Unicode
ပေါက်စတစ်ယောက် ဆေးခန်းမှ ပြန်လာသော်
သရုပ်ဆောင်လေ့ကျင့်ရန် ပြင်ကြသည်။ မနေ့က
လေ့ကျင့်ထားမှုကြောင့် နှစ်ယောက်သား ရှက်နေခြင်း
မရှိဘဲ အဆင်ပြေစွာ ပြီးသွားသည်။ ညီက ကာရိုက်တာ အရ ဘောလုံးကန်နေစဉ်တွင် ကျွန်တော်က ဒရမ်တီးတာက်ို သင်ယူရသည်။နှစ်ယောက်သား လုပ်စရာများပြီး၍
ညနေစာ စားကာ အဆောင်ပြန်လာချိန်တွင် မိုးပင်ချုပ်နေ
ပြီ။
ကျွန်တော်လည်း မနက်ဖြန် လုပ်စရာများကို ပြင်ဆင်ပြီးလျှင် ရေချိုးတော့သည်။ ညီကတော့ ဝရံတာ
ထွက်ကာ ဖုန်းပြောနေသည်။ရေချိုးပြီး၍ ထွက်လာသော်
လည်း ညီက ဖုန်းပြောမပြီးသေးချေ။
ကျွန်တော့ mewlions လေးများ မျှော်နေကြမည်ကို
သိသဖြင့် twitter မှာ update ပေးရဦးမည်။သူတို့အတွက်
" flash light" သီချင်းလေး တင်ကာ လုပ်စရာရှိတာများ
လုပ်နေတော့သည်။
Poom (Gulf's gf) မှ ဒီအပတ် စနေနေ့ သည်နှစ်နှစ်
ပြည့် Anniversary ဖြစ်၍ အပြင်ထွက်လို့ အဆင်ပြေလျှင်
တွေ့ရအောင် ပြောလာသည်။ အကို့ကို ဒီပိတ်ရက်ကျ
ထမင်းဝယ်ကျွေးမည်ဟု ပြောထားသည့်အပြင် P' May ကိုလည်း အနေအထိုင်ဆင်ခြင်မည်ဟု ကတိပေး
ထားသဖြင့် "ထွက်လို့အဆင်မပြေလောက်ဘူး Babe
အကိုတစ်ယောက်နဲ့ကလည်း ချိန်းထားပြီးသားဖြစ်နေ
တယ် တကယ် တောင်းပန်တယ်နော် " ဟု ပြောလိုက်ရာ
စိတ်ကောက်ပြီး ဖုန်းချသွားသည်။ ထပ်ခေါ်သော်လည်း
မရ။ဆက်တိုက်ချပစ်နေတာနှင့် စိတ်ဆိုးပြေမည့် အချိန်
လောက်မှ ထပ်ခေါ်မည်ဟု ဆုံးဖြတ်ကာ ဆက်မခေါ်တော့။
ဝရံတာဘက်မှ အထဲသို့ ပြန်ဝင်လာသော် အကိုက အိပ်ရာပေါ်တွင် ဖုန်းသုံးနေသည်။ ရေချိုးပြီး၍
အိပ်ရာပေါ်တက်ကာ ဖုန်းသုံးနေလိုက်သည်။ လျှပ်စီးလက်
မိုးကြိုးပစ်တာ ကြောက်သော ကျွန်တော့အတွက်
မိုးနတ်မင်းကြီးမှ ရက်စက်လေပြီ။ လျှပ်စီးတွေလက်
မိုးတွေ တရစပ် ခြိမ်းနေတော့သည်။ ဒီညတော့ အိပ်မရမှာ
သေချာနေပြီ။ မနက်စောစော မထနိုင်မည့်တူတူ မအိပ်ပဲ
နေတော့မည်။ လျှပ်စီးလက်တာ မြင်ရင် ဆံပင်ကို အမြန်
စမ်းရသေးသည်။ မိုးကြိုးမပစ်ခင် ဆံပင်တွေ ထောင်လာသည်ဟုကြားဖူးသည်။ အမြန်စမ်းလိုက်သော်လည်း
ဆံပင်တွေထောင်မလာသေး။မိုးကြိုးတော့မပစ်သေးဘူး
ထင်သည်။ လူကတော့ မိုးခြိမ်းသံတွေကြောင့်
ကြောက်ကာ တစ်ကိုယ်လုံးတုန်လာသည်။
ခါတိုင်း မိုးရွာလျှင် Mae (အမေ)တို့အခန်းထဲ
ဝင်ပြေးကာဖက်အိပ်နေကျ။ အိမ်လွမ်းပြီးရုတ်တရက်ကြီး
ငိုချင်လာသည်။
မိုးတွေခြိမ်းနေသော်လည်း ဝရံတာလိုက်ကာတွေ
မပိတ်ဘဲ ညီက ကောင်းကင်ကို လှမ်းကြည့်နေသဖြင့်
ထမပိတ်တော့ပေ။ ညီကတော့ ရေချိုးပြီးချမ်း၍လား
မသိ။တုန်နေသည်ဟု ထင်သည်။ မိုးခြိမ်းနေသဖြင့်
အင်တာနက်မသုံးတော့ဘဲ သီချင်းနားထောင်ကာ
အိပ်လိုက်တော့မည်။ရုတ်တရက် စောင်ကို တစ်ကိုယ်လုံး
ပတ်ပြီး ခေါင်းလေးတင် ဖော်ထားသော ပေါက်စ
တစ်ယောက် ခုတင်နားလာရပ်လေသည်။
လန့်ပြီး ထတောင်ထိုင်မိသည်။ "အကို ကျွန်တော်
မိုးခြိမ်းတာကြောက်လို့ အကိုနဲ့လာအိပ်လို့ရလားဟင်"
ဟု မျက်နှာငယ်လေးဖြင့် ပြောလာသည်။ ထိုမျက်နှာ
ငယ်လေး အား ဘယ်သူက ငြင်းနိုင်မလဲ သိချင်သည်။ခက်သည်က လူနှစ်ယောက်လုံး သေးသေးညှက်ညှက်
လေး မဟုတ်။ နှစ်ယောက်လုံး အရပ် ၆ပေကျော် ကလန့်
ကလားတွေ။ ခုတင်ပေါက်စလေးနဲ့ လုံးဝ ဆန့်မာ
မဟုတ်ချေ။နှစ်ယောက်ထဲက တစ်ယောက် ကျိန်းသေမလွဲ
ပြုတ်ကျလိမ့်မည်။
" ညီ နှစ်ယောက်လုံးသာ ဒီကုတင်ပေါက်စပေါ် အိပ်ရင် ပြုတ်ကျလိမ့်မယ် ခုတင်တွေ ပူးပြီး
အိပ်ကြမယ်လေ " ဟု ပြောလိုက်မှ မျက်နှာငယ်လေးက
ပြုံးလာသည်။ ခုတင်တွေပူးထားသော်လည်း ဟိုဘက်
ခုတင်မှာ သနားစရာပင်။ ပေါက်စက ဒီဘက်ခုတင်ကို
သာ တိုးကပ်အိပ်လေသည်။ တကယ့်ကို မိုးခြိမ်းတာကို
ကြောက်သည်ထင်သည်။လူအနားကို တအားကပ်လာ
သည်မှာ ပေါက်စတစ်ကိုယ်လုံးပင် ရင်ခွင်ထဲ
ရောက်နေလေပြီ။ ကြောက်၍ အိပ်မပျော်ဘူးထင်သည်။
ရင်ထဲက အကောင်ပေါက်လေးက ဟိုလှိမ့် ဒီလှိမ့် လုပ်နေ
သည်။
ပေါက်စခေါင်းလေးကို လက်မောင်းပေါ်
တင်လိုက်ပြီး နောက်တစ်ဖက်ဖြင့် ကျောကို သာသာလေး
ပုတ်ပေးလိုက်မှ ငြိမ်ကျသွားသည်။ပေါက်စက အိပ်သွား
သော်လည်း မိမိမှာ အခုလိုမျိုး လူတစ်ယောက်နှင့်
ပူးကပ်မအိပ်ဖူးသဖြင့် ထူးဆန်းနေကာ အိပ်မပျော်တော့
ချေ။ ပေါက်စ အိပ်နေသည်မှာ လုံးလုံးကွေးကွေးလေးနှင့်
Chopper နဲ့ပင် တူလာသည်။ ကျောကို ပုတ်ပေးနေတာ
ရပ်လိုက်သည်နှင့် ရင်ခွင်ထဲက ပေါက်စထံမှ အသံလေးများ ထွက်လာသည်။ တအီအီနှင့် ဘာပြောနေသည်လဲ
မသဲကွဲ။ နှိုးသွားမှာ စိုးသဖြင့် လက်ကိုမရပ်ဘဲ ဖွဖွလေး
ပုတ်ပေးနေရသည်။