Part - 1

2.8K 126 15
                                    

[ Zawgyi ]
----------------

ရာသီဥတုသာယာတယ် မသာယာဘူးဆိုတာ လူတစ်ယောက်ရဲ့စိတ်ခံစားချက်ပေါ်မူတည်တယ်လို့ပြောရင်ယုံလိုက်ပါ ။ စိတ်ညစ်ကိစ္စတစ်ခုခုနဲ့ကြုံနေရတဲ့သူဆို နေဘယ်လောက်သာသာ " အားနေ ဒီနေကလည်းပူနေတော့တာပဲ " ဆိုပြီး ဗျစ်တောက်ဗျစ်တောက်ပြောမှာဖြစ်သလို မိုးရွာပြန်ရင်လည်း " ဒီမိုးကလည်း အချိန်တိုင်းကိုရွာနေတာပဲ " ဆိုပြီး အပစ်မြင်ကြအုံးမှာ ။

အယ် ပျော်စရာတစ်ခုခုရှိနေတဲ့သူဆိုရင်တော့ အရာရာက လွှတ်ကိုလှနေတော့တာပေါ့ ။ နေတွေကျစ်ကျစ်တောက် ပူနေလည်း သူ့စိတ်ထဲရာသီဥတုကသာယာချင်သာယာနေမှာဖြစ်သလို ၊ မိုးရွာနေရင်လည်း " အော် ငါ့ကို ငြိမ်းချမ်းစေချင်တဲ့သဘောနဲ့သိကြားမင်းကတောင် သဘောကောင်းပေးနေပါလား " ဆိုပြီးတွေးနေမဲ့သူ ။ လင်မယားရန်ဖြစ်တာကအစ ခွေးဟောင်နေတာအဆုံး ထိုသူ့အတွက်တော့အရာရာဟာစိတ်ကြည်နေစရာလို့တွေးတယ်ဆိုမှတော့ ရာသီဥတုဟာလည်းသူ့စိတ်ရဲ့စေရာတိုင်းပဲဖြစ်နေမယ်ဆိုတာ မဟုတ်ပါရောလား ။

ယခုလည်း အဲ့လိုပါပဲ ။

Airport ထဲမှာလူတွေရောင့်ယှတ်ခတ်သွားလာနေတာကိုပင် မျက်စိပဿာဒဖြစ်လိုက်တာ … အမြင်တင့်လိုက်တာလို့ထင်နေတဲ့သူတစ်ဦးလည်းရှိတယ် ။

အဲ့လူကတခြားသူမဟုတ် ။ မကြာခင်မှာ မြန်မာပြည်ကိုပြန်လာတော့မဲ့သားဖြစ်သူကို လေဆိပ်မှာလာကြိုသည့် ဦးရဲမာန်အောင် ။ တစ်နာရီလောက်ကြိုရောက်ပြီးရပ်စောင့်နေရတာကိုတောင် သူ့ခမျာပင်ပန်းတယ်ဟုမထင် ။ လည်ပင်းတဆန့်ဆန့်နဲ့ gate ကနေထွက်လာသမျှသူတိုင်းကိုလိုက်ကြည့်နေတာ မကြာခင် သစ်ကုလားအုတ်ကပင် အဘေးခေါ်ရတော့မည် ။

" ဒီအချိန်ဆိုထွက်လာသင့်ပြီမဟုတ်လား မသူဇာ "

သက်ပျင်းရှည်ကြီးချပြီး ဘေးမှဇနီးမယားဖြစ်သူကိုလှမ်းပြောတာ ဒါနဲ့ဆို ၅ ခေါက်မြောက်ရှိနေပြီ ။

ဒေါ်သူဇာလင်းပင် သူမရဲ့လင်တော်မောင်ကိုစိတ်မကြည်ချင်တော့ ။ သိသိသာသာပင်မျက်စောင်းထိုးပစ်လိုက်ကာ ခပ်ငေါက်ငေါက်ပြန်ဖြေလိုက်တယ် ။

My Friend Is My Father In Law ( Complete ) [ ZG & Uni ]Wo Geschichten leben. Entdecke jetzt