကာ ကိုယ်စီ
နေရမည့် အခန်းနံပါတ်များ ရှိရာ ပြောကာ သော့များခွဲ
ပေးသည်။ပေါက်စကလည်း မိမိနားရောက်လာသဖြင့်
ပြုံးပြကာ P'May ဆီမှ သော့ယူလိုက်သည်။
အိပ်ခန်းများရှိရာ အိပ်ရာတွင် teamမှ လူများမှလွဲ၍
အပြင်လူ ဝင်ခွင့်မရှိသဖြင့် ဖော(အဖေ)နှင့် mae(အမေ)
ကို နှုတ်ဆက်ကာ အတူနေရမည့် အကိုနားသို့ သွားရပ်နေ
လိုက်သည်။အကိုက သော့ရပြီးသည်နှင့် "အခန်းကို သွားကြမယ်"ဟု ပြောလာသဖြင့် အထုပ်တွေ မရန်ပြင်တော့
သည်။ အဲ့မှာ ပြသာနာက စပါပြီ။ အထုပ်တွေက လာတုန်း
က ဖောနဲ့ mae ကူသယ်ခဲ့၍ မများသော်လည်း
ခရီးဆောင်အိတ် ၂လုံးနှင့် ကျောပိုးအိတ် ၁လုံးကို သယ်၍
၃လွှာကို တက်ရန် တွေးရင်းမောလာသည်။ အကိုကတော့
ခရီးဆောင်အိတ် တစ်လုံးနှင့် ကျောပိုးအိတ် တစ်လုံးသာ
ဖြစ်၍ အဆင်ပြေနေသည်။
"အခန်းကိုသွားကြမယ်" ဟုပြောလိုက်သော်လည်း
ပေါက်စက အပေါ်ကို မော့ကြည့်လိုက် သူ့အထုပ်တွေကို
မျက်မှောင်ကျုံ့ကြည့်လိုက်နဲ့ ခရီးဆောင်အိတ်များနှင့်
အကြည့် စစ်တိုက်နေသည်။ဒီလိုနဲ့ နေပူ လာရင် ပိုပင်ပန်း
မည် စိုးရိမ်သဖြင့် သူ့ခရီးဆောင်အိတ် တစ်အိတ်မကာ
တက်လာလိုက်သည်။ပေါက်စဘာတွေတွေးနေပြန်လဲမသိ
ကြောင်တောင်တောင်လေးနဲ့ နောက်ကလိုက်လာသည်။
အကိုက အိတ်တစ်လုံးလာသယ်ပေးသော်လည်း
သူ့မှာလည်း အိတ်ပါသဖြင့် အားနာလာသည်။"ရပါတယ်"
ဟု ပြောလိုက်လျှင်လည်းအကိုကမသယ်ပေးတော့မှာစိုး၍
ဘာမှမပြောဘဲ နောက်ကလိုက်လာလိုက်သည်။အခန်းရောက်သော် အခန်းက အရမ်းကြီးတော့ မကျဉ်းပေ။
အခန်းတံခါးဖွင့်ဖွင့်ခြင်း ညာဘက်မာ ရေချိုးခန်း၊အိမ်သာ ပါသည်။ပြီးလျှင် တစ်ယောက်အိပ်ခုတင်လေးနှစ်လုံးနှင့် ခုတင်နှစ်လုံး၏ ခြေရင်းတွင် ဗီရို အလတ်လေးတစ်လုံး
ပါသည်။ဝရံတာလေးပါပြီး ဝရံတာဘေးတွင် စားပွဲ
တစ်ခုနှင့်ထိုင်ခုံလေးနှစ်လုံးပါသည်။
Mew မှ အထုပ်များချကာ "ဗီရိုကို ညီပဲ သုံးလိုက်ပါ
အကို luggage ထဲပဲ ထားလိုက်မယ်"ဟု ပြောလိုက်သည်။
"ဗီရိုကို တစ်ယောက်တစ်ဝက် ထည့်ပြီး ကျန်တာကို အိတ်ထဲ ဒီတိုင်းထားကြရအောင်အကို" ဟု ပေါက်စက
ပြောလေသည်။"ဟုတ်ပြီ"ဟု ပြောကာ အထုပ်များနေရာချကြသည်။ချပြီးသော် P'Mayက အစည်းဝေးခန်းထဲ
လာရန် အခန်းထဲမှ ဖုန်းကို ဆက်ပြောလာသည်။
နှစ်ယောက်သား အစည်းအဝေးခန်းထဲ ရောက်ချိန်တွင်
လူစုံနေပြီဖြစ်သည်။ P'Mayမှ တစ်ယောက်ချင်းစီကို
တစ်နေ့တာအချိန်ဇယား ဝေပေးသည်။ ပေါက်စနှင့်
ကျွန်တော်မှာ တစ်ခုမှလွဲ၍ ကျန်တာအားလုံးတူတူပင်။
မတူသည်မှာ ကျွန်တော်က ဒရမ်တီးတာ လေ့ကျင့်မည့်
အချိန်တွင် ပေါက်စက ဘောလုံးကန်ရမည်ဖြစ်သည်။
Workshop ကို အချိန်မှီ လာရန်နှင့် အချိန်ဇယားအတိုင်းမနက်ဖြန်စမည်ကို ပြောပြီးနောက် အစည်းအဝေး
သိမ်းသည်။နှစ်ယောက်သား အခန်းကို ပြန်လာကာ
ကျွန်တော်က ရေအရင်ချ်ိုးလိုက်သည်။ ပေါက်စက တော့
အိပ်ရာပေါ်လှဲကာ ဂိမ်းဆော့နေသည်။ ကျွန်တော်ချိုးပြီးသည် အထိ ဂိမ်းဆော့မပြတ်သေးပေ။ " ညီ ရေချိုးလေ
နေ့လည်စာ စားရဦးမယ်"ဟု ပြောမှ "ဟုတ်"ဟုဆိုကာ ထသွားသည်။ ကိုယ့်ဟာကို ရုတ်တရက် ကလေးထိန်းနေ
ရသည်ဟုပင် ခံစားလာရသည်။